2008
You are browsing the archive for 2008.
500 days in Dvaravati (11)
ဒွါရာဝတီမှာရက်ငါးရာ (၁၁) မဟာ ၀ိတရိုလိုင် ချူလား ရောင်ခြည်တစ်ထောင် အလင်းဆောင်သော သူရိယ နေမင်းသည် အရှေ့ ဂေါယာကျွန်းမှ ကြွားကြွားဝံ့ဝံ့၊ ငွားငွား စွင့်စွင့် ကြီး ထွက်ပြူ လာသည် နှင့်တပြိုင်နက် ဘန်ကောက်မြို့ တော်မဟာ ရှိတစ်ခုသော အခန်းငယ်ကလေး အတွင်းတွင် အိပ်စက်နေသော သူ့မှာ ချွေးသံတရွှဲရွှဲ ဖြင့် အိပ်ယာမှ နိုးထလာလေ၏။ နံနက်ခင်း ၏အလှကို ခံစားကြည်နူး ဖို့အချိန်မရှိ။ ရေချိုးခန်းထဲဝင်၊ မျက်နှာသစ်၊ ရေချိုး၊ အိမ်သာဝင်၊ အ၀တ်လဲသည့် နိစ္စဓူဝ အလုပ်များကို ယနေ့တွင် မာရသွန်နှုန်းဖြင့် တရစပ် ဇယ်ဆက်သလို လုပ်ရလေသည်။ ခုနှစ်နာရီ ခွဲတိတိတွင် သူ့ကို ကျောင်းပို့ဖို့ ဒေါက်တာဆမ်နန်းက အောက်ထပ်မှ စောင့်နေမည် ဆိုသကိုး။ တော်ကြာ နောက်ကျလျှင် [...]
500 days in Dvaravati (10)
ဒွါရာဝတီမှာရက်ငါးရာ (၁၀) ဆမ်နန်း နှင့် ဆုံဆည်းရာ အသံ တစ်သံ၊ စူးစူးရှရှ၊ ကျယ်ကျယ် လောင်လောင်၊ တော ဆင်ရိုင်းများ အော်ငြီး သံလိုလို၊ မီးသတ်ကား မှ ဥသြ ဆွဲ သံလိုလို၊ အဆက် မပြတ် မြည်နေသည့် အသံ။ ထိုအသံ တဖြည်းဖြည်း ကျယ်လောင် လာသည် နှင့် အမျှ ရှုပ်ထွေး နောက်ကျိ နေသော သူ့အာရုံ သည်လည်း ပီပြင် ကြည်မြ လာခဲ့၏။ မျက်စိ ကိုကြိုးစား ဖွင့်ကြည့် မိသည်။ ဘယ်ရောက် နေသည် ကို ရုတ်တရက် စဉ်းစား၍ မရ။ ခုတင် ဘေးမှ တယ်လီဖုန်း က အဆက် မပြတ် မြည်နေသည်ကိုး။
War and Communicable diseases
စစ်တလင်းမှ ရှင်သေမင်းများ စစ်၏အလွန် နှစ်ဆယ့်တစ် ရာစု၏ အထင်ရှားဆုံး နှင့် အရမ်းကားဆုံး အီရက် စစ်ပွဲ ပြီးဆုံး သွားပြီ ဆိုသော်လည်း သန်းပေါင်း များစွာသော အိုးမဲ့ အိမ်မဲ့ အရပ်သား များသည် ပြန်လည် နာလံ မထူနိုင် လောက်အောင် ယိုယွင်း ပျက်စီး သွားသော ပြည်သူ့ ကျန်းမာရေး စနစ်ကြောင့် ကူးစက် ရောဂါများ ပျံ့နှံ့ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းခြင်း၊ ကာကွယ်ဆေးထိုး စနစ်များ ယိုယွင်းခြင်း တို့၏ ဒဏ်ကို ခါးစည်း ခံ၍ ရှင်သေမင်းနှင့် စစ်ခင်း နေရဆဲပင်။
Transplant
ဆူဆန်ဝှီးလား၊ ဟာစရီးပါးနှင့် ရောင်းရန်ရှိသော အရာများ ရော်ဘင်ကွတ်၊ ကိုမာ၊ ဆူဆန်ဝှီးလား ကမ္ဘာကျော် စာရေး ဆရာ ရော်ဘင်ကွတ်၏ နာမည်ကျော် ကိုမာဝတ္ထုကို ဖတ်ဖူး ကြလိမ့်မည်။ နတ်နွယ်က တဖန် ပြန်၍ မနိုးသော ဝေဒနာ အမည်ဖြင့် မြန်မာဘာသာ ပြန်ဆို ခဲ့ရာ မူရင်းမှာ ဘတ်စ်ဆဲလား ဝတ္ထု တစ်ပုဒ် ဖြစ်သည့် အားလျှော်စွာ မြန်မာ စာပေ လောက၌လည်း အောင်မြင် ကျော်ကြားသည့် ဘာသာပြန် ဝတ္ထု တစ်ပုဒ် ဖြစ်ခဲ့သည်။ ချောမော လှပပြီး ဥာဏ်ရည် ထက်မြက်သော ဆေးကျောင်းသူ တစ်ဦး ဖြစ်သည့် ဆူဆန်ဝှီးလားကို ဇာတ်ကောင် ဖန်တီးပြီး ဆေးရုံတွင် ကိုမာခေါ် ဦးနှောက် သေဆုံး၍ ကာလကြာရှည် မေ့မြော [...]
That’s Our Bamar (30)
သမိုင်း ထဲက မြန်မာ ပြည်သား (၃၀) ကျောက်စာ ထဲက ပုဂံ (၁၂) ပုဂံ နေ၀င်ချိန် ပုဂံ နေ၀င်ချိန် ဟာ တရုတ်ပ္လိယ် နန်းစံနှစ် တစ်ဝက် ကျိုးလုလု ၁၂၇၁ က စတယ်လို့ပြောရပါမယ်။ ၁၂၇၁ မှာ တရုတ် (မွန်ဂို) ဧကရာဇ် နဲ့ အမိန့်နဲ့ ယူနန်ပြည်နယ်က သံတမန်တွေ ပုဂံကို ရောက်လာခဲ့ကြတယ်။ လက်ဆောင်ပဏ္ဏာ ဆက်သဖို့ တောင်းဆို (အမိန့်ပေး?) ခဲ့ကြတယ်။ ဘုရင်နဲ့ တွေ့ခွင့်မပေးပဲ အကြောင်းအမျိုးမျိုးပြလို့ အကြာကြီး အချိန်ဆွဲ ထားလိုက်တယ်။ မစောင့်နိုင် တော့လို့ ပြန်တော့မယ် ဆိုမှ စကားချိုချို ပြောပြီး မာပါစေကြောင်း သာစေ ကြောင်းနဲ့ လမ်းခရီး အဆင်ပြေပါစေ ဘာညာ [...]
That’s Our Bamar (29)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၉) ကျောက်စာ ထဲက ပုဂံ (၁၁) တရုတ်ပ္လိယ် (၁၂၅၆- ၁၂၈၇ အေဒီ) ဥစ္စနာ မင်းဟာ တလ ကိုအသွား ဟိုမှာပဲ ခြွေရံ သင်းပင်း နဲ့ တကွ လုပ်ကြံခံလိုက် ရချိန်မှာ တလ ကိုပါသွား ပေမဲ့ ထူးထူး ဆန်းဆန်း သေမြေကြီး မဖြစ်ခဲ့ပဲ ရှင်ရွှေထီး ဘ၀ ကို တရုတ်ပ္လိယ် ရောက်သွားပါတယ်။ အကုန်လုံး သေတယ်။ သူပဲ မသေ ဆိုတော့ ခမည်းတော်မင်း ကို သူပဲ တီးထည့်လိုက်သလား သံသယ ပွားစရာပါ။ မင်းဖြစ်ပြီးမှ ပုဂံ ကိုပြန်လာတဲ့ တရုတ်ပ္လိယ် နဲ့ သေသွားရှာတဲ့ ဥစ္စနာ တို့ကြားမှာ [...]
500 days in Dvaravati (9)
ဒွါရာဝတီမှာရက်ငါးရာ (၉) မိုးမလင်း တဲ့ ကိုးန၀င်း သူ့ ပစ္စည်း ပစ္စယ များကို အဆောက် အဦး တွင်းမှ မီးခိုးရောင် ယူနီဖောင်း ၀တ် မျက်နှာကြော တင်းတင်း၊ ခပ်ဖိုင့်ဖိုင့် ပုဂ္ဂိုလ် တစ်ဦး ကလာရောက် သယ်မ သွား သဖြင့် အမော ကလေးမှ မဖြေရပဲ ထိုပုဂ္ဂိုလ် နောက်လိုက်ရ ပြန်၏။ မှန်ကန်လန့်ကာ တံခါးပေါက် ကိုဖွင့်၊ ဧည့်ခန်းကျဉ်း ကလေးကို ဖြတ်၊ လှေကားထစ် တွေ ကိုဖြတ်၊ စင်္ကြန် တိုကလေး တစ်ခု ကိုကျော်၊ လှေကားထစ် တွေမှ ပြန်ဆင်း ပြီး မှ ရန်နန် အိမ်ယာ ၏ဧည့်ကြို ကောင်တာ ကိုတွေ့ရ တော့သည်။ ကောင်တာ [...]
That’s Our Bamar (28)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၈) ကျောက်စာ ထဲက ပုဂံ (၁၀) ဥစ္စနာ (၁၂၄၉- ၁၂၅၆ အေဒီ) နရ သိင်္ဃ ဥစ္စနာ နဲ့ သ္ခိင်ဖွါစ၀် တို့ရဲ့ သား ဥစ္စနာ ဟာ က္လစွာ နေရာ ကိုဆက်ခံ တဲ့မင်း ဖြစ်လာပါတယ်။ ပြဿဒါ ဘုရား တည်နေတုန်း ဘုရား မပြီးမှီ ၁၂၄၉ မှာ ရေးထိုးခဲ့တဲ့ ကျောက်စာ “က္လစွာ မင်ကြီ ပျံတာဝ်မူပြီ ဥစ္စနာ ရှုယ်တောင်တက်ရုယ်” အရ သော်လည်းကောင်း။ ဇာတာတော်ပုံ ရက်စွဲ ပါ က္လစွာ နတ်ရွာစံတဲ့ နှစ်ဟာ ခရစ်နှစ် ၁၂၄၉ ဖြစ်လို့သော် လည်းကောင်း။ ဥစ္စနာ နန်းတက် [...]

