နံပါတ်လေးသည် ဂူထဲသို့ လှိမ့်ဝင် လာသည်။ နံပါတ်ငါးက သူ့နောက်မှ မတ်တပ် ရပ်လျှက်။ ဓါတ်မီး များဖြင့် ဟိုရမ်း ဒီရမ်း၊ သေနတ် များကိုလည်း ပစ်ခတ်ရန် အသင့် အနေအထားဖြင့် မောင်းတင် ထားကြသည်။ဂျီယိုဒီနိုသည် ဂန်းကို လေသံကလေးဖြင့် ပြောလိုက်သည်။
“ကျုပ် ခင်ဗျားကို ပြောတယ် မဟုတ်လား ရူဒီ၊ သူတို့ နံပါတ်ခြောက်ကို အပြင်မှာ ထားခဲ့တယ်”
ထိုအခိုက် နံပါတ်လေးက ရေဒီယိုမှ တဆင့်-
“ဂူထဲမှာ တစ်ယောက်မှမရှိဘူး” ဟု အပြင်ဖက်သို့ ပြောနေ သည်ကို ကြားလိုက် ကြရသည်။
“မဖြစ်နိုင်ဘူး နံပါတ်လေး။ ပထမအဖွဲ့ က သုံးယောက် စလုံး ဂူထဲ ဝင်သွားတာ ဆယ့်ငါးမိနစ်ပဲ ရှိသေးတယ်” ရဟတ်ယာဉ် ပိုင်းလော့က ပြန်ပြော၏။
နံပါတ်ငါးက ဝင်ပြော၏။
“နံပါတ်လေး ပြောတာ မှန်တယ်၊ ဂူထဲမှာ ဘယ်သူမှ မရှိဘူး၊ နံပါတ် တစ်၊နှစ်၊သုံး တို့ ပျောက်နေကြပြီ”
သူတို့သည် လေသံကလေးဖြင့် ပြောနေကြ သော်လည်း ရေဒီယို ဆက်သွယ်ရေးစက်က တဆင့် ရူဒီဂန်းနှင့် ဂျီယိုဒီနို တို့ နှစ်ယောက်လုံး ကောင်းစွာ ကြားနေရသည်။ ဂူထဲတွင် ပုန်းအောင်းစရာ နေရာလည်း မရှိသည့် အတွက် နံပါတ်လေးနှင့် ငါးမှာ စိတ်သက်သာရာ ရလာဟန်ဖြင့် သေနတ်ကိုင် လက်များမှာ လျော့တိလျော့ရဲ ဖြစ်လာသည်နှင့် တပြိုင်နက်-
“ခင်ဗျားက မတ်တပ်ရပ်နေတဲ့ အကောင်ကို ဆော်၊ ကျုပ်က ဒူးထောက်နေတဲ့ ကောင်ကို တီးမယ်၊ ကျည်ကာအကဿငျီ ဝတ်ထား ကြတယ်။ ခေါင်းကို ချိန်ပစ်၊ စမယ်” ဂျီယိုဒီနို၏ တီးတိုးလေသံ အဆုံးတွင် သေနတ်နှစ်လက် ၏ ပြောင်းဝများ ကျောက်တုံးကြားမှ တစ်လက်မခန့် ထွက်လာသည်။
သေနတ်သံ နှစ်သံသည် တစ်ပြိုင်ထဲ နီးပါး ထွက်လာသဖြင့် ကျောက်လှိုဏ်ဂူထဲ မိုးခြိမ်း သကဲ့သို့ ဆူညံ သွားသည်။ မြေပေါ်တွင် ဒူးထောက် နေသူ နံပါတ်လေးသည် လှုပ်သည် ဆိုရုံမျှသာ လှုပ်နိုင်လျှက် အသံ တစ်စက်မှ မထွက်ပဲ လဲကျ သွား၏။ နံပါတ်ငါးသည် သုံးကြိမ်မျှ အသက်ကို ကြိုးစား ရှုသေးသည်။ ထို့နောက် နားထင်ကို ထုတ်ချင်းပေါက် မှန် ထားသော သေနတ်ဒဏ်ရာက သူ့အသက်ကို နှုတ်ယူ သွားတော့သည်။
ဂျီယိုဒီနိုသည် ကျောက်တုံး များကို ဖယ်ရှား၍ တိုးထွက် လာပြီး အလောင်း နှစ်လောင်းကို စစ်ဆေး နေ၏။ နောက်မှ ကြည့်နေသော ဂန်းကို လှည့်၍ လက်မထောင်ပြ၏။ ထိုစဉ် ရေဒီယို ဆက်သွယ်ရေး ကိရိယာမှ-
“ဘာဖြစ်တာလဲ၊ ဘာဖြစ်ကြတာလဲ” ဆိုသော ပိုင်းလော့၏ အသံကျယ်ကြီး ဟိန်းထွက် လာသည်။
ဂျီယိုဒီနို က အလေးမထားဟန်ဖြင့်-
“ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူးကွာ၊ ငါတို့ ယုန်တစ်ကောင်တွေ့လို့ ပစ်လိုက်တာ” ဟု ပြန်လည် ဖြေဆို လိုက်သည်။
“ဘာ-ယုန်။ ဟုတ်လား၊ ဘာတွေ ပြောနေတာလဲ”
“ကျုပ်တို့ ရဲဘော်တွေ သေကုန်ပြီ ထင်တယ်၊ အခုပြောနေတာ အသုံးလုံးက ငနဲတွေ” နံပါတ်ခြောက်သည် အခြေအနေမှန်ကို အောင်မြင်စွာ သုံးသပ် လိုက်နိုင်သည်။ ကဲ- ကန့်လန့်ကာ ဖွင့်ပြဖို့ အချိန်တန်ပြီ။ ဂျီယိုဒီနိုက အားပါး တရ ပြောလိုက်၏။
“ဟုတ်တယ်လေကွာ၊ နံပါတ် တစ်၊ နှစ်၊ သုံး ဆိုတဲ့ ယုန်သုံးကောင်ကို ခုနက ရတယ်၊ အခု နံပါတ် လေးနဲ့ ငါးဆိုတဲ့ ယုန် နှစ်ကောင်ရပြန်ပြီ။ မင်းတို့ ယုန်တွေက တစ်ခါပစ် တစ်ကောင်ပဲကွ”
ရဟတ်ယာဉ်မှူးသည် ဒေါသအိုး ပေါက်ကွဲ ချေပြီ။
“မင်း- မင်းတို့ သေကို သေစေရမယ်” ဟု ဂမူးရှူးတိုး ကတုန်ကယင် ပြော၏။
“မာဖီးယား ခေါင်းဆောင်ကြီးများ စုံထောက်တွေကို ပြောလေ့ ရှိတဲ့ စကားနဲ့ မင်းကို ပြန်ပြော ရရင် မင်းအစွမ်းရှိရင် ငါတို့ကို လာဖမ်းလှည့်လေ၊ စိန်ပလိမ်တိမ် ဂွိမ်ပေါ့ကွာ” ဂျီယိုဒီနိုသည် အူမြူးနေ၏။ ပိုင်းလော့ကို အနာပေါ် တုတ်ကျအောင် ပြောဆိုနေ၏။
“ဟင်း-ဟင်း၊ မင်းတို့ကို ကိုယ်တိုင် လာဖမ်းစရာ မလိုပါဘူးကွာ” ပိုင်းလော့က အေးစက်စွာ ပြောလိုက်သည်။ ဂျီယိုဒီနို ချက်ချင်း သဘောပေါက်၏။ ကျီစားသန်သဖြင့် ရန်များ တော့မည်။
“ရူဒီရေ၊ ဝပ်နေဗျ” ဟု အော်ပြောလိုက်ရင်း သူကိုယ်တိုင်လည်း အကာအကွယ် ယူ၍ ပြားနေအောင် ဝပ်ချ လိုက်သည်။
ရဟတ်ယာဉ်မှူးသည် လှိုဏ်ဂူဝ တည့်တည့်သို့ ချိန်၍ ဒုံးကျည်တစ်စင်း ပစ်လွှတ် လိုက်သည်။ ဒုံးကျည်သည် ဂူဝမှ တည့်တည့်ကြီး ဝင်လာပြီး ဂူထဲတွင် ပေါက်ကွဲ တော့သည်။ ပေါက်ကွဲသံကြီးကား နား ကွဲလုခမန်း၊ ဂျီယိုဒီနို နှင့် ရူဒီဂန်းမှာ ပြားနေအောင် ဝပ်ချ လိုက်သော်လည်း ပေါက်ကွဲမှု အရှိန်က ကြီးမား ပြင်းထန် လှသည့် အတွက် ဆယ်ထပ်တိုက် ပေါ်မှ စနဿဒယားကြီး တစ်လုံး ကိုယ်ပေါ် ပြုတ်ကျ သကဲ့သို့ ခံစား နေကြရသည်။ ကလီစာတွေ ပြုတ်ထွက်လုမတတ် ဗြောင်းဆန် ကုန်၏။ မီးလောင်လွယ်သော အရာမှန်သမျှ မီးဟုန်းဟုန်း တောက်ကုန်၏။ မီးခိုးလုံးများနှင့် ဖုန်မှုန့်များကြောင့် အသက် မရှုနိုင်အောင် မွန်းကြပ် ကုန်ကြ၏။ လှိုဏ်ဂူကြီး ကတော့ ပြိုကျ မသွားပဲ အံ့ဩဖွယ် ကောင်းလောက်အောင် ကြံ့ကြံ့ခံနိုင် ဆဲ ဖြစ်၏။
ဂျီယိုဒီနို နှင့် ဂန်းသည် အဆုတ်ကို ဧရာမ လက်သီးကြီး များဖြင့် တရစပ် ထိုးခံ ထားရသလို ရင်ဘတ်တွေ အောင့်နေ ကြသည်။ ဂန်းက ချောင်း တဟွတ်ဟွတ် ဆိုးရင်း-
“နောက်ထပ် ဒုံးကျည်တစ်လုံး ထပ်မပစ် ပါစေနဲ့ ဘုရား၊ ထပ်ပစ်ရင် တပည့်တော်တို့ ကိုယ်ကျိုး နည်းဖို့သာ ရှိပါတော့တယ် ဘုရား” ဟု တကယ်လိုလို၊ နောက်သလိုလို ဆုတောင်း နေသေးသည်။
ဂျီယိုဒီနို သည် ဂန်းအသံကို မကြားတစ်ချက်၊ ကြားတစ်ချက် နှင့် နားတွေ လေထွက်ပြီး အူနေ၏။ ပါးစပ်ကြီးဟ၍ အသက်ရှု နေရင်းက-
“သူတို့က တစ်လုံးဆို လုံလောက်ပြီလို့ ထင်ကြ လိမ့်မယ်၊ နောက်တစ်လုံး ထပ် မပစ်တော့ဘူး၊ ခင်ဗျားနဲ့ ကျုပ် ဆန်ဒက်ကာ ဖင်ကို မီးရှို့ကြေး လောင်းမလား” ဟု ပြောဖြစ်အောင် ပြောလိုက် သေးသည်။
သူတို့ နှစ်ယောက်သည် မောဟိုက် နေသည့် ကြားမှ သေနတ်များကို လိုက်ကောက်သည်။ ဂျီယိုဒီနိုသည် ခြေမှုန်းရေး ရိုင်ဖယ် သုံးလက်၏ မောင်းကွင်း များကို ကျောပိုးအိတ် သိုင်းကြိုးဖြင့် ချည်လိုက်ပြီး တပြိုင်နက် ပစ်ခတ် နိုင်ရန် ပြင်ဆင်နေ၏။ ဂန်းဖက် လှည့်၍ ပြုံးပြ လိုက်ပြီး-
“ကဲ- ရူဒီ၊ နောက်ဆုံး တိုက်ပွဲကြီး ဆင်နွှဲကြစို့၊ ခင်ဗျားက နံပါတ်ခြောက်ကို ဆော်၊ ကျုပ်က ရဟတ်ယာဉ်ကို တီးမယ်၊ ဒီတစ်ခါတော့ သူသေ ကိုယ်သေ ပဲဗျို့” ဟု ပြောလိုက်၏။
ဂန်းက ခေါင်းညိတ် ပြလိုက်ပြီး-
“ငါအရင်ထွက်မယ် အယ်လ်၊ နံပါတ်ခြောက် မသေပဲနဲ့ မင်း ဟယ်လီကော်ပတာကို ပစ်ချလို့ မရဘူး”
ပြောပြောဆိုဆို ဂန်းသည် ရိုင်ဖယ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဂူထဲမှ ပြေးထွက် သွားတော့သည်။ ဂျီယိုဒီနိုသည် သူ၏ အထက်အရာရှိ အသုံးလုံး ဒုတိယ ညွှန်ကြားရေးမှူးကြီး အား တားဆီးချိန် မရလိုက်ပါ။
နံပါတ်ခြောက်သည် ဒုံးကျည်သင့် လှိုဏ်ဂူထဲတွင် မည်သူမှ အသက် မရှင်နိုင် ဟု စိတ်ချ ယုံကြည် ထားသဖြင့် ရေဒီယို စက်မှတဆင့် ပိုင်းလော့ နှင့် အေးအေး ဆေးဆေး စကား ပြောနေ၏။ ပြေးထွက်လာသော ဂန်း၏ မျက်မှန်မှာ ရွှံ့ စက်များ၊ ဖုန်များ ကပ်ငြိ ပေကျံနေသဖြင့် နံပါတ်ခြောက်ကို သေသေချာချာ မမြင်ရ။ ဆယ်ပေအကွာမှ ဝိုးတဝါး မြင်ရသော အရိပ် မည်းမည်းကို မှန်း၍ ရမ်းပစ်လိုက်သည်။ ဂန်း၏ ကျည်ဆန်များသည် နံပါတ်ခြောက် အနားမှ ဝှီကနဲ ဖြတ်သန်း သွားသော်လည်း လူကို မထိ။ နံပါတ်ခြောက်သည် ချာကနဲ လှည့်လိုက်ပြီး ဂန်းကို ဦးတည်၍ ငါးချက် တိတိ ပစ်လိုက်၏။ ကျည်နှစ်တောင့်က ဂန်း၏ ကျည်ကာအကဿငျီ ဝတ်ဆင် ထားသော ရင်ဘတ်ကို မှန်၍ တစ်တောင့်က ဘယ်ဖက် ပေါင်ကို မှန်၏။ ဂန်းသည် မြင်း အကန် ခံလိုက် ရသကဲ့သို့ လွှင့်စဉ် ထွက်သွားပြီး ခွေခွေလေး လဲသွား၏။
ထိုအခိုက် —–
ဂျီယိုဒီနိုသည် သုံးလက် တွဲ ရိုင်ဖယ်ကြီးကို မ၍ ပြေးထွက် လာပြီး နံပါတ်ခြောက်ကို တရစပ် ပစ်လိုက်သည်။ နံပါတ် ခြောက်သည် ကျည် အတောင့် နှစ်ဆယ်မျှ ခေါင်းကို မှန်ပြီး နေရာတွင် ပွဲချင်းပြီး သွား၏။ ဂျီယိုဒီနိုသည် တုံ့ဆိုင်း မနေပဲ ရိုင်ဖယ် သုံးလက်ကို ရဟတ်ယာဉ် ရှိရာသို့ ချိန်၍ အဆက်မပြတ် ပစ်ခတ် တော့သည်။ တစ်မိနစ်လျှင် အတောင့်သုံးထောင်နှုန်း အလျင်ဖြင့် ခြေမှုန်းရေး ရိုင်ဖယ် သုံးလက်မှ ထွက်သော ကျည်ဖူးများက ရဟတ်ယာဉ်၏ အကာအကွယ်မဲ့ ဝမ်းဗိုက်ထဲသို့ တရစပ် တိုးဝင် သွားကြ၏။
ရဟတ်ယာဉ်မှူးသည် သူ၏ စက်သေနတ်ကို ပစ်ခတ်ရန် ကြိုးစား သော်လည်း အထမမြောက် လိုက်တော့၊ ရိုင်ဖယ် ကျည်ဆန် များကြောင့် မှန်များ ကွဲကြေ၍ ကျည်ဆန်များ သူ့ထံ တိုးဝင် လာသည် ကိုသာ နောက်ဆုံး သိလိုက်ရ၏။ ရဟတ် ယာဉ်သည် တောင်စောင်း နှင့် တိုးဝင် တိုက်မိပြီး မီးလောင် ပေါက်ကွဲ သွားတော့သည်။
ဂျီယိုဒီနိုသည် ရိုင်ဖယ်သုံးလက်မှ ကျည်ဆန် မကုန်မချင်း ရဟတ်ယာဉ် ကို တရစပ် ပစ်ခတ် ပြီးမှ သေနတ်များကို ပစ်ချ၍ လဲနေသော ရူဒီဂန်း ဆီသို့ ပြေးသွား၏။
“ငြိမ်ငြိမ်လေးနေ၊ မလှုပ်နဲ့ ရူဒီ”
“ခြစ်မိရုံလေးပါကွာ” ရူဒီဂန်းက နာကျင်လွန်းသဖြင့် သွားကြားမှ ထွက်သော လေသံဖြင့် ပြန်ပြော၏။
“ခြစ်မိရုံ မဟုတ်ဘူးဗျ၊ ခင်ဗျား ခြေထောက်ရိုး နှစ်ချောင်းလုံး ကျိုးသွားတာ”
ဂျီယိုဒီနိုသည် ရှူးဖိနပ် ကြိုးကို ဖြုတ်၍ ဂန်း၏ ဒူးအထက်မှ ပေါင်ကို ကြိုးဖြင့် စည်းနေ၏။ အရေးပေါ် သွေးတိတ် စေရန် ဖြစ်၏။ ပြီးတော့ လှိုဏ်ဂူထဲသို့ ပြန်ပြေး၍ ဆေးသေတဿတာ အိတ်ကို ပြေးယူပြီး ဂန်းကို ပြုစု ကုသပေး၏။
“ကဲ- ရူဒီ၊ ကျုပ် လုပ်တတ်သမျှတော့ ကုန်ပြီ၊ ကိတ်တောင်း ရောက်မှပဲ ဆရာဝန် ဆက်ကု ပစေတော့နော်” ဂျီယိုဒီနိုသည် ဒဏ်ရာ အပြင်းအထန် ရနေသော ရူဒီဂန်းကို တတ်နိုင်သမျှ သက်တောင့်သက်သာ ရှိစေရန် ပြင်ဆင် ပေးနေ၏။ ပြီးမှ ဆန်ဒက်ကာထံ ဖုန်းခေါ်၍ အခြေအနေကို တင်ပြ အစီရင်ခံ၏။ ခုတော့ အားလုံး ပြီးစီးသွားပြီ။ သူသည် တောင်စောင်းတွင် ချိတ်၍ မီးလောင်နေဆဲ ဖြစ်သော ရဟတ်ယာဉ်ကို ငေးကြည့်ရင်း-
“ရူးနေတာ၊ သွက်သွက်ခါအောင် ရူးနေကြတာ၊ ဒီလောက် အရူးအမူး သတ်ချင်၊ ဖြတ်ချင် နေကြအောင် ဒီလူတွေ ကို ဘာကများ လှုံ့ ဆော်ပေးနေ ပါလိမ့်” ဟုတီးတိုး ရေရွတ် လိုက်၏။ သူကိုယ်တိုင်လည်း အဖြေ အတိအကျ မရှိ၊ မကြာခင် သိရလိမ့်မည် ဟုတော့ မျှော်လင့်မိ၏။
++++++++++++++++++++++++++

Recent Comments