2008
You are browsing the archive for 2008.
ကြောင်ကို ချူဆွဲကြသူများ (၁)
တောကြီး မျက်မည်း အတ္တ ဈေးကွက် အိုဘယ့် ဈေးကွက် ခုခေတ်က ဘယ်သူ ဘာပြောပြော ဈေးကွက် စီးပွားရေး ခေတ်။ နီ၊ ဝါ၊ ပြာ၊ စိမ်း ဘယ်လို နိုင်ငံရေး စံနစ်ကို ကျင့်သုံး နေပါစေ၊ စီးပွားရေး မှာတော့ မားကတ် အီကော်နော်မီ က တစ်ရွေးသား မှ မလျှော့ကြ။ ဟိုမှာဖက် ဆီက ဂန္ဓာလရာဇ် နဂါးကြီး ကလည်း မားကတ်။ ဒီမှာဖက် ဆီက မစ္ဆျိမ ဆွေတော် မျိုးတော် တွေကလည်း မားကတ်၊ မာ့စ်ဝါဒ နဲ့ မျက်နှာ သစ်ပြီး မျှော်ပေမဲ့ ပေါ်မလာ၊ အတော်ကြာ ဇာတ်ခင်း သွားတဲ့ အရှေ့က ထွက်မဲ့ နေမင်းကို မျက်ကွယ် [...]
Examination (3)
စာ မေး ပွဲ (၃) (၁) Examinations are necessary evils. သိုးဆောင်း ပညာရေး ပါရဂူ ကြီးများက စာမေးပွဲကို ထိုသို့ ချီးမွမ်း ခြေကျောက် ပြောခဲ့ ရေးခဲ့ကြသည်။ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေည များတွင် စာမေးပွဲညများ မပါဝင်ဖို့ ကျိန်းသေသလောက်ရှိသည်။ ချောက်ချား ဖွယ်ကောင်းသော၊ စိုးထိတ်ကြောက်လန့်ဖွယ် ဖြစ်သော၊ မူးဝေ ဖျော့တော့အားနည်းသော၊ စိတ်နှင့် ကိုယ်နှင့် မကပ်သော၊ အချိန်နှင့် အမျှ စိတ်ဆင်းရဲရသော ညများသည် အဘယ်မှာ လွမ်းမောဖွယ် ကောင်းလိမ့် မည်နည်း။ လွမ်းမောဖို့ နေနေသာသာ တွေးကြည့်တာနဲ့တင် အော်ဂလီဆန်စရာ ကောင်းတော့သည်။
Examination (2)
စာ မေး ပွဲ (၂) (၁) စာမေးပွဲ အမျိုးမျိုး ရှိ၏။ ထို အမျိုးမျိုးသော စာမေးပွဲ တို့ကို မရိုးရအောင် အစွမ်းကုန် ကျင်းပသည် ကတော့ ဆေးတက္ကသိုလ် များပင်။ လူတကာ သိသည့် ရေးဖြေ စာမေးပွဲ မှာပင် အမေး နွားကျောင်းသား။ အဖြေ ဘုရားလောင်းပုံစံ နည်းနည်း မေးပြီး များများ ဖြေရသည့် essay type ပုံစံ၊ သိသမျှ တိုတို ရှင်းရှင်း ချရေးရ သည့် multiple short question (MSQ) ပုံစံ၊ တစ်ခုမေး တစ်ခုဖြေ၊ မှန်ရင်နေ၊ မှားရင် သေရမည့် multiple choice question (MCQ) ပုံစံ၊ ဘွဲ့လွန် [...]
500 days in Dvaravati (15)
ဒွါရာဝတီမှာရက်ငါးရာ (၁၅) ချူလာ နှင့် အန်နာ၊ မင်းတုန်းနှင့် ဆရာမှတ် စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး သူ အပြင်မထွက်ဖြစ်။ ကိုးန၀င်း အခန်းထဲမှာ အောင်းနေ၏။ စားသောက်ဆိုင်ကို ဖုန်းဆက်ပြီး စားချင်တာ မှာစားသည်။ တီဗွီ ကြည့်သည်။ စာအုပ်ဖတ်သည်။ တစ်သက်လုံး တောင့်တ ခဲ့သော တစ်ယောက်တည်း နေချင် သလိုနေရသည့် အခွင့် အရေးကို အပြည့်အ၀ ရယူနေသည့်နှယ်။ တိုက်တိုက်ဆိုင်ဆိုင် လို့ပဲ ပြောရမလား။ တီဗွီမှ The king and I ဇာတ်လမ်းလာနေသည်။ ထိုင်းရဲ့ ဂန္တ၀င်မြောက် အလှည့်အပြောင်းတို့ ကို မှတ်တမ်းတင်ရင်း အနောက်လွှမ်းမိုးမှု ကို သိမ်မွေ့စွာ မီးမောင်းထိုးပြသည့် ချူလာ လောင်ကွန် ဘုရင် နှင့် အင်္ဂလိပ်စာ [...]
Examination (1)
စာ မေး ပွဲ (၁) (၁) နာမည် ကိုက ကြောက်စရာ။ စာတွေ ကိုအပြတ် မေးမည့်ပွဲ။ “ရရင်ရ၊ မရ ရင်ကျ” မည်က သေချာ လှ၏။ (၂) ဘ၀ မှာ စာမေးပွဲ ပေါင်းများ စွာ ကိုကြုံတွေ့ ခဲ့ဖူးပြီ။ ပီတိ ကလေး ပုစိကွေး ဘ၀ မှသည် ခေါင်း ကြာဇံ ပေါက်သည် အထိ စာမေးပွဲ အသင်္ချေ နှင့် စစ်ခင်း ခဲ့ ရပြီးပြီ။ တစ်ခါ တစ်လေ ပြုံး၊ တစ်ခါ တစ်လေ မဲ့၊ တစ်ခါ တစ်လေ တော့ နေသေး သပ၊ ခြုံထဲ ကချိုသွေး တမြမြ။ ချောက်အိပ်မက် [...]
500 days in Dvaravati (14)
ဒွါရာဝတီမှာရက်ငါးရာ (၁၄) တိုက်ကား Thailand International Corporation Agency အတိုကောက် TICA ကို သူက ဗြိတိသျှ အသံထွက်ဖြင့် တီကာဟု ဖတ်မိသော်လည်း ဆရာသမား ဦးခေါင်းဖြူနှင့် အဖွဲ့က အမေရိကန် အင်္ဂလိပ်သံဖြင့် တိုက်ကားတဲ့။ သူ့ကို ထောက်ပံ့မည့် ငွေကြေး စာရင်းများကို စိတ်ရှည်လက်ရှည်ရှင်းပြနေကြရှာသည်။ ကျောင်းစရိတ် ဘတ် ခြောက်သိန်းခွဲ (ဒေါ်လာ နှစ်သောင်းကျော်)၊ ချူလာလောင်ကွန် တက္ကသိုလ်ဘဏ်စာရင်းသို့ တိုက်ရိုက် လွှဲမည်ဖြစ်သဖြင့် သူနှင့်ဘာမှ မဆိုင်။ နေ စရိတ် တစ်လ ဘတ် ခုနှစ်ထောင်၊ ဒါလည်း ရန်နန်အိမ်ယာကို တိုက်ရိုက်ပေးအပ်မည်ဖြစ်သဖြင့် မျက်မွှေးထော်၍ပင် မော်ကြည့်ခွင့် မရှိ။ သူနှင့်ဆိုင်သည်က တစ်လ အသုံးစရိတ် အဖြစ်ပေးမည့် ဘတ် ခုနှစ်ထောင်မျှသာ။ ရောက်ခါစမှာ [...]
500 days in Dvaravati (13)
ဒွါရာဝတီမှာရက်ငါးရာ (၁၃) ဂျိဒယ်၊ ဂျိဒယ် စိတ်လက် မကြည်သာစွာဖြင့် အိပ်ရာ ကနိုးလာသောသူ။ နံနက်ခင်းသည် နေရောင်ခြည်များ ၀င်းလက် ထိန်တောက်လျက်။ နုံးနုံး ချိချိ မျက်နှာသစ်၊ ဆူဆူ အောင့်အောင့် ရေချိုး။ ဆောင့်ကြီး အောင့်ကြီး အ၀တ်လဲ။ ငေးငေး ငိုင်ငိုင် နံနက်စာစား။ တကယ်တော့ ငယ်စဉ် ကကျောင်းမတက်ချင်၍ မိဘကို ခြေဆောင့် ငိုယို ဆန္ဒပြသည့် ကလေးငယ်များ၏ အချိုးမျိုး လုပ်နေမိ ခြင်းပါ။ အမှန်တကယ်လည်း ကျောင်းသွားချင်စိတ် လုံးဝမရှိ။ တစ်ရက်စာသည် တစ်သက်တာ အတွက်ဖူလုံ ပြည့်စုံ နေသလို။ ကိုယ်တတ်သိ နားလည်သော ပညာကို အဆင့်မြင့်မြင့် ဆက်လက်သင်ယူနေရခြင်းမျိုး မဟုတ်။ သူ့အဖြစ်က ကြားဖြတ်ပြီး ရုပ်ရှင် လက်မှတ် တန်းစီမိသလို ဖြစ်နေ၏။ [...]
500 days in Dvaravati (12)
ဒွါရာဝတီမှာရက်ငါးရာ (၁၂) ပေဖြစ်ရင်ခံ လုမ္ဗိနီ ဥယျာဉ်ရှေ့ ဘတ်စ်ကား မှတ်တိုင်မှ ချူလာလောင်ကွန် တက္ကသိုလ်သို့ သွားရာလမ်းမှာ မသွားမှီက ရောက်နှင့်သည် လို့ ပြောရမလား။ ကားလမ်းတစ်ခုသာခြားသည်။ ကားတွေက တရမန်းကြမ်း။ ရန်သူ လိုက်လာသည့်နှယ် အပြင်းအထန်မောင်း နေကြသည်။ ဘယ်လိုများကူးရပါ့။ ဒေါက်တာဆမ်နန်းက လူကူးမျဉ်းကြားရှေ့ တွင်ရပ်၏။ ပြီးတော့ မျဉ်းကြားထိပ် တည့်တည့် တွင်ရှိသော တိုင်တစ်ခုမှ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ မီးနီပြပြီးကားတွေရပ်သွားတော့သည်။ ဒီတော့မှ ဂုဏ်ပြုခံ စင်မြင့် ပေါ် ကြွလှမ်းလာသော ရှောင်လင် ဂိုဏ်းချုပ်ကြီး အသွင်ဖြင့် မျဉ်းကြားကို တစ်လှမ်းချင်း လှုပ်တုပ်လှုပ်တုပ် ဖြတ်ကူးလေသည်။ သူလည်း ဂိုဏ်းချုပ်ကြီး အနားမှ သက်တော်စောင့်ကဲ့သို့ ဖ၀ါးခြေထပ်၊ ထပ်ချပ်မကွာ။ မျဉ်းကြား၏ ဟိုဘက်ထိပ်တွင်လည်း အလားတူ ခလုတ်မျိုးရှိ၏။ [...]

