တတိယအင်္ဂလိပ်-မြန်မာစစ်
နှစ်ကြိမ် ရှုံးခဲ့ရတဲ့ အင်္ဂလိပ်ကို တတိယအကြိမ် စစ်တိုက် ရဦးမယ် ဆိုတဲ့ အခါမှာ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ကို နှစ်ကြိမ် တိုင်တိုင် ကာလ ရှည်ကြာ ရောက်ခဲ့တဲ့ ကင်းဝန်မင်းကြီး ဦးကောင်းက လုံးဝ စစ်မတိုက် လိုပါဘူး။ သီပေါနဲ့ အပေါင်းအပါ များကတော့ ဓါးတ၀င့်ဝင့်၊ လှံတပြင်ပြင် လုပ်နေ ကြပါပြီ။ စလေမြို့ စားလှေသင်း အတွင်းဝန်က မိုက်မဲ ဆိုးသွမ်းလှတဲ့ အတွက် လက်မောင်းမှာ နာမည်ရေးပြီး နောင်မဆိုးနဲ့ လို့ စုတ်ထိုး အပြစ်ပေး ထားတဲ့ လူဆိုး လူမိုက် (၇၀၀၀) ကျော်၊ အခြား အမတ်များ ကလည်း ဆွေသားမျိုးသား လို့ အမည် လှလှ ပေးထားတဲ့ သခင်ထားရာနေ၊ စေရာသွား၊ သေဆို သေရမဲ့ အသေခံ ဗမာကာမိ ကာဇေ (၃၀၀၀) ကျော်ကို စစ်ပွဲအတွက် ရည်ရွယ် စုဆောင်း ကြတယ်။ အင်္ဂလိပ်ကို အသေခံ ချမယ် ပေါ့လေ။
လက်နက်ကို ကြည့်တော့ အင်္ဂလိပ် ဘက်က တစ်ခါ ပစ်ရင် ကိုက် (၁၂၀၀) ကနေ (၁၅၀၀) ထိ ရောက်တဲ့ ရိုက်ဖယ် သေနတ် ကိုယ်စီ ကိုင်နိုင်တဲ့ အချိန်မှာ ရွှေမြန်မာတို့ ဖက်က တစ်ခါပစ်ရင် (၈၇၅) ကိုက် အနိုင်နိုင် ရောက်တဲ့ တစ်လုံးထိုး ရှေ့ဆွဲ ဗထက်ချိုင့် သေနတ်ကို သုံးယောက်ကို တစ်လက်နှုန်း မျှကိုင် နေရပါတယ်။ အင်္ဂလိပ်က တစ်ခါပစ်ရင် အနည်းဆုံး ခြောက်မိုင် ရောက်တဲ့ စက်အမြောက်တွေနဲ့ မိုးမွှန်အောင် ပစ်နေ ချိန်မှာ တစ်မိုင်လောက် ဘုရားစူး ပြေးတဲ့ မီးစကြာကောက် ရှေးအမြောက်တွေ ရှိတာမှ အလက် (၁၂၀) ကိုရှေ့တန်း အတွက် အလက် (၂၀) သာပေး လို့ ကျန် တစ်ရာကို နေပြည်တော်မှာ အလှပြဖို့ ချန်ထား ခဲ့သေးတယ်။ ဒီလို အခြေအနေ တွေကြောင့် အသေခံ တိုက်မယ့် “နောင်မဆိုးနဲ” များနဲ့ “ဆွေသားမျိုးသား” များ တစ်ဆွေလုံး တစ်မျိုးလုံး ပြုတ်ကုန် တာပဲ အဖတ်တင် ပါတယ်။ လက်နက် တတ်ဆင် ပေးလိုက်တဲ့ ဗိုလ်နောင်မဆိုး များဟာ ရာသက်ပန် ဆိုးတဲ့ တောပုန်း ဒမြကြီးများ ဖြစ်လာ ခဲ့ပါတယ်။ မြင်းခြံ ခံတပ်မှာ ခုခံကာကွယ် နေတဲ့ ရေတပ် ဗိုလ်ချုပ်ကြီး လှေသင်းအတွင်းဝန်ဟာ လေးနာရီ လောက်ပဲ ခံပစ် နိုင်ခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာ လာခဲ့ရတယ်။ တကယ်တော့ အီတလီ၊ ပြင်သစ်ဆရာတွေနဲ့ စစ်ပညာကို လေ့ကျင့် ထားတယ် ဆိုတဲ့ ဗမာစစ်သားတွေ အနေနဲ့ ဒီထက် ပို ခုခံ နိုင်သင့် ပါတယ်။ ငါတို့က သတ္တိရှိတာပဲ ဆိုပြီး ဘာကိုမှ ကောင်းကောင်း မလေ့လာ၊ မလေ့ကျင့်ပဲ ဆေးလိပ် သောက်လိုက်၊ ဟီလာ တိုက်လိုက်နဲ့ ပျော်ပါး ပေါ့တန်စွာ နေခဲ့တဲ့ အကျိုးကို တတိယ အင်္ဂလိပ်-မြန်မာ စစ်မှာ ခံစားရတာပဲလို့ ပြောချင်ပါတယ်။ စစ်ရောက်မှ မရှုမလှ ခံရပါတယ်။ တကယ်သာ စစ်ပညာကို ပြည့်ပြည့်၀၀ လေ့လာပြီး ကျွမ်းကျင် ကြမယ် ဆိုရင် ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာကြတဲ့ အင်္ဂလိပ် စစ်သင်္ဘော တွေကို တစ်နည်းနည်းနဲ့ ကန္တရ တစ်ပိုင်း ဖြစ်နေတဲ့ ချောက်၊ စလေ၊ မြင်းခြံ ဆိပ်ကမ်းတွေကို ကပ်ရအောင် လုပ်ပြီး ပြောက်ကျား နည်းနဲ့ တိုက်ကြရင် ဗိုလ်နေပူနဲ့ ဗိုလ်ဝမ်းကျတို့က ကူညီ မှာမို့ ဘယ်လို နည်းနဲ့မှ မန္တလေး ဆိပ်ကမ်းကို ဒီလောက် မြန်မြန် ဆန်ဆန် ချီတက် မလာနိုင်မှာ သေချာ ပါတယ်။
သို့သော် ပဒေသရာဇ် တို့ရဲ့ “ငါ့အသက်နဲ့ ခန္ဓာ မြဲပြီး စည်းစိမ်မပျက် နေရဖို့က အဓိက” ဆိုတဲ့ အတွေးအခေါ်ကို အလံဖြူ စောစောတင်ပြီး ရတနာဂီရိမှာ တစ်နှစ် ထောက်ပံ့ငွေ ရူပီး တစ်သိန်းနဲ့ သွားနေဖို့ အလျှင်အမြန် သဘော တူခဲ့တဲ့ မင်းတရား သီပေါ ကို ကြည့်ခြင်း ဟာဖြင့် အလွယ်တကူ သိနိုင် ပါတယ်။ ကိုယ့်နိုင်ငံနဲ့ ပြည်သူ လူထု ဘယ်လို ဖြစ်ကျန် ခဲ့မယ်၊ နယ်ချဲ့ စနစ်ရဲ့ အောက်မှာ ကျွန်သဘောက် အဖြစ် ညစ်ညစ်နွမ်းနွမ်း နေရမယ်၊ စတာ တွေကို စဉ်းစား ဆင်ခြင် သုံးသပ်နိုင် စွမ်းအား နည်းခဲ့တယ်။ ခေတ်၊ စနစ်၊ သင်ကြားခဲ့ရတဲ့ ပညာရေး၊ ကြီးပြင်းလာတဲ့ ပါတ်ဝန်းကျင် တွေကလည်း ဒီလို စဉ်းစား ဆင်ခြင်တုံတရားတွေ ဖြစ်ပေါ်ဖို့ အခါအခွင့် မသင့်ခဲ့တာလည်း အသေအချာ ပါပဲ။
အင်္ဂလိပ်ကို မုန်းတီး ရာမှာလည်း “ငါ့ကို မခန့်လေးစားနဲ့ စော်ကား ကျူးကျော်သူ” အဖြစ်နဲ့ မုန်းတာပါ။ နယ်ချဲ့ အဖြစ်နဲ့ မုန်းတတ် တာမျိုး မဟုတ်ပါဘူး။ အလွန်ဆုံး တွေးနိုင်လှ ငါ့ရဲ့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေကို အင်္ဂလိပ်က သိမ်းပိုက်ပြီး သူ့ ရဲ့ ကျေးတော်မျိုး၊ ကျွန်တော်မျိုး လုပ်လိုက်ပြီ လို့ပဲ ဖြစ်မှာပါ။ ဒါကြောင့် ၁၈၈၂ မှာ အင်္ဂလိပ်နဲ့ မြန်မာ နောက်ဆုံးအကြိမ် မဟာမိတ် စာချုပ်,ချုပ်ဖို့ သရက်အရေးပိုင် Horace Albert Brown (ဗမာအခေါ် သရက်ပြောင်း) နဲ့ တွေ့ဆုံ ဆွေးနွေး ကြစဉ်က ပါးပါးနပ်နပ်နဲ့ စာချုပ်,ချုပ်နိုင် ခဲ့ရမယ့် အစား စိတ်ရင်းအမှန်နဲ့ ဆက်ဆံ၊ ရာဇမဟာမိတ်ပြု၊ ဗမာလိုအပ်တဲ့ လက်နက်ကိုရောင်း ဆိုတဲ့ မဖြစ်နိုင်တဲ့ အချက် သုံးချက်ကို ဇွတ်အတင်း တောင်းဆိုခဲ့လို့ စာချုပ်ပျက် (သူတို့ လိုချင်တဲ့ အချက်သုံးချက်ကို အင်္ဂလိပ်ဆီက ရဖို့ နောက်ထပ် ခြောက်ဆယ့် ခြောက်နှစ် စောင့်ခဲ့ရတယ်)၊ ဘယ်သူနဲ့ စာချုပ်,ချုပ် သူ့ကိုယ်သူ နေထွက်ဘုရင် သီပေါမင်းမြတ်တော် လို့ လက်မှတ် ထိုးလေ့ ရှိတဲ့ မြတ်လည်းမမြတ်၊ တော်လည်းမတော်တဲ့ သီပေါ ——–
ကိုးကား
- သန်းထွန်း၊ ဒေါက်တာ။ နယ်လှည့်ရာဇ၀င်


Recent Comments