ပုဂံမင်း၊ ဘိုင်ဆပ် နဲ့ ငပိန်
ကုန်းဘောင် ခေတ်ကို အတက် (၆၆) နှစ်၊ အကျ (၆၆) နှစ် ဆိုပြီး နှစ်ပိုင်း ခွဲရာမှာ ပုဂံမင်း နန်းတက် ချိန်ဟာ ပထမ အင်္ဂလိပ်-မြန်မာ စစ်ရှုံးပြီး အသရေ ညှိုးနွမ်း တဲ့ကျချိန် ဖြစ်တယ်။ သူ့နန်းသက် (၆) နှစ်အတွင်း ပြည်သူ အတွက် ကောင်းတာ ဘာတစ်ခု မှလုပ်မသွား နိုင်ခဲ့ဘူး။ တိုင်းရေး ပြည်ရာ ကိုမှုးမတ် တွေလက်လွှဲ ထားပြီး အပျော် အပါး မှာမွှေ့လျှော် လွန်းတဲ့မင်း လို့နာမည် ဆိုးတဲ့ ဘုရင်ပါ။ (၃) ရက်ကျ မြဲဖြစ်တဲ့ သင်္ကြန်ကို သူ့လက်ထက် မှာ (၄၅) ရက် ကျလို့ သြချ ယူကြ ရတယ်။ တိုင်းသူ ပြည်သား များက ကန့်ကွက် မယ်ထင် သလား။ ၄၅ ရက် သင်္ကြန် ကျတာ ကိုပျော် လွန်းလို့ တညီ တညွတ် ထဲကန့်ကွက် သူမရှိ ထောက်ခံ ကြသဗျား။ ဘုန်းကြီးရူး နဲ့လှေလူး ကတော့လိုက်ပါ့။
ပုဂံမင်း ရဲ့  Non-stop အပျော် အပါး တွေထဲက Favorite အဖြစ်ဆုံး ကတော့ တိရစ္ဆာန် တိုက်ပွဲ ပါတဲ့။ ကြက်ဌက် တိုက်ပွဲ တွေမှာ သိပ်ဝါသနာ ပါတဲ့ အန်းတစ် ကြက်သမား ပေါ့။ ဒီလိုနဲ့ ဗုန်းအို ရွာက ကြက်ကုလား ဘိုင်ဆပ် နဲ့ပေါင်းမိ တော့ ဘိုင်ဆပ် ကိုချက်ချင်း အမရ ပူရ မြို့ ဝန် ခန့် ပါတယ်။ အဲဒီ မှာပဲ ပြည်သူ တွေရဲ့  လွမ်းခန်း စတော့တယ်။
ဘိုင်ဆပ် ဆိုတဲ့ နာမည် ကိုက ဆရာ သခင် လို့ အဓိပ္ပါယ် ရတော့ သူ့အမည်ရင်း တော့မဖြစ် နိုင်ပါ။ ကျောချင် တဲ့သဘော နဲ့ တမင် ညစ်ပေး ထားတဲ့ နာမည် လို့ယူဆ ရတယ်။ ကြက်သမား ကိုမြို့ ဝန် ခန့်တော့ နေ့စဉ် နေ့တိုင်း ကြက်ပွဲ တွေတရုန်းရုန်း၊ အရက် သမားတွေ တပြုန်းပြုန်း ပေါ့။
ဘိုင်ဆပ် မှာ အန္တေက ၀ါသိ တပည့်ကြီး လေးယောက် ရှိတယ်။ ဆရာ သူကောင်း ပြုခံ ရတော့ တပည့်ကြီး တွေလည်း ရေမြင့် ကြာတင့် ပေါ့လေ။ နံပါတ် တစ်တပည့် ကြီး ငပိန် ကမြို့ စာရေး၊ နှစ် တပည့်ကြီး ငရွှေဘော် က တံခါးနီမှုး၊ သုံး တပည့်ကြီး ငမှုံ ကဈေးခေါင်း၊ နောက်ဆုံး တပည့်ကျော် ငရှင် ကလေး ကထန်းခေါင်း။ အမြင်ကပ် တဲ့သူ၊ ကြည့်မရ တဲ့သူ ကိုအိမ် ထဲဘိန်းပစ် ပြီး အမှုဆင် ဖမ်း၊ ငွေညှစ် တဲ့နည်း ဟာ ဘိုင်ဆပ် နဲ့ အပေါင်းပါ တစ်စု စတင် တီထွင် ကျင့်သုံး တယ်လို့ တောင်ပြောလို့ ရပါတယ်။ Registered Trade Mark made popular by ဘိုင်ဆပ် et al. ပေါ့။ ဒါကြောင့် လည်း နေပြည်တော်မှာ-
မျိုးနွယ် မတူ၊ ဘယ်ကလူ
ပြည်သူ ပွက်အောင်၊ ထားပါလိမ့်။
ချိုးကြက် တည်ရာ၊ တွေ့ခဲ့ပါ။
ပြည်တော် ဘယ်သာ မှာပါလိမ့်။
စတဲ့စာချိုး တွေ-
အမရ ပူရ၊ ပြည်ဌာန
သည်အလှ ခက်တယ်
ကုလား ကအားရ မှ
လွှတ်တော် မူတယ်
မလွတ်သူ ရှေးကံ အကြောင်း
စတဲ့ မကျေနပ် သံတွေ ဘ၀ဂ် ညံလာ ပေမဲ့ ပုဂံမင်း ကတော့ တပည့်ကျော် ကြီး ကိုအပြစ် မမြင်၊ အချစ် ၀င်နေ ဆဲ။
မြို့ စာရေး ငပိန် ကတောင်သမန် အင်း ကိုဖြတ်ကူးတဲ့ သစ်သား တံတားကြီး ကိုငွေကြေး တစ်ပြား မှမစိုက် ထုတ်ပဲ စစ်ကိုင်း နဲ့ အင်းဝ နန်းတော်ဟောင်း ကသစ်တွေ၊ အိမ်တိုင် တွေချွတ်ယူ ပြီး ဆောက်ခဲ့တယ်။ ခုတော့ ဦးပိန် တံတား ဆိုပြီး သမိုင်းဝင် နေရာ ဖြစ်နေ ပါရောလား။ စေတနာ လည်းပါပုံ မရ ပါဘူး။ အဓိက တံတား ဆောက်ရ တဲ့ရည်ရွယ် ချက်က တောင်သမန် တစ်ဖက် ကမ်းမှာ နေကြတဲ့ ဘိုင်ဆပ် ရဲ့  လက်သပ်မွေး ကုလား တွေအလွယ် တကူနေပြည်တော်ကို ရောက်လာ နိုင်ဖို့၊ တကယ်လို့ ဘိုင်ဆပ် ကအာဏာ သိမ်းချင် တယ်ဆိုရင် ပေါ့လေ၊ အဲသလောက် မဟာ အကြံကြီး နဲ့ အလကား ပဲတင်း ဆောက်ခဲ့တဲ့ တံတားကြီး ခင်ဗျ။
နောက်ဆုံး ဘိုင်ဆပ် တို့အုပ်စု ရမ်းကား လွန်းတာ ကို သည်းမခံ နိုင်တော့တဲ့ ပြည်သူတွေ အုံကြွ လာမှာစိုး တာနဲ့ ပုဂံမင်း ကိုယ်တိုင် ဘိုင်ဆပ် ကိုကွပ်မျက် စေခဲ့တယ်။ သူ့ဆရာ ကျဆုံး တာကို တံတား ပိုင်ရှင် ငပိန် က၀မ်းနည်း၊ ပူဆွေး၊ ဗျာပါဒ သောက တွေပွား မယ်များ ထင်သလား၊ စာကလေး တောင်ချိုး ထားသေး သဗျား၊
ဘိုင်ဆပ်ကို ငပိန်မွှေလို့
သေပစေ၊ ဒီမျက်ပြဲ
လူတိုင်း ကော်လို့ဆဲ။
ကိုးကား
- ညိုမြ၊ ကုန်းဘောင် ရှာပုံတော်
- ခင်ခင်လေး၊ ဒေါ်၊ ဒဂုံ၊ ကျွန်းဦးတည့် သန်လျှက်ခုံ


ကိုယ့်ဖာသာကိုယ် ပျော်တာ ဘာဖြစ်လဲ လို့ ဖြေကြလိမ့်မယ် … ဟိ
အရင်တုန်းက မြို့စာရေးငပိန်နဲ့ ဦးပိန်တံတားနဲ့ မဆက်စပ်မိဘူး ဖြစ်နေတာ။ အခုမှဘဲ သေချာသိသွားတော့တယ်။ သမိုင်းကို စိတ်ဝင်စားပါတယ်။ အမြဲ အားပေးနေပါမယ်။
Sayar Juan,
I like this post but i have to share my thought.Those men,Binesat and Nga Pain were really bad guys.I accept it.But for my opinion we could not know his thought at that moment.May be that bad guy,Nga Pain had a good mind which rarely happen at that time and he built that bridge for the sake of better transport between Amayapura and Mandalay.May be he built for those Kalar and may be also at that time he had a good mind to do one good thing for the people that he did bad things before.Just a lateral thinking.Nomatter, now Taungthaman and U Pain Bridge cant be seen separately.No offense.Just sharing my thought.
Best wishes,
PSK