By သင့်လူ on March 9, 2010
အစောင့်တွေ သူတို့ကို မမြင်ပါစေနှင့် ဟု ပစ်ကြိတ်၍ဆုတောင်းနေမိသည်။ တစ်ကိုယ်လုံးအမည်းရောင် ရေငုတ်ဝတ်စုံ ကို ဝတ်ဆင်ထားပြီး မဟူရာညအမှောင်၏ အကာအကွယ်ကိုယူ၍ အေးစက်မဲမှောင်သည့် ရေထဲတွင်နေရသှောလည်း မီးရောင်များ ထိန်ထိန်လင်းနေသော သဘေဿငာကျင်းနားသို့ကပ်လာရသောအခါ သိပ်ကျောမလုံချင်။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ကံကြမဿမာ အင်တာပရိုက်စ်, ဘာသာပြန်, အတဿတလန်တစ်
By သင့်လူ on February 22, 2010
ပစ်နှင့် အယ်လ်တို့သည် ကျဉ်းမြောင်းသော တောင်ကြားလမ်းကလေး၏ထွက်ပေါက်သို့ရောက်ရှိရန် ကိုက်တစ်ရာမျှ လမ်းလျှောက်ရ၏။ တောင်ကြားလမ်းမှ ထွက်သည်နှင့်တပြိုင်နက် ရေပြင်ကိုတွေ့ကြရသည်။ အနောက်ဖက်ကမ်း သည် အိပ်စ်မောက်တောင်တန်း၊ အရှေ့ဖက်ကမ်းသည် သေမင်းတမန်ရေခဲတောင်စွယ်များ၊ ဝုဖ်သဘေဿငာကျင်းနှင့် မြို့ကြီးတစ်ခုစီမျှ ကြီးမားလှသည့် သဘေဿငာကြီးလေးစီးတည်ရှိရာ သူတို့သွားရမည့်အရပ်ကား ရေပြင်၏ မြောက်ဖက် ကမ်း။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ကံကြမဿမာ အင်တာပရိုက်စ်, ဘာသာပြန်, အတဿတလန်တစ်
By သင့်လူ on February 4, 2010
လွန်ခဲ့သည် နာရီနှစ်ဆယ်တုန်းကတော့ ပစ်နှင့်အယ်လ်တို့သည် ဤနေရာမှ မိုင်ခြောက်ထောင်ကွာဝေးသော အသုံးလုံး ရုံးချုပ်ရှိ ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာ၏ ရုံးခန်းအတွင်း၌ လက်တစ်ဆုပ်စာ လူတစ်စုနှင့်အတူရှိနေခဲ့ကြသည်။ သူတို့မျက်နှာများသည် စိုးရိမ်၊ သောက၊ ဗျာပါဒ အငွေ့အသက်များ လိမ်းကျံလျှက်။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်
By သင့်လူ on February 3, 2010
ကျောင်းဖွင့်ချိန်
“ကျောင်းဖွင့်ရင် ရည်းစားလေးကို ခေါ်ပြီး ဦးချစ်လဘက်ရည်သွားသောက်မယ်” တဲ့။ သူတို့ ငယ်ငယ်က အောင်မြင် ကျော်ကြားလှသော အဆိုတော်ကြီး ကိုင်ဇာ၏ သီချင်းချိုချို တစ်ပုဒ် ရှိခဲ့ဖူးသည်။ အခု ထိုင်းနိုင်ငံ ဘန်ကောက် မြို့ တော် ချူလာလောင်ကွန်တော်ဝင် တက္ကသိုလ်ကြီးတွင် ကျောင်းတက်နေရသော သူ့အတွက် preliminary course ခေါ်ပဏာမ သင်တန်းများပြီးဆုံး၍ မဟာဘွဲ့အတွက် တကယ့်အစစ်အမှန် သင်တန်းများ စပါချေပြီ။
Posted in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ | Tagged မှတ်မှတ်ရရ
By သင့်လူ on February 2, 2010
ကတ္တီပါည၏ အမှောင်ထုထဲတွင် မတ်စောက်လှစွာသော တောင်နံရံကြီးများသည် မိုးထိုးနေ၏။ အင်ဒီးစ် တောင်တန်း၏ အနောက်ဖက်ခြမ်းရှိ ပေ ၁၁၈ဝဝ မြင့်သည့် စာရိုမူရာလန်တောင်ထိပ်သည် အမြဲတစေ ဆီးနှင်းများ ဖုံးလွှမ်းလျှက် ရှိသည်။ ညသည် တိမ်ကင်းစင်လျှက်ရှိပြီး ကောင်းကင်သည် ကြည်လင်လွန်းလှသည်။ ကြယ်များ၏ အလင်းရောင်အောက်ဝယ် မတ်စောက်လှသော တောင်နံရံတွင် တရွေ့ ရွေ့ သွားနေသော ယာဉ်ကလေး တစ်စီးကို တွေ့ရ၏။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ကံကြမဿမာ အင်တာပရိုက်စ်, ဘာသာပြန်
By သင့်လူ on January 1, 2010
ကမဿဘာဦးကျမ်း အခန်း (၇)
ထိုနောက်၊ ထာဝရ ဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလ အမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍၊ သင်၏အိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ကြလော့။ မြေကြီးပေါ်မှာ တိရစ္ဆာန် အမျိုးမပြတ် ဆက်နွှယ်စေခြင်းငှါ၊ စင်ကြယ်သောသားမျိုး၊ တမျိုးတမျိုး တွင် အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောသားမျိုး တမျိုးတမျိုးတွင် လည်း အထီးအမ နှစ်စုံစီ၊ မိုဃ်းကောင်းကင် ငှက်၊ တမျိုးတမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးအသီး တို့ကို သိမ်းယူရမည်။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ကံကြမဿမာ အင်တာပရိုက်စ်, ဘာသာပြန်, လိုရမ်စမစ်, အတဿတလန်တစ်
By သင့်လူ on December 24, 2009
ပစ်ဆေးခန်းထဲမှ ထွက်လာတော့ ညနေစောင်းနေပြီ။ အသုံးလုံးဋဿဌာနချုပ်ကို ပြန်သွားမည့်အစား သူ၏ ကားဂိုဒေါင်အိမ် သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူခေါင်းတွေ ရှုပ်လှပြီ။ အချိန်ပေး၍ အနားယူဖို့လိုအပ်နေပြီ။ ဝါရှင်တန်၏ နာမည်ကျှော ညနေခင်းကားလမ်းပိတ်ဆို့မှုကြီးကို စိတ်မရှည့်တရှည်ဖြင့် ကျှောဖြတ်ခဲ့ရင်း နောက်ဆုံးအိမ်သို့ရောက်ခဲ့ သည်။ အိမ်ရှေ့ရောက်ရောက်ချင်း အိတ်ထဲမှ ဂလိုဘယ်စတား ဖုန်းကမြည်လာ၏။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်, အတဿတလန်တစ်
Page 1 of 1812345»10...Last »
Recent Comments