ရခိုင် နိုင်ရွှေတောင် မင်းသား ကြီးနဲ့ မဟာ မြတ်မုနိ
ရခိုင် နိုင်မင်း လို့လူသိ များတဲ့ ရွှေတောင် မင်းသားကြီး ဟာဗဒုံမင်း ခေါ် ဘိုးတော် ဘုရား ခေါ် ဘုရင် ဦးဝိုင်း ရဲ့ သား တော်ကြီး ဖြစ်တယ်။ သက်တော် ၃၈ နှစ်မှ တူတော် ဘုရင် တွေကို ကျော်ခွ လုပ်ကြံ စီရင် ပြီးဘုရင် တက်ဖြစ် ရတဲ့ အလောင်း မင်းတရား ဦးအောင် ဇေယျ ရဲ့ စတုတ္တသား မောင်ဝိုင်း ဟာသက်တော် (၇၅) နှစ်ထိ နန်းသက် (၃၇) နှစ် တိုင်တိုင် တ၀ကြီး စိုးစံ တော်မူ သွားခဲ့ လို့သူလွန် ရင်ဘုရင် လုပ်ဖို့ အားခဲ စောင့်နေ ရတဲ့ အိမ်ရှေ့ စံ ရွှေတောင် မင်းသား ကြီး ခမျာ ခမည်းတော် ကြီးကို မစောင့် နိုင်ပဲ သူက ဦးအောင် သေရှာ ပါတယ်။ အသက် ၂၁ မှာအိမ်ရှေ့ စံ စဖြစ်ပြီး ၂၅ နှစ်လုံးလုံး အိမ်ရှေ့ စံ ဘ၀ နဲ့နေရပြီး ၄၆ နှစ်မှာ ကွယ်လွန် ခဲ့တယ်။
ခမည်း တော်ကြီး ဦးဝိုင်း က ရခိုင်ပြည် ကို လုပ်ကြံစေတဲ့ အတွက် မြန်မာ သက္ကရာဇ် ၁၁၄၅ ပြာသို လပြည့်ကျော် (၁) ရက်နေ့ မှာ ရခိုင် ပြည်ကို အလို တော်ပြည့် တော်မူ ခဲ့ပါတယ်။ ၂ လ အတွင်း အရေး တော်ပုံ ပြီးစီး အောင်မြင် ခဲ့တယ် လို့လည်း အဆို ရှိတယ်။ ဒီလို နဲ့ပဲ အနိရုဒ္ဓ နဲ့ ဘုရင့်နောင် တို့လက်ထက် ကတည်း ကတသီးတခြား ရှိခဲ့တဲ့ ရခိုင် ပြည်ဟာ ဘိုးတော် ဘုရား လက်ထက် မှာမြန်မာ နိုင်ငံ နယ်နမိတ် ထဲပါဝင် လာပါတယ်။
ရခိုင် ကိုအောင်မြင် ပြီးနောက် အိမ်ရှေ့ မင်းသားကြီး ပထမ ဆုံးလုပ်ခဲ့တဲ့ အလုပ်ကတော့ ရခိုင် ပြည်မှာ နှစ်ပေါင်း (၂၃၀၀) ကိန်းဝပ် စံပယ် တော်မူခဲ့တဲ့ မဟာ မုနိ ဆင်းတုတော်ကြီး ကိုအမရပူရ ပို့တဲ့အလုပ် ပါပဲ။ နယ်ချဲ့  ပြီးဇွတ် အတင်း အဓမ္မ အနိုင် ကျင့်တာမျိုး တော့မဟုတ် ပါဘူးတဲ့။ မဟာ မုနိ သမိုင်း မှာကို ကဤအချိန် ဤအခါ မှာ ဗုဒ္ဓ မြတ်စွာ မြန်မာ ပြည်ကြွ ချီကိန်း ရှိတယ် လို့ပါပြီး ဖြစ်သတဲ့။
ကေတု မတီ၊ ညာချီ ရင်သား
လွန်ကြီး ပွားသည်
ဘုရား ကိုယ်တိုင် ကြွလတ္တံ့
မုဆိုး ဆတ်သား စားလတ္တံ။
ဆိုတဲ့ တဘောင် ကို ဘိုးတော် ဘုရား အင်မတန် အားကိုး တဲ့ အယူတော် မင်္ဂလာ ဦးနိုး ကအဓိပ္ပါယ် ကောက်ရာ မှာ-
- ညာချီ ရင်သား- ဆိုသည့် မင်းတရား ကြီး၏ လက်ယာ ရင်သား နှင့် တူတော် မူသော သားတော် အိမ်ရှေ့ မင်း သည်
- လွန်ကြီး ပွားသည်- ဘုန်းတော် ကြီးမား လှသည့် သီရိ ဓမ္မာ သောက မင်းကဲ့သို့ အာဏာ စက္က ၀တ္တိ ရာဇာ ဖြစ်၏
- ဘုရား ကိုယ်တိုင် ကြွလတ္တံ့ - သာသနာ့ ဒါယကာ မဟာ ဥပရာဇ် ဖြစ်သော သားတော် အိမ်ရှေ့ မင်း ပင့်သဖြင့် နိမိတ္တ ကိုယ်တော်စား ရုပ်ပွား ဆင်းတု တော်နေပြည်တော် သို့ ကြွချီ တော်မူလာ လိမ့်မည်။
- မုဆိုး ဆတ်သား စားလတ္တံ့ - ဦးအောင်ဇေယျ ၏ မုဆိုးဘို မျိုးဆက် သည် ဆတ်မျိုး ဖြစ်သော ဓည ၀တီ မင်းမျိုး ကိုလွယ်လင့် တကူ အာဏာ ပြရုံ ဖြင့် အောင်နိုင် လတ္တံ့ ။
ဒါကြောင့် ရခိုင် ပြည်ကို တိုက် လို့ ဦးနိုး ကအခါတော် ပေးတဲ့အခါ ဘိုးတော် ဘုရား ကလည်း သူ့ သား အိမ်ရှေ့ မင်း ကိုတိုက် ခိုင်းပါတယ်။ ပြောတဲ့ အတိုင်း လည်းအောင်မြင် တာကိုတွေ့ရတယ်။
အံ့ဖွယ် ကိုးပါး နဲ့ ပြည့်စုံ တယ်လို့ ရခိုင် တွေအလေး အမြတ် ထားကိုးကွယ် ကြတဲ့ မဟာ မုနိ ရုပ်ပွားတော် ကို မြန်မာ တွေလက်ထဲ အလွယ် တကူ ပေးချင် စိတ် ရှိပါ့မလား ဆိုတာ စဉ်းစား စရာ ပေမဲ့ ရခိုင် ရာဇ၀င် တွေမှာ ဒီကိစ္စ ကိုဝိပါဒ ကွဲပြား တာတွေ့ ရပါတယ်။
ဓည ၀တီ ရာဇ၀င် က မဟာ မုနိ ရုပ်ပွား တော်ကို အစိတ်စိတ် အမွှာမွှာ ခွဲပြီး တောင်ကုတ်၊ ပန်းတောင်း လမ်းကနေ သယ်ဆောင် သွားတယ် လို့ ဆိုတယ်။
ရခိုင် ရာဇ၀င် မှာတော့ ရုပ်ပွား တော်ကို သယ်ဆောင်တုန်း ရေမှာ မြုပ်သွားလို့ (ရုပ်ပွားတော် ရေကျ လို့) မြန်မာ တို့ထံ မှာရှိတဲ့ ရုပ်ပွားတော် ဟာမဟာ မုနိ အစစ် မဟုတ် လို့ရေးတယ်။
ရခိုင် လင်္ကာ အရ တော့ ရုပ်ပွား တော်ကို တောင်ကုတ် လမ်းကနေ အမရပူရ ထိချောမော သိုက်မြိုက်စွာ ပင့်ဆောင် သွားနိုင် တယ်လို့ အောက်ပါ အတိုင်း ဆိုတယ်။
ရုပ်ပွားတော်ကို၊ တောင်ပေါ်လမ်း၌
လှိုင်းရိုက်ကင်းအောင်၊ ကြည်းပင့်ဆောင်၍
မြန်အောင်ချက်ဗွေ၊ ရွှန်းရွှန်းဝေသား
ရွှေပြည်တော်သို့၊ နှစ်လို့ရှုဖွယ်
ခြောက်သွယ်ရောင်တောက်
ကိုယ်တော်ရောက်လျှင်
ထက်အောက်ကြေညာ၊ ဗြဟ္မာနတ်လူ
ပူဇော်မစဲ၊ ရှင်တော်ပွဲသည်
ကျော်သဲစည်သံ၊ ရိုက်မောင်းတည်း
ယိုးဒယား မှာလည်း စစ်အောင်နိုင်သူ ဖုရာ့ချာကရီ (နောင်တစ်ချိန် ပထမ ရာမ မင်း၊ ရတနာ့ ခိုဆင် မင်းဆက် တည်ထောင်သူ) ကလာအိုပြည်က မြဘုရား ကိုဘန်ကောက် ပင့်လာ ခဲ့တာ ဖြစ်တဲ့ အတွက်၊ အောင်နိုင်သူ ဘုရားပင့် တာဟာ ကဲ့ရဲ့ ရှုံ့ ချ လောက်တဲ့ အပြုအမူ တော့မဟုတ် ရှာပါ။ ဘယ်လိုပဲ ပြောပြော၊ သူ ပင့်ဆောင် လာလို့ အခု ဖူးတွေ့ နေ ရတာ မဟုတ်လား။
ကိုးကား
- ညိုမြ၊ ကုန်းဘောင်ရှာပုံတော်
- သန်းထွန်း၊ ဒေါက်တာ၊ သမိုင်းအစဉ်အလာ တဘောင်၊ နမိတ်များ
- ငမည်း၊ ဆရာ၊ ဓည ၀တီ ရာဇ၀င်
- ကာတီ၊ ဦး၊ ရမ်းဗြဲ၊ ရခိုင် ရာဇ၀င်
- စံတင်၊ ဦး၊ ရမ်းဗြဲ၊ ရခိုင် သမိုင်း လင်္ကာ


ဒါနဲ့ နောက် သမိုင်း ဘလော့ တွေ သွား ကြည့်ပါဦး …
မသက်ဇင် …
ပြီးတော့ ကိုအက္ခရ …
ကျွန်တော်တခုလောက်မေးချင်ပါတယ်..
ခရစ်နှစ်ဆိုတာ ခရစ်တော်မရှိတဲ့နောက်ပိုင်းကို သတ်မှတ်ခဲ့တာ
အခု 2009 ရောက်ပါပြီ..မြန်မာ သက္ကရာဇ်သည်
ဘယ်အချိန်ကစပြီးတော့ တစ်ခုနှစ်ဆိုတာ သတ်မှတ်ခဲ့တာပါလဲ..
ပုဂံခောတ်အရ. ခရစ်နှစ် 107 တွင် မြန်မာသက္ကရာဇ် 29 ဟုဆိုပါသည်။
ကျွန်တော်သိချင်တာက ပုဂံခောတ်မတိုင်ခင်က 29 နှစ်ကို ဘယ်သူသတ်မှတ်ခဲ့တာပါလဲ.
ဘယ်အချိန်က စပြီးတော့.ဘယ်မင်းလက်ထက်မှာ ဘယ်လို သတ်မှတ်ခဲ့တယ်ဆိုတာ သိချင်ပါသည်။..
ကျေးဇူးပြုပြီးတော့ ဖြေပေးစေချင်ပါတယ်..
ရိုသေစွာဖြင့်
ရခိုင်ရာဇာဝင်နဲ့ မြန်မာရာဇ၀င် ကွဲလွဲမှုတွေရှိပါတယ်။
မုနိလေးဆူအနက် ရှင်ကျော်မုနိကို ရခိုင်သို့ေ၇ာက်စဉ်ရှာသော်လည်း မတွေ့ခဲ့ပါ။ သိလျှင် လမ်းညွှန်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။