ယယ်လ်ဂါသည် မက်စ်ကို ပိတ်လိုက်ပြီး မတ်တပ်ရပ်၍ အညောင်းဆန့်လိုက်သည်။
“ပင်လယ်ရေကြောင်းကျွမ်းကျင်ကြတဲ့ ရှေးဟောင်းလူမျိုးစုကြီးတစ်ခုဟာ စကြာဝဠာထဲကနေ လမ်းကြောင်းပြောင်းဝင် လာတဲ့ဿ ကြယ်တံခွန်ကြီးတစ်ခု ကမဿဘာကိုဝင်တိုက်တာကြောင့် သူတို့ဆောက်လုပ်ခဲ့တဲ့ ဆိပ်ကမ်းမြို့တွေနဲ့အတူ ပျောက်ကွယ်ခဲ့ရတယ်”
“ဆက်ပါဦး ဟီရမ်”
“အများပြောကြတဲ့ အတဿတလန်တစ် သမုဒဿဒရာအလယ်က ကျွန်းကြီးလို့တော့ အထောက်အထားမတွေ့ရဘူး။ ပင်လယ် ခရီးသွားကြတဲ့ နိုင်ငံတွေပေါင်းစုထားတာ၊ ဒါမှမဟုတ် လူမျိုးစုတွေပေါင်းစုထားတာလို့တော့ ပြောလို့ရတယ်” မနက်ဖြန် မှာဂရပ်ဖစ် ဒီဇိုင်းလုပ်ထားတဲ့ ပုံတွေကို မှောဒယ်လ်အဖြစ်နဲ့ ပြမယ်။
“သူတို့ဆွဲထားတဲ့ တိုက်ကြီးတွေဟာ အခုခေတ် မြေမျက်နှာသွင်ပြင်နဲ့ ကွာခြားနေတယ်မဟုတ်လား”
“ကြယ်တံခွန် ကြွေကျတာထက်ပိုဆိုးတဲ့ ဖြစ်ရပ်တစ်ခုခု ဖြစ်ခဲ့မယ်လို့ ကျွန်တှော့စိတ်ထဲထင်နေတယ် ပစ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျှောလောက်ကတည်းက ကျွန်တှောတို့ အသုံးလုံးအဖွဲ့အဆက်မပြတ်စုဆောင်းလာခဲ့တဲ့ ပထဝီမြေ မျက်နှာပြင် ဆိုင်ရာ သတင်းအချက် အလက်တွေကို ပြန်လေ့လာကြည့်တော့ လွန်ခဲ့တဲ့ နှစ်ကိုးထောင်ကထက်စာရင် ပင်လယ်ရေ မျက်နှာပြင်ဟာ ခုခေတ်မှာ ပေသုံးရာကျှော မြင့်တက်လာတယ်ဆိုတာ တွေ့ရတယ်”
“ဒါဆိုရင် အတဿတလန်တစ်သားတွေရဲ့ အဆောက်အဦးတွေအားလုံး ရေအောက်ရောက်သွားတယ်ဆိုတာ ဖြစ်နိုင်တာ ပေါ့၊ ဒီရှေးဟောင်းလူတွေဟာ သူတို့ကိုယ်သူတို့ အတဿတလန်တစ်သားတွေလို့ ဖှောပြခဲ့သလား ဟီရမ်”
“ဒီစကားလုံးရဲ့ အဓိပဿပါယ်ကိုတော့ သူတို့ကောင်းကောင်းသိတယ်လို့ ကျွန်တှောယူဆတယ်။ အတဿတလန္တစ္ဆိုတာ ဂရိစကား၊ အတဿတလတ္စ္ ရဲ့သမီးေတာှလို့အဓိပဿပါယ္ရတယ္။ ဒီစကားက ပလေတိုကြောင့် လူသိများလာတာ၊ ခုခေတ် တော့ ခင်ဗျားသိတဲ့ အတိုင်း ဟိုတယ်တွေ၊ နည်းပညာတွေ၊ စတိုးဆိုင်တွေ၊ ရေကူးကန်တွေ၊ အရက်ပုလင်းတွေ၊ ဟမ်ဘာကာတွေ ကအစ အတဿတလန်တစ်ဆိုတဲ့ နာမည်ကို ဖောဖောသီသီပေးကြတာကိုး၊ ဒါကလည်း ပျောက်ဆုံးသွား တဲ့ ဒဏဿဍာရီလာ တိုက်ကြီးဆိုပြီး စာအုပ်တွေကလည်း မဟုတ်တာတွေလျှောက်ရေး၊ ရုပ်ရှင်တွေကလည်း ကြည့်ကောင်းအောင် လျှောက်ရိုက်ဆိုတော့ လူကြိုက်အင်မတန်များတာပေါ့။ ဒါပေမဲ့ အတဿတလန်တစ် တကယ်ရှိတယ် ဆိုတာကို ယုံတဲ့လူဟာ ဆန်တာကလော့စ်တကယ်ရှိတယ်ဆိုတာကိုလည်း ယုံ၊ ပန်းကန်ပြားပျံ တကယ်ရှိတယ် ဆိုတာ ကိုလည်း ယုံတဲ့ လူပေါတွေပဲ ရှိပါတယ်”
ပစ်က ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေရင်း-
“ဒီယဉ်ကျေးမှုကြီး တကယ်ရှိခဲ့တယ်ဆိုတာ အထောက်အထားနဲ့တကွ ဖှောထုတ်နိုင်ခဲ့ရင် လူတွေ ဘာပြောကြမလဲ မသိဘူးနှော”
ဟီရမ်က ပြုံးလိုက်ပြီး-
“အဲဒီအချိန်ကျတော့လည်း အတဿတလန်တစ် တူးဖှောရရှိခြင်း အစီရင်ခံစာဆိုတဲ့ စာအုပ်မျိုးတွေ ခေတ်စားလာဦးမှာပေါ့” ဟုပြောလိုက်သည်။
ပစ်သည် ယယ်လဂါ့အခန်းမှထွက်လာပြီး ဗိုလ်ချုပ်ကြီးဆန်ဒက်ကာ အခန်းဆီသို့ သွားရာလမ်းတွင် လမ်းမီးများပွင့် လျှက် ရှိသည်ကို တွေ့လိုက်ရသည်။ သို့သှော လင်းသည်ဆိုရုံမျှ မှိန်မှိန်ကလေး။ ဘာသဘောလဲ။ ဘာဖြစ်လို့ ဒီအချိန်ကြီး မီးတွေလင်းနေရတာလဲ။ သူဆက်မ စဉ်းစားတော့ပဲ မှန်တံခါးကြီးကို အသာအယာတွန်းဖွင့်၍ ဆန်ဒက်ကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။ အတွင်းရေးမှူးစားပွဲကို ဖြတ်လျှောက်နေစဉ် သူ့နှာခေါင်းထဲတွင် ထူးခြားသော ရေမွှေးရနံ့တစ်ခု ရလာ၏။
အခန်းမီးများဖွင့်ဖို့ မီးခလုတ်ဆီသို့လက်လှမ်းလိုက်ချိန်မှာပင် သူ့ထံသို့ လူတစ်ယောက်လှစ်ကနဲ ပြေးဝင်လာသည်ကို မပီဝိုးတဝါးတွေ့လိုက်ရသည်။ ကျူးကျှောသူ၏ ဦးခေါင်းသည် ဒတ်ပစ်၏ ဝမ်းဗိုက်ကိုအရှိန်ပြင်းစွာဆောင့်မိသဖြင့် ဒတ်ပစ်သည် အွတ်ကနဲအသံထွက်သွားပြီး နောက်သို့ယိုင်ထွက်သွား၏။ သူသည် ထိုသူခိုးအား လက်ရ ဖမ်းဆီးရန် ကြိုးစားသှောလည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လျှင်မြန်ဖျတ်လတ်လှသော ထိုလူစိမ်း သည် သူ့လက် ထဲမှ လျှောကနဲ လွတ်ထွက်သွားပြီး အခန်းထဲမှ တဟုန်ထိုးပြေးထွက်သွားတော့သည်။
ခေါင်းဖြင့် အဆောင့်ခံထားရသဖြင့် အောင့်နေသော ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် ဖိရင်း မီးခလုတ်ကို စမ်း၍ ဖွင့်လိုက် သည်။ ဆန်ဒက်ကာ၏ စားပွဲကို မျက်စိတစ်ချက်ဝေ့ကြည့်လိုက်ယုံဖြင့် သူသည် သူခိုး၏ ရည်ရွယ်ချက်ကို သိလိုက်ပြီ။ ဗိုလ်ချုပ်ကြီးဆန်ဒက်ကာသည် အိမ်သို့မပြန်မီ စားပွဲပှေါမှ စာရွက်စာတမ်းအားလုံးကို အပြောင်ရှင်းတတ်သူ ဖြစ်၏။ ခု စားပွဲပှေါတွင် ရှိနေရမည့် တစ်ခုတည်းသော စာရွက်စာတမ်းဖြစ်သည့် ယယ်လဂါ၏ အစီရင်ခံစာမရှိတော့။
ဒတ်ပစ်သည် ဓါတ်လှေကားဆီသို့ ကမူးရှုးထိုးပြေး၏။ ဓါတ်လှေကားစောင့်ရင်း ဗိုက်အောင့်ပျောက်လိုပျောက်ငြား အသက်ပြင်းပြင်းရှု၏။ ထို့နောက် အောက်ဆုံးထပ်ရှိ ကားပါတ်ကင်သို့ ဓါတ်လှေကားဖြင့် ဆင်းခဲ့တော့သည်။
ဓါတ်လှေကားတံခါးများ ကောင်းစွာမပွင့်မှီ တိုးထွက်ခဲ့ပြီး သူ၏ မှောဒယ်ဟောင်း ဖို့ဒ်ဟော့ရော့ဒ်ကားကလေးရှိရာသို့ အမြန်ပြေးသွား၏။ လိုရမ်ကို ဘေးခုံပြောင်းထိုင်ခိုင်းပြီး ကားစက်နှိုး၍ တဟုန်ထိုးမောင်းထွက်ခဲ့တော့သည်။
“ဘာဖြစ်တာလဲမောင်၊ ရေးကြီးသုတ်ပြာနဲ့”
လိုရမ်၏အမေးကို ကားဂီယာပြောင်းရင်းက အမေးဖြင့်ပြန်တုန့်ပြန်လိုက်သည်။
“မောင့်အရင် ဓါတ်လှေကားထဲက တစ်ယောက်ယောက်ထွက်သွားတာ မြင်မိလား လိုရမ်”
“မြင်လိုက်တယ်။ သားရေဝတ်စုံ ဝတ်ထားပြီး သားမွှေးကုတ်ကြီးခြုံထားတဲ့ မိန်းမတစ်ယောက်”
မိန်းမဆိုပဲ။ လိုရမ်ကတော့ မြင်တတ်ပါ့။ သူ့အမြင်စူးရှတာကိုပဲ ကျေးဇူးတင်ဖို့ကောင်းနေပြီ။ ဒတ်ပစ်သည် ကားကို မိုင်ကုန်ဖွင့်မောင်းရင်း တွေးမိနေသည်။ ဖို့ဒ် ဟော့ရောဒ်သည် အသုံးလုံးဋဿဌာနချုပ် ဂိတ်တံခါးရှေ့ တွင် ဆောင့်ရပ် လိုက် သည်။ အံ့ဩတကြီးရပ်ကြည့်နေသော ဂိတ်စောင့်ကြီးအား-
“သူဘယ်ဖက်ထွက်သွားလဲ” ဟုအလောတကြီးမေးလိုက်သည်။
“ခုနက တောင်ဖက်ကို ထွက်သွားတဲ့ ကားကိုပြောတာလားဆရာ၊ ဘာဖြစ်လို့လဲ၊ ရဲခှေါလိုက်ရမလား”
“ဘာကားအမျိုးအစားလဲ”
“ခရိုင်စလား အမဲရောင်ခင်ဗျ”
“အမဲရောင် ခရိုင်စလား ၃ဝဝ အမ် မှောဒယ်၊ ၂၅၃ မြင်းကောင်ရေ အင်ဂျင်၊ ရှစ်စကဿကန့်အတွင်း တစ်နာရီ မိုင်ငါးဆယ်နှုန်းထိ အရှိန်တင်နိုင်တယ်” လိုရမ်က ဖြည့်ပြောလိုက်သည်။ ပစ်သည် လိုရမ့်ကို ကြည့်လိုက်ပြီး-
“တိကျလှချည်လား လိုရမ်၊ ဓါတ်ပုံများရိုက်ထားသလား အောက်မေ့ရတယ်”
“ကျွန်မမှာ အဲဒီကားမျိုးတစ်စီးရှိတယ်လေ၊ မောင်မေ့နေပြီလား၊ ဒါနဲ့ ခရိုင်စလာကို ရှင့်ဖို့ဒ် အစုတ်ကလေးနဲ့ လိုက်နိုင်လို့လား”
“အနေစုတ်ပေမဲ့ ရွှေထုတ်တဲ့ မြပုဝါကွ၊ မောင့်ဖို့ဒ်ကို ၂၂၅ အင်ဂျင်တတ်ထားတာ” ပစ်သည် ကားမောင်းနေရင်း သူ့ကား ကိုကြွားဖြစ်အောင်ကြွားလိုက်သေး၏။
ဖို့ဒ်ဟော့ရော့ဒ်သည် မြန်သည်ထက်မြန်လာ၏။ မြန်နှုန်းပြ ဒိုင်ခွက်တွင် တစ်နာရီ မိုင်တစ်ရာနှုန်းပြနေပြီ။ ညကြီး သန်းခေါင်တစ်နာရီအချိန်ဖြစ်သဖြင့် ယာဉ်သွားယာဉ်လာရှင်းလျှက်ရှိသည်။ မကြာမီ လင်းထိန်လျှက်ရှိသော လမ်းမီးရောင်များကြောင့် ရှေ့မှမောင်းနေသော ခရိုင်စလာ အမဲရောင်ကားကို မြင်တွေ့ရလေပြီ။ အသုံးလုံး အကြီးအကဲ၏ ရုံးခန်းကို မွှေနှောက်ဝံ့သော ကျူးကျှောသူသည် ခုလည်း ကမ်းခြေမှာအပန်းဖြေနေသည့်အလား ကား ကိုအေးအေးဆေးဆေး မောင်းနေ၏။
ဖို့ဒ်ဟော့ရောဒ့်ကားသည် ခရိုင်စလာကားနှင့် ကိုက်သုံးရာအကွာသို့ရောက်လာသောအခါ ပစ်သည်အရှိန်ကို လျော့ချ လိုက်ပြီး ခရိုင်စလာကို မျက်ခြေမပြတ်ရုံမျှ မှေး၍မောင်းနှင်နေ၏။ ခရိုင်စလာကားသည် အခြေအနေမပျက် အေးဆေးစွာ မောင်းနေသဖြင့် ဒတ်ပစ်သည် စိတ်ချလက်ချ လိုက်လာစဉ် ခရိုင်စလာသည် ပိုတိုမက်မြစ်ကို ဖြစ်ကူး သော ဖရန်စစ် စကော့ တံတားဆီသို့ ရုတ်တရက်ကွေ့ချလိုက်တော့သည်။
ပြောင်းလဲသွားသောအခြေအနေကြောင့် ဒတ်ပစ်သည် အနည်းငယ်စိတ်အနှောက်အယှက် ဖြစ်သွား၏။ သူလိုက်လာ သည်ကို ရန်သူသိသွားပြီ ထင်၏။ ခရိုင်စလာသည် တံတားပှေါမှဆင်းဆင်းချင်း ဘယ်ဖက်ချိုး၏။ ထို့နောက် ညာဖက် သို့ထပ်ချိုးပြီး ဂျော့တောင်း ရပ်ကွက်အတွင်းသို့ သုတ်ခြေတင်မောင်းသွားသည်။
“မောင်လိုက်လာတာ သူသိသွားပြီထင်တယ်” လိုရမ်သည် အမိုးဖွင့်ထားသဖြင့် အတားအဆီးမဲ့ ဝင်လာသော လေအေး ကြောင့် ခိုက်ခိုက်တုန်လျှက်က ဒတ်ပစ်အားပြောလိုက်သည်။
“ဟုတ်တယ်။ အတှောပါးတဲ့ မိန်းမပဲ”
ခရိုင်စလာနှင့် ခြောက်ဆယ့်ငါးနှစ် သက်တမ်းရှိ ဖို့ဒ်ဟော့ရော့ဒ်တို့သည် ဂျော့တောင်းရပ်ကွက်၏ အကွေ့အကောက် များလှသော လမ်းများပှေါဝယ် ကြောင်နှင့် ကြွက်သဖွယ် လိုက်တမ်းပြေးတမ်း ကစားနေကြသည်။ ခုနှစ်ဘလော့ ခန့် ကျှောဖြတ်လာပြီးသည်အထိ ပြေးသူကပြေးဆဲ၊ လိုက်သူကလည်း လိုက်ဆဲ။ အခြေအနေက ဗိုလ်နေမြဲ၊ ကျားနေမြဲ။
“မောင်တို့ တညလုံး ဒီလိုပဲ လုပ်နေတော့မှာလား”
အိပ်ရေးကလည်းပျက်၊ ချမ်းကလည်း ချမ်းလှသဖြင့် အောက်လွှတ်တှောအမတ်မင်း လိုရမ်စမစ်တစ်ယောက် ထင်ရာ လုပ်လေ့ရှိသော လူရမ်းကားချစ်သူအပှေါ ရွှေစိတ်တှောညိုစပြုချေပြီ။ စိတ်တှောညိုရုံမကလို့ မည်းမည်း၊ ဒီအချိန်မှာ ဒတ်ပစ်သည် လိုရမ်ကို ဂရုမစိုက်အား။ ရှေ့ကားကိုသာ မျက်ခြေမပြတ်အောင် အာရုံစိုက်နေ၏။
“မောင် ကျွန်မပြောနေတာ မကြားဖူးလား”
“တညလုံးတော့ မလုပ်ပါဖူးကွာ။ တစ်စီးစီး ဆီကုန်ရင်တော့ ရပ်သွားမှာပေါ့”
မကြာပါ။ လိုရမ်တောင့်တနေသော အချိန်သို့ရောက်လာတော့သည်။ ခရိုင်စလာကားကြီးသည် ခြံဝင်းတစ်ခုရှေ့တွင် တုံ့ကနဲရပ်လိုက်ပြီး ဒရိုင်ဘာသည်အတွင်းသို့လှစ်ကနဲ ဝင်ပြေးသွား၏။
“အောင်မယ်လေး၊ နောက်ဆုံးတော့ မိပြီကိုး” လိုရမ်သည် ဆိုဖာထိုင်ခုံပှေါတွင် ကွေးနေရင်း ပြောလိုက်၏။
“ဒါထောင်ချောက်လည်း ဖြစ်နိုင်တယ် လိုရမ်” ပစ်က မဲမှောင်နေသော အိမ်အတွင်းသို့ ငေးကြည့်ရင်း လိုရမ်ကို ပြန်ပြောလိုက်သည်။
“ကဲ-အခုဘာလုပ်မှာလဲ။ ရဲကိုအကြောင်းကြားမလား”
“မကြားနဲ့၊ မင်းဆင်းပြီး တံခါးသွားခေါက်ကွာ”
လိုရမ်သည် ဒတ်ပစ်၏ အဖြေကိုကြားသောအခါ ဒေါပွသွားပြီး မသာကြီးဟု အသံတိတ်ဆဲလိုက်သည်။ ဒတ်ပစ်က မချိုမချဉ်ပြုံးရင်း-
“မောင်က ဒီလိုတောင်းဆိုရင် အချစ်က ငြင်းမယ်ဆိုတာ မောင်သိပြီးသားပါ အချစ်ရယ်” ဟု စဖြစ်အောင် စလိုက်သေး သည်။ ပြီးမှ-
“ဒီမှာ မောင့် ဂလိုဘယ်စတား ဂြိုလ်တုဖုန်းယူထား၊ ဆယ်မိနစ်နေလို့မှ မောင်ထွက်မလာရင် ရဲကိုလည်းခှေါ၊ ဗိုလ်ချုပ်ကြီးဆီလည်း အကြောင်းကြား၊ အသံတစ်ခုခုကြားရင် ကားမောင်းပြေး၊ နားလည်တယ်နှော”
“ရဲကို အကြောင်းကြားပြီး ဖမ်းခိုင်းလိုက်ရင် ပြီးနေတဲ့ကိစဿစကို၊ မောင် လက်နက်ကောပါရဲ့လား”
ပစ်သည် သားရေလက်အိပ်နက် စွပ်ထားသော သူ့လက်ကြီးနှစ်ဖက်ကို ထောင်ပြရင်း-
“လက်နက်ပါတာပေါ့ကွာ။ ဒီမှာ လက်နှစ်ဖက်လုံး နက်နေတာပဲ” ဟုပြောရင်း ကားထဲမှ ဓါတ်မီးတစ်လက်ကို ယူ၍ မှောင်မဲနေသော အိမ်ဆီသို့ဦးတည် လျှောက်လှမ်းသွားတော့သည်။
+++++++++++++++++++++++++

