တတိယပိုင်း
နှစ်ဆယ့်တစ်ရာစု တန်ခိုးတှော
ဧပြီ (၄) ရက် ၂ဝဝ၁ ခုနှစ်
အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးမြို့ တှော
ကမဿဘာပှေါရှိ အှောပရာပြဇာတ်ရုံများ၏ အဆင့်အတန်းကို ဖျှောဖြေ တင်ဆက်ကြသည့် အနုပညာရှင်များက အသံသက် ရောက်နိုင်စွမ်းဖြင့် ဆုံးဖြတ်ကြ၏။ ပြဇာတ်ခုံပှေါမှ အသံသည် အထပ်မြင့်ရှိ အထူးတန်းထိုင်ခုံများမှ ကြည်ကြည် လင်လင်ကြားရလျှင်သှောလည်းကောင်း။ လေထုအတွင်း ခရီးအကွာအဝေးအတှောဝေးဝေးအထိ ပျံ့ နှံ့သက်ရောက် နိုင်လျှင်သှောလည်းကောင်း ထိုပြဇာတ်ရုံကို ထိပ်တန်းအဆင့်ဟုသတ်မှတ်ကြသည်။ပရိသတ်များအနေနှင့်ကတော့ အချို့ ကနေရာထိုင်ခင်း၏ ခမ်းနားကြီးကျယ်မှု၊ အချို့ က အဆင်အပြင်၏ အနုပညာ ရနံ့ ထုံမွှန်းမှု၊ အချို့ က အချိုးအစားပြေပြစ်မှုစသည့် စံအမျိုးမျိုးဖြင့် အဆင့်အတန်းကို သတ်မှတ်ခွဲခြားကြ၏။ မည်သည့်စံ ဖြင့်တိုင်းတာသည်ဖြစ်စေ ဗျူနိုအေးရီးမြို့တှော အေဗန်နီဒါ (၉) ဒီဂျူလီယိုအရပ်ရှိ တီထရိုကိုလွန် ပြဇာတ်ရုံသည် ထိပ်တန်း အဆင့်မှ တစ်ပြားသားမှမလျော့။
၁၈၉၀ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၈ ခုနှစ်တွင်မှ ပြီးစီးခဲ့သည် တီထရိုကိုလွန် အှောပရာ ပြဇာတ်ရုံသည် ရပ်ကွက်ကြီးတစ်ခုစာခန့် ကျယ်ဝန်းသည့် ဧရာမ ရုံကြီးမဟာ ဖြစ်၏။ ပြင်သစ် အနုပညာဟန်၊ အီတလီ ရီနေဆွန်းခေတ် ပိသုကာ အငွေ့အသက်၊ ဂရိ၏ ဂနဿတဝင်မြောက် ခမ်းနားကြီးကျယ်မှုများပေါင်းစပ်ထားသည် ဤပြဇာတ် ခုံကြီးပှေါတွင် ဗက်ဗလိုဗာနှင့် နီဂျင်စကီးတို့ ဖျှောဖြေခဲ့ဖူးသည်။ ကရူဆိုမှ ကဲလက်စ်အထိ အှောပရာအဆိုတှောမှန် လျှင် တီထရိုကိုလွန်တွင် ဖျှောဖြေဖူးမှ တန်းဝင်သည်ဟူသည့် အစွဲအလန်းရှိကြသည်။ ညဦးယံများတွင် အာဂျင်တီးနား လူ့မလိုင်အသိုင်းအဝိုင်းသည် တီထရိုကိုလွန်၏ အီတလီကြွေပြားများခင်းထား၍ ရောင်စုံမှန်များကာရံထားသည့် ပင်မ လှေကားကြီး မှလျှောက်လှမ်း၍ ခမ်းနားခန့်ထည်လှသည့် ထိုင်ခုံများတွင် အမြိုင့်သားထိုင်ရင်း တေးသံသာများကို နားသောတဆင်လိုက်ရမှ အကြောပေါင်းတစ်ထောင်စိမ့်အောင် ဖရဏပီတိ၊ ဂွမ်းဆီထိ၍ လူဖြစ်ရကျိုးနပ်သည်ဟု ယူဆကြသည်ကော။
တီထရိုကိုလွန် အှောပရာပြဇာတ်ရုံတွင် နာမည်ကျှော ဂီတပညာရှင် ကလှောဒီယို မွန်တီဗါဒီ၏ ပှေါပီရာ ပြဇာတ် ဖျှောဖြေပွဲမစတင်မှီ စကဿကန့်ခြောက်ဆယ်အလိုတွင် ပြဇာတ်ရုံ ညာဖက်ထောင့်ရှိ အထူးခန်းတစ်ခုမှလွဲ၍ ထိုင်ခုံအားလုံး လူပြည့်လျှက် ရှိသည်။ ပှေါပီရာသည် ဘုန်းမီးနေလ တောက်ပခဲ့သည့် ရောမပြည့်ရှင် နီယို၏ မိဖုရားငယ်တစ်ဦး အကြောင်း တေးသရုပ်ဖှော ဇာတ်လမ်း ဖြစ်၏။ လေးနာရီကြာဖျှောဖြေ ကပြကြမည့် အဖွဲ့သားများမှာ ဆယ့်ခွန်နှစ် ရာစုရောမ နန်းတွင်းဝတ်စုံကိုယ်စီနှင့်။
ပြဇာတ်စတင်ရန် မီးများမပိတ်မှီ စကဿကန့်အနည်းငယ်အလိုတွင် အမျိုးသားတစ်ဦးသည် အမျိုးသမီးလေးဦး ခြံရံလျှက် လွတ်နေသော ညာဖက်ထောင့် အထူးခန်းအတွင်းမှ ကတဿတီပါခင်းထိုင်ခုံများဆီသို့ လျှောက်လှမ်းလာနေ၏။ တက်ဆူဒို ဝတ်စုံဝတ်ထားသော သက်တှောစောင့်နှစ်ဦးက အထူးခန်း၏ လိုက်ကာစများနောက်ဝယ် မတ်တပ်ရပ်လျှက်။ စပ်စုချင်သော လူ့သဘာဝအတိုင်း ပြဇာတ် ရုံအတွင်းရှိ ရာပေါင်းများစွာသော ပရိသတ်၏ မျက်ဝန်းများကား ထိုလူတစ်စုထံသို့ စူးစိုက်ကြည့်မိကြသည်။
အမျိုးသမီးလေးဦးကား ရင်သပ်ရှုမော ရလောက်သည့် အလှပိုင်ရှင်များဖြစ်ကြသည်။ ရုပ်ရည်ချောမောလှပခြင်းထက် ကျက်သရေ ရှိခြင်း အိနြေဿဒရှိစွာလှပကြခြင်းဖြစ်၏။ ပုခုံးပှေါဝဲကျလျက်ရှိသော ရွှေရောင်ဆံနွယ် ကိုယ်စီ။ ပါးရိုး မြင့်မြင့်၊ နေလောင်ခံထားရသည့် အသားအရေကိုယ်စီ။ သမုဒဿဒရာရေအရောင် မျက်ဝန်းလဲ့ပြာပြာကိုယ်စီ ပိုင်ဆိုင်ကြသော အမျိုးသမီး လေးဦးမှာ သူတို့၏ တူညီသော ရုပ်သွင်များကြောင့် ညီအမများဆိုသည်မှာ ထင်ရှားလှသှောလည်း ကိုးမြွာပူးကလေးများထဲမှ အသက်ရှင်ကျန်ရစ်သည့် အမြွာလေးဦးဆိုသည်ကိုတော့ မည်သူမှတွေးမိလိမ့်မည် မဟုတ် ပါ။ ချပ်ချပ်ရပ်ရပ်ဝတ်ထားသော ဝတ်စုံများအောက်မှ ကိုယ်ကာယများသည် အဆီပိုမရှိပဲ ကျစ်လစ်တောင့်တင်းနေ သည်ကို ကြည့်ခြင်းအားဖြင့် နှစ်ပေါင်းများစွာ အားကစားလိုက်စားထားမှန်းသိသာလွန်းလှသည်။ သူတို့အားလုံးသည် အသက် သုံးဆယ့်ငါးနှစ်စီရှိသော အိမ်ထောင်သည်များဖြစ်ပြီး ကလေးငါးယောက်စီမွေးထားသည့် မိခင်များဟု ကျမ်းကျိန် ပြောလျှင်ပင် မည်သူမှ ယုံနိုင်မည် မဟုတ်ကြ။ ထိုဆန်းကြယ်သည့် မောင်နှမတစ်စုသည် ရယ်ကာမောကာ စကားပြောဆိုနေကြသှောလည်း သူတို့၏ မျက်ဝန်း အကြည့်များက ထူးခြားလှသည့်။ သားကောင်ကို မလွတ်တမ်းလိုက်ကြည့်နေသည့် ကျားသစ်၏ မျက်ဝန်းများနှင့် တူတူနေသေးတော့သည်။
အမျိုးသမီးလေးယောက်၏ အလယ်မှ အမျိုးသားသည် မျက်လုံးအရောင်၊ ဆံပင်အရောင်တို့က သူ့ညီမများအတိုင်း တသွေမတိမ်းတူညီသှောလည်း ခြောက်ပေ ခြောက်လက်မရှိသော သူ့အရပ်ကြီးက ငါးပေ ဆယ်လက်မကိုယ်စီ ရှိကြသည့် သူ့ညီမများအပှေါမိုး၍နေသည်။ ကြွက်သားထုထည်ကြီးမားခန့်ထည်သော ကိုယ်ကာယ။ လေးထောင့် စပ်စပ် မျက်နှာ၊ မြှားတစ်စင်းကဲ့သို့ ဖြောင့်စင်းသော နှာတံ၊ အလယ်တွင် အချိုင့်ကလေးပါသော မေးစေ့ နှင့် မိန်းမသားတို့ ဆော့ကစားချင်စရာ ပျော့ပျောင်းနှုးညံ့သည့် ရွှေရောင်ဆံကေသာပိုင်ရှင် ကိုလူချောသည် အာရှတိုက်ရှိ တရုပ်နှင့် အိနဿဒိယမှသည် ဥရောပတစ်တိုက်လုံးနီးပါးနှင့် တောင်မြောက်အမေရိကတိုက်ရှိ နိုင်ငံအားလုံး နီးပါးရှိ မိသားစုပိုင် ကံကြမဿမာ မဟာ ကှောပိုရေးရှင်းကြီး၏ အမှုဆောင်အရာရှိချုပ် ကားလ်ဝုဖ် ဖြစ်၏။ သူ့ကိုယ်ပိုင်ဥစဿစာဓနကိုက ဒှေါလာ ဘီလီယံ တစ်ရာကျှောရှိသည့် စူပါဇောတိကကြီးဖြစ်၏။ သူ့ညီမများနှင့် ခြားနားစွာ ကားလ်သည် လက်မထပ်ရသေး သည့် လူပျိုလူလွတ်တစ်ဦးဖြစ်သည်။
ဝုဖ်နှင့် သူ့မိသားစုသည် အာဂျင်တီးနားလူ့မလိုင်အသိုင်းအဝိုင်းသို့ အခက်အခဲမရှိ ဝင်ရောက်ကျင်လည် ကျက်စားနိုင်ခဲ့ သူများဖြစ်သည်။ စုစုပေါင်း လူနှစ်ရာကျှောပါဝင်သော သူ့မိသားစု အသိုင်းအဝိုင်းကြီးသည် ပုံမှန်အားဖြင့်တော့ ပြင်ပ လူမှုရေး ကိစဿစများတွင် သိပ်ပြီး ပါဝင်ပါတ်သက်လေ့မရှိ။ ဝုဖ်မိသားစုဝင် အမျိုးသမီးများသည် ဗျူနိုအေးရီးရှိ ဖက်ရှင်ဆိုင်များ၏ ပုံမှန်ဖောက်သည်များမဟုတ်ကြ။ ကားလ်ဝုဖ်ကတော့ ခြွင်းချက်ဖြစ်၏။ ဝုဖ်မိသားစုသည် အာဂျင်တီးနား၏ နိုင်ငံ့ မျက်နှာဖုံးများဖြစ်ကြသှောလည်း သူတို့အကြောင်းသိသူ သိပ်မရှိကြ။ ထိပ်တန်းအစိုးရ အရာရှိများပင်လျှင် ဝုဖ်မိသားစု ၏ အတွင်းစည်းကို မည်သူမှ မဝင်နိုင်ကြချေ။ မိသားစုအတွင်းရှိ အမျိုးသမီးများသည် ဘယ်ကလာ၍ ဘာလုပ်မှန်း မသိကြသည့် ပီတိတစိမ်းတရံစာများနှင့်သာ လက်ထပ်ထိမ်းမြားလေ့ရှိကြသည်။ မည်သူနှင့် လက်ထပ်သည် ဖြစ်စေ မွေးဖွားလာသော ကလေးတိုင်းကို ဝုဖ်မျိုးဆက်နာမည်ကိုသာ ခံယူစေသည်ကတော့ အလွန်အင်မတန်ထူးခြားသည့် အချက်ဖြစ်၏။
ထိုသို့ လျှို့ဝှက် ဆန်းကြယ်လှသည့် ဝုဖ်မိသားစုမှ ထိပ်တန်းအကျဆုံးကားဝုဖ်နှင့် သူ့ညီမလေးဦးကို အှောပရာပွဲတွင် တွေ့ရသည်မှာ ထူးထွေသည့် အံ့ရာသှောဖြစ်သည်။ အာဂျင်တီးနား လူ့မလိုင်အသိုင်းအဝိုင်းအတွက် မနက်ခင်း သတင်းတစ်ပုဒ် ဧကန်အမှန် ဖြစ်တော့သည်။
ပဏာမဧည့်ခံတီးလုံး ပြီးဆုံး၍ ကားလိပ်ဖွင့်လိုက်ပြီ။
ရွှေပွဲလာ ဧည့်ပရိသတ်၏ အာရုံသည် ဝုဖ်မောင်နှမများထံမှ ပှေါပီရာတေးအှောပရာဆီသို့ ပြန်လည်ရောက်ရှိကြပြီ ဖြစ်၏။ ကားလ်၏ ဘယ်ဖက်တွင်ထိုင်နေသော မာရီယာဝုဖ်သည် လေသံကလေးဖြင့်-
“အကို၊ ကျွန်မတို့ကို ဘာလို့ဒီပွဲ ခှေါလာတာလဲ” ဟု သူ့အကိုကားလ်ဝုဖ်ကို ကြိတ်၍မေးလိုက်သည်။
ကားလ်ဝုဖ်သည် သူ့ညီမကို ပြုံးကြည့်ရင်း-
“ဒီလိုမှ တစ်ခါတစ်လေ လူကြားသူကြား ကိုယ်ထင်မပြရင် ကိုယ်တို့မိသားစုကို လူတွေက ယုံထင်ကြောင်ထင် ဖြစ်ကုန် ကြမယ် ညီမရဲ့။ လူတောထဲ ထွက်ထွက်ပေးမှ ကိုယ်တို့ဟာ တိုင်းပြည်ကို ထိန်းချုပ်နေတဲ့ တစ်ခြားကမဿဘာက ဂြိုလ်သား တွေလို့ လူတွေထင်နေတာကို ပြောင်းပစ်နိုင်မှာပေါ့”
“ဘာပဲဖြစ်ဖြစ် ဟေဒီ အနဿတာတိက ကပြန်လာတဲ့ အထိတော့စောင့်သင့်တယ်”
“ဟုတ်တယ်။ ဒီလို ပျင်းစရာကောင်းတဲ့ပွဲမျိုးကို ဟေဒီမှ ကြိုက်တတ်တာ”
မာရီယာ ဝုဖ်၏ စကားကို ကားလ်ဝုဖ်၏ ညာဖက်တွင်ထိုင်နေသော ဂီလီ ဝုဖ်က ထောက်ခံလိုက်သည်။
ကားလ်ဝုဖ်သည် ဂီလီဝုဖ်၏ လက်ကလေးကို ဆုပ်ကိုင်ရင်း-
“နောက်အပါတ် လာထရာ ဗိုက်ရာတာ ပြဇာတ်တင်တဲ့အခါကျရင် အကိုသူ့ကို ခှေါလာပါ့မယ်ကွယ်” ဟုနူးညံ့သိမ်မွေ့ စွာပြောလိုက်သည်။
+++++++++++++++++++++++

