June 2009
You are browsing the archive for June 2009.
အတ္တလန်တစ် ရှာပုံတော် (၃၂)
မုန်တိုင်းကို သယ်ဆောင်လာသော တိမ်မည်းညိုတို့ကင်းစင်သွားပြီး နောက်လေးနာရီအတွင်း ဟူးဟူးရားရား တိုက် ခတ်နေသောလေသည် ငြိမ်သွား၏။ ကော့စ်က မြေပြင်ပေါ်တက်၍ အလံဝါတစ်ခုကို ဝှေ့ယမ်းပြနေသည်။ ပစ်သည် မျက်စိ တစ်ဆုံး ကျယ်ပြောလှသည့် နှင်းထုကဗ္ဗလာထက်ဝယ် ပုရွက်ဆိတ်သာသာမျှသာ မြင်ရသည့် လူဆယ်ယောက် ကိုငေးကြည့်နေ၏။ သူတို့တဖြည်းဖြည်းနီးလာသောအခါ ဂယ်လက်စပီး ကိုယ်တိုင် ဦးဆောင်လာသည်ကို တွေ့ရသည်။ သူ့နောက်မှာတော့ ဂျာနယ်လစ် အီဗီတန်က ကပ်လိုက်လာ၏။
အတ္တလန်တစ် ရှာပုံတော် (၃၁)
ကော့စ်နှင့် နော့ရော့ပ်ထွန်းညှိလိုက်သော အလျူမီနီယံ မီးအိမ်သုံး ဟေလိုဂျင်မီးများကြောင့် ထိုနေရာဒေသသည် နေ့လည်ခင်းအလား ထိန်ထိန်လင်းသွား၏။ ထိုအချိန်ကျမှ သုံးယောက်သားရောက်သွားသည့် နေရာမှာ သင်္ဘော၏ မီးဖိုခန်းဖြစ် ကြောင်း သူတို့သဘောပေါက်သွားကြသည်။
500 days in Dvaravati (18)
ဆုန်ကရမ် ရဲ့ အရုဏ်ဦး ပျော်သည်။ ကျောင်းပိတ်ပြီ။ မက်ခရို ဘောဂဗေဒ နှင့် အသုံးချ သင်္ချာသင်တန်းများပြီးဆုံး၍ အကြိုသင်တန်း၏ နောက်ဆုံးဘာသာရပ်ဖြစ်သော မိုက်ခရို ဘောဂဗေဒ သင်တန်းမစမှီ ဆုန်ကရမ်ခေါ် ထိုင်းသင်္ကြန်ပွဲတော်နှင့် တည့်တည့် တိုးမိသဖြင့် ကျောင်းသုံးပါတ်ပိတ်ရသည်။ စိတ်လွတ်ကိုယ်လွတ် အနားယူလိုက်မဟဲ့လို့ အကြံကြီး ကြံခဲ့ သော်လည်း ကျောင်းပိတ်ပြီး ၄၈ နာရီ အတွင်း ထိနမိဒ္ဓ ကသူ့ကို လွှမ်းမိုးအနိုင်ယူသွားခဲ့သည်။ ဘန်ကောက်၏ လမ်းမ များကား ခြောက်သွေ့လှပါဘိ။ ဘဇာ ကြောင့်နည်း။ အကြောင်းရင်းကို စောကြောဆန်းစစ်မိသောအခါ- မြို့ ကြီးသား တို့ကား အားလပ်ရက်အတွက် နိုင်ငံတွင်း၊ ပြင် အပန်းဖြေခရီးများ ကိုယ်စီကိုယ်ဌ ထွက်တော်မူနေကြရာ ဘယ်ခရီးမှ မထွက်နိုင်သော သူ့လိုလူမျိုးများသာ ဆုန်ကရမ် သင်္ကြန်ရက်အတွင်းဘန်ကောက်တွင် ငေါင်းစင်းစင်း [...]

