April 2009
You are browsing the archive for April 2009.
အတ္တလန်တစ် ရှာပုံတော် (၂၃)
ပစ်သည် အိပ်ယာမဝင်ခင် လုံခြုံရေးကင်မရာကတဆင့် သူ၏ သက်တော်စောင့်များအပြင်မှာ အလုပ်ရှုပ်နေပုံကို ကြည့် နေမိသည်။ သူတို့သည် လေဆိပ် မြေအောက် ရေဆိုးမြောင်းစနစ်၏ မြေပုံကြီးကို ရှေ့ ချ၍ တစုံတခုကို ရွေးနေ၏။ မကြာမှီမှာပင် ပစ်၏ ဂိုဒေါင်နှင့် ပေကိုးဆယ်အကွာမှ ဖြတ်သွားသော အချင်း ရှစ်ပေရှိသည့် ရေဆိုးပိုက်ကြီးကို သူတို့ ကင်းစခန်းအဖြစ်ရွေးချယ်လိုက်ကြသည်ကို တွေ့ရသည်။ အိပ်မပျော်ခင် သူတို့ကို ကော်ဖီနှင့် ဆန်းဒဝစ်ခ်ျ သွားပေးရ ရင်ကောင်းမလားဟု စဉ်းစားမိသေးသည်။ သို့သော် ထိုစိတ်ကူးကို ချက်ချင်းမေ့ပစ်လိုက်ပြီး အိပ်ပျော်အောင် အိပ်လိုက် တော့သည်။ မကြာမီ သူအိပ်ပျော်သွား၏။
အတ္တလန်တစ် ရှာပုံတော် (၂၂)
ဝါရှင်တန် အပြည်ပြည်ဆိုင်ရာလေဆိပ် အစွန်ရှိ ဒတ်ပစ်က အိမ်ဟုသမုတ်ထားသော လေယာဉ်ဂိုဒေါင်ဟောင်း၏ ရှေ့တွင်ရိုးရွိုက်ကားကြီးရပ်လိုက်၏။ ၁၉၃၆ ခုနှစ်ကတည်းက တည်ဆောက်ထားသော လေယာဉ်ဂိုဒေါင်သည် စုတ်ပြတ်ညစ်ထေးလျှက်ရှိ၏။ နံရံများတွင် ရေညှိအလိမ်းလိမ်းတက်လျှက်။
အတ္တလန်တစ် ရှာပုံတော် (၂၁)
မစ္စ ခရစ်စတင်း မန်ဒါ ဟက်စ်တက်စ် သည် တစ်ခေါင်းလုံးဖြူဖွေးနေသော၊ နှစ်လို့ဖွယ်အပြုံးပိုင်ရှင် သဘောမနော ကောင်းပုံရသည့် အဖွားကြီးဖြစ်၏။ အသက်အရွယ်ကြီးရင့်ပုံရသော်လည်း လှုပ်ရှားမှုတို့က သွက်လက်ဖျတ်လတ်ဆဲ။ ပါးလ်မတ္တားကို လက်ဆွဲနှုတ်ဆက်ပြီး ဒတ်ပစ်နှင့်မိတ်ဆက်ပေးသောအခါ ရင်းရင်းနှီးနှီး ပြုံးပြနှုတ်ဆက်၏။
အတ္တလန်တစ် ရှာပုံတော် (၂ဝ)
ဆက်စနာဆိုင်တေးရှင်း အာထရာ ဖိုက်ဂျက်လေယာဉ်သည် လေတပ်ပိုင် အင်ဒရူးလေယာဉ်ကွင်း၏ အရှေ့ ဖက်ပြေး လမ်းတွင် ဆင်းသက်လျှက်ရှိသည်။ ပုံမှန်အားဖြင့် အရေးပေါ်အစိုးရကိစ္စများ တွင်သာဤပြေးလမ်းကိုသုံးလေ့ရှိ၏။ အမျိုးသား အဏ္ဏဝါဗေဒ အေဂျင်စီပိုင်လေယာဉ်များနှင့် အဆောက်အဦးများသည် လေယာဉ်ကွင်း၏ အရှေ့ မြောက် ဖက်တွင် တည်ရှိ၏။ လုံခြုံရေးအဖွဲ့ဝင်နှစ်ဦးသည် အဖွဲ့ပိုင်ဗင်ကားတစ်စီးဖြင့် အယ်လ်ဂျီယိုဒီနိုအား ဗာဂျီးနီးယားပြည် နယ်၊ အလက်ဇန်ဒရီးယားရှိ သူပိုင်ကွန်ဒိုတိုက်ခန်းသို့လည်းကောင်း၊ ပက်အား သူမ၏သမီးလေးရှိရာ နေအိမ်သို့လည်း ကောင်း ပို့ဆောင်ပေးရန် ထွက်ခွာသွားကြပြီဖြစ်သည်။

