By သင့်လူ on August 27, 2009
“ရေအောက်ကြမ်းပြင်အထိ ပေတစ်ရာ့ခြောက်ဆယ် နက်တယ်” အီရာကော့စ်က ရေခဲပြင်မှ ယူဘုတ်နစ်ဝင်သွားသည့် အပေါက်ကြီးကို ငေးကြည့်ရင်းပြောလိုက်သည်။ “ခင်ဗျားတကယ် ရေအောက်ကိုဆင်းချင်တာလား မစဿစတာပစ်”
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်
By သင့်လူ on August 21, 2009
နံပါတ်လေးသည် ဂူထဲသို့ လှိမ့်ဝင် လာသည်။ နံပါတ်ငါးက သူ့နောက်မှ မတ်တပ် ရပ်လျှက်။ ဓါတ်မီး များဖြင့် ဟိုရမ်း ဒီရမ်း၊ သေနတ် များကိုလည်း ပစ်ခတ်ရန် အသင့် အနေအထားဖြင့် မောင်းတင် ထားကြသည်။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်
By သင့်လူ on August 14, 2009
နံပါတ်တစ်သည် လက်နှိပ်ဓါတ်မီး အလင်းရောင် အားကိုးဖြင့် ပိန်းပိတ်အောင် မှောင်သည့် လှိုဏ်ဂူ ထဲသို့ သတိကြီးစွာ ဝင်ရောက် သွားသည်။ လှိုဏ်ဂူထဲ ရောက်သည်နှင့် သေနတ်ကို အသင့် ပစ်ခတ်ရန် အနေအထားသို့ ပြောင်းလဲ လိုက်သည်။ လက်နှိပ်ဓါတ်မီး အလင်းရောင် အောက်တွင် သူ မြင်ရသည်ကား အရိုးစုတစ်ခု၊ ဟောင်းနွမ်းစုတ်ပြတ် နေသော ပရိဘောဂ အချို့ နှင့် နံရံ တစ်ဖက်တွင် ထူထပ်စွာ ဖုံးအုပ်ထားသော ပင်လယ်ရေမှော်များသာ။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်
By သင့်လူ on August 11, 2009
“ဘယ်လောက်ကြာမယ်တဲ့လဲ ရူဒီ” ဂျီယိုဒီနိုသည် ရူဒီဂန်း၏ မျက်နှာရိပ်မျက်နှာကဲ ကိုကြည့်ရင်းမေးလိုက်သည်။ တကယ်တော့ သူသည် အဆိုးဆုံးအခြေအနေကို မျှော်လင့်ထားပြီး ဖြစ်၏။
“အမြန်ဆုံး နှစ်နာရီတဲ့”
“ဒီလူသတ်သမား တပ်ဖွဲ့ဟာ ကျုပ်တို့ဒီမှာ ရှိမှန်း ဘယ်လိုလုပ်သိသွားသလဲ ရူဒီ”
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်
By သင့်လူ on August 8, 2009
“ဒီ ဒတ်ပစ်ဆိုတဲ့ ငနဲဟာ မွေးကတည်းက ပလ္လင်ဖင်ကပ် ပါလာတဲ့ကောင်စားမျိုး၊ ရွေးလိုက်တိုင်းအကောင်းချည်းရတဲ့ အကောင်ပဲ” ဂျီယိုဒီနို သည် ပွစိပွစိလုပ်နေ၏။
“ဒီမယ် ရူဒီ၊ ဒီအကောင်ဟာ ခုလောက်ရှိ ဝင်ရိုးစွန်းမုန်တိုင်း သင်္ဘောပေါ်က အကောင်းစားအိပ်ခန်းထဲမှာ တောင့်တောင့်ဖြောင့်ဖြောင့် အဏ္ဏဝါဗေဒ ပညာရှင် ကောင်မလေး တစ်ယောက်ယောက်နဲ့ ဖက်ကို အိပ်နေရမယ်ဗျာ၊ ခင်ဗျားနဲ့ ကျုပ် တစ်ရာကြေး လောင်းမလား”
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်
Recent Comments