ပစ်သည် ဓါတ်မီးကို အသုံးမပြုပါ။ လမ်းမီးများကြောင့် အိမ်နောက်ဖက်သို့သွားသော ကျောက်လမ်းကလေးကို မြင်နေ ရသည်။ ဤလို အိမ်မျိုး တွင် လုံခြုံရေးစနစ်ထားရှိမည်မှာ သေချာလှသည်။ သို့ပေမဲ့ ကံကောင်းသည်က ခြံစောင့်ခွေး များမရှိခြင်းပင်။ အိမ်နောက်သို့ရောက်သောအခါ နောက်ဖေးတံခါးပွင့်နေသည်ကို တွေ့လိုက်ရ၏။ ရန်သူသည်လည်း ဒီတံခါးကနေ အိမ်ထဲသို့ဝင်သွားသလား။ တစ်ဖက်က ကားဂိုဒေါင်တံခါးသည်လည်း ဟဟလေး ပွင့်နေသည်ကို တွေ့ရသည်။
ရုတ်တရက် ကားဂိုဒေါင်ထဲမှ အင်ဂျင်စက်သံတစ်ခု ဆူညံစွာထွက်ပှေါလာသည်။ အားကောင်းသည့် မှောတှော ဆိုင်ကယ် အင်ဂျင်သံ။ ပစ်သည် ကားဂိုဒေါင် နောက်တံခါးကို အလျှင်အမြန်ဆွဲဖွင့်၍ အတွင်းသို့ဝင်လိုက်သည်။ လိုရမ်ပြောသည့်အတိုင်း အနက်ရောင် သားရေဝတ်စုံပိုင်ရှင်သည် ဆိုင်ကယ်ကို မောင်းထွက်ရန်အသင့်၊ ပစ်သည် ဘာမှမစဉ်းစားတော့ပဲ ဆိုင်ကယ်သမားကို ခုန်အုပ်လိုက်သည်။ သူ့လက်မောင်းသည် ဆိုင်ကယ်သမား၏ လည်မျိုကို ညှစ်မိသည့်အခါ သူတို့နှစ်ယောက်လုံး ဆိုင်ကယ်ပှေါမှ လဲကျသွား၏။
လိုရမ်ပြောတာမှန်သားပဲ။ ပစ်သည် နူးညံ့ပျော့ပျောင်းသော အထိအတွေ့ကြောင့် ရန်သူသည် အမျိုးသမီးဖြစ်ကြောင်း အသေအချာသိလိုက်ရသည်။ ကွန်ကရစ်ကြမ်းပြင်ပှေါတွင် သူတို့နှစ်ဦး လုံးထွေးရစ်ပါတ်နေစဉ် စက်နှိုးထားသည့် မှောတှောဆိုင်ကယ်သည် ကြမ်းပြင်တွင် ဝိုင်းကြီးပါတ်ပါတ်လည်နေရင်းက ရှေ့ဘီးသည် သားရေဝတ်စုံဝတ် အမျိုး သမီး၏ ခေါင်းကိုလည်းကောင်း၊ လက်ကိုင်သည် ဒတ်ပစ်၏ တင်ပါးကိုလည်းကောင်း ဝင်ဆောင့်ပြီး ဆိုင်ကယ်သည် စက်ရပ်၊ အမျိုးသမီးသည် သတိမေ့၊ ဒတ်ပစ်သည် တင်ပါးပွန်းဆိုသည့် ဖြစ်ရပ်သုံးခု တစ်ပြိုင်နက်ထဲ ပှေါပေါက်ခဲ့ လေသည်။
ပစ်သည် နာကျင်စွာ ဒူးထောက်လိုက်ရင်း လက်နှိပ်ဓါတ်မီးကို ရှာ၏။ ဓါတ်မီးသည် ကားဂိုဒေါင် နောက်တံခါးမှာ သူပစ် ချခဲ့သည့် အတိုင်းတွေ့ရသည်။ ပစ်သည် ဓါတ်မီးရှိရာသို့ တွားသွား၍ ကောက်ယူလိုက်ပြီး မလှုပ်မရှက် ငြိမ်သက်နေ သည့် သားရေဝတ်စုံဝတ် အမျိုးသမီး၏ မျက်နှာကို ဓါတ်မီးဖြင့် ထိုးကြည့်လိုက်သည်။
ဆေးပညာရှင်များ၏အလိုအရ သွေးကြောထဲသို့ ရေခဲရေများ ထိုးမသွင်းမချင်း သွေးသည် ဘယ်သောအခါမှ မအေးဟု ဆို၏။ သို့သှော အမျိုးသမီး၏ မျက်နှာကိုမြင်လိုက်ရသည့် တစ်ခဏတွင် ဒတ်ပစ်၏ နှလုံးအိမ်မှ ညှစ်ထုတ်လိုက်သော သွေးများအားလုံး ရေခဲမှတ်အောက် နှစ်ဒီဂရီခန့်ရောက်သည့်အထိ အေးခဲသွားသည်ဟု ခံစားလိုက်ရ၏။ သူသည် ဒူးထောက်လျှက်သား မှင်သက်ငေးမောရင်း သတိမေ့နေသူ အမျိုးသမီးကို ငေးကြည့်နေမိသည်။ ထိုမျက်နှာကို သူဘယ်တော့မှမမေ့။ အကြောင်းမူကား ထိုမျက်နှာသည် ရေအောက်ရှိ ယူ-၂ဝ၁၅မှ သူဆယ်ယူခဲ့သည့် အမျိုးသမီးအလောင်း၏ မျက်နှာဖြစ်နေသောကြောင့်ပင်။
+++++++++++++++++++++++
(၂၆)
အခြားသော အဆင့်မြင့်အစိုးရ အရာရှိကြီးများ၊ ကုမဿပဏီကြီးများမှ အမှုဆောင်အရာရှိချုပ်များနှင့် ကွဲပြားခြားနားစွာပင် ဗိုလ်ချုပ်ကြီး ဂျိမ်းဆန်ဒက်ကာသည် အစည်းအဝေးသို့ အခြားသူများထက်အရင်ရောက်မှ ကျေနပ်လေ့ရှိသူဖြစ်၏။ သူ သည် သတင်းအချက်အလက်မှန်သမျှကို ဦးစွာသိအောင် ကြိုးစား၍ အစည်းအဝေးကို အမြဲတမ်းဦးဆောင်လေ့ရှိ သည်။ ရေတပ်ကို ကွပ်ကဲရစဉ်ကတည်းက ရရှိခဲ့သော ဤအလေ့အထကို ခုထိ စွဲမြဲစွာ ကျင့်သုံးနေဆဲ။
အစည်းအဝေးကျင်းပရန် သူ့တွင် ခမ်းနားကြီးကျယ်သော ကွန့်ဖရန့်ခန်းမကြီးရှိသှောလည်း အရေးကြီးသည့် တံခါးပိတ် အစည်း အဝေး များအတွက် သူ့ရုံးခန်းနှင့်ကပ်လျှက်ရှိသော လုံခြုံစိတ်ချရသည့် အခန်းငယ်လေးကိုသာ အမြဲတမ်း အသုံးပြု လေ့ရှိသည်။ သားရေထိုင်ခုံများပါတ်လည် ဝိုင်းလျှက်ရှိသော ဆယ့်နှစ်ပေရှိသည့် မဟှောဂနီရောင် ဘဲဥပုံ စားပွဲကြီးတွင် တစ်ယောက်တည်းထိုင်လျှက် စာဖတ်နေသော ဆန်ဒက်ကာသည် အမျိုးသား အဏဿဏဝါဗေဒ အေဂျင်စီ ၏ အာဏာအရှိဆုံးပုဂဿဂိုလ်ကြီးဖြစ်သည်။ ယခုဆိုလျှင် သူ့လက်အောက်တွင် လူနှစ်ထောင်ကျှောသည် အဏဿဏဝါ သုတေ သနလုပ်ငန်းအမျိုးမျိုးနှင့် အှောပရေးရှင်းမျိုးစုံလုပ်ကိုင်လျှက်ရှိကြသည်။
ဒတ်ပစ်နှင့် ပက်ထရစ်ရှာ အိုကွန်းနယ်လ်တို့ဝင်လာသောအခါ ဆန်ဒက်ကာသည် မတ်တပ်ရပ်၍ ကြိုဆို၏။ ဒတ်ပစ် ကို ဖက်လဲတကင်းနှုတ်ဆက်၏။ နှစ်ပေါင်းများစွာကြာအောင် ဆက်ဆံခဲ့ကြသော သူတို့နှစ်ဦးသည် ဆရာ-တပည့် ပုံစံ ထက် သားအဖအနေအထားမျိုး ရင်းနှီးကျွမ်းဝင်လှသည်။
“ထိုင်ပါ ဒေါက်တာ အိုကွန်းနယ်လ်၊ ခင်ဗျားနဲ့ ဟီရမ်တို့လုပ်ခဲ့တဲ့ အကြောင်းအရာတွေကို ကျွန်တှောသိချင်လှပြီ” ဆန်ဒက်ကာ က ပက်ထရစ်ရှာကို နှုတ်ဆက်လိုက်သည်။
မကြာမီ ဂျီယိုဒီနို နှင့် ယယ်လဂါတို့ရောက်ရှိလာကြသည်။ ထင်ရှားသည့် ရှေးဟောင်းသုတေသနနှင့် သမိုင်းပညာရှင် တစ်ဦးဖြစ်သည့် ဒေါက်တာ ဂျွန်စတီဖင်လည်းရောက်လာသည်။ ဒေါက်တာ စတီဖင်သည် ပလတ်စတစ် သေတဿတာကြီး တစ်လုံးကိုသယ်ဆောင်လာပြီး သူ့ကုလားထိုင်နားတွင်ချထားလိုက်သည်။
ဆန်ဒက်ကာသည် သူ၏ စပါယ်ရှယ်ဆေးပြင်းလိပ်သေတဿတာထဲမှ လက်ရွေးစင်ဆေးလိပ်တစ်လိပ်ကို ယူ၍ စိမ်ပြေနပြေ မီးညှိရင်း ဂျီယိုဒီနိုကို တစ်ချက်စောင်းကြည့်လိုက်သည်။ ဒီနေ့တော့ သူ့ဘော့စ်ကို စိတ်အနှောင့်အယှက်မပေးလို သောကြောင့် ဂျီယိုဒီနိုသည် ခိုးထားသောဆေးပြင်းလိပ်ကို ထုတ်မသောက်တော့။
ယယ်လဂါနှင့် ပက်တို့သည် အလွန်အမင်း ပင်ပန်းမှုကြောင့် မျက်နှာများချောင်ကြလျှက်ရှိသည်။ ကြိုတင်ဝေဌ ထားပြီး ဖြစ်သော သူတို့၏ တွေ့ရှိချက် များကို ဝေဖန်ချက်ပေးကြရန် ဆန်ဒက်ကာက ပြောသောအခါ ဂျီယိုဒီနိုက-
“ဟား၊ ဖတ်လို့သိပ်ကောင်းတာပဲ ဗိုလ်ချုပ်ကြီးရဲ့၊ ဒါပေမဲ့ သိပဿပံဝတဿတုတွေထဲမှာတော့ အိုက်ဆစ် အာစီမော့ရဲ့ လက်ရာတွေ ကိုတော့မမှီသေးဖူး” ဟုဦးစွာပထမ ပြောချလိုက်၏။
ယယ်လဂါဒေါပွသွားသည်။ ဂျီယိုဒီနိုကို ပေစောင်းကြည့်ရင်း-
“ဒါသိပဿပံဝတဿတုမဟုတ္ဖူး ဆိုတာကျုပ်အသက်နဲ့ရင်းပြီး အာမခံတယ်” ဟုပြောလိုက်သည်။
“ခင်ဗျားရဲ့ ရှေးဟောင်းလူ၊ ပင်လယ်သားတွေက သူတို့ကိုသူတို့ ဘယ်လိုခှေါခဲ့ကြသလဲ။ သူတို့ယဉ်ကျေးမှုကို အတဿတ လန်တစ် ဆိုတဲ့နာမည်အစား ဘယ်လိုတွေ့ရသလဲ” ဒတ်ပစ်ကမေးလိုက်သည်။
ပက်ထရစ်ရှာသည် ဖိုင်တစ်ခုကိုဖွင့်လိုက်ပြီး-
“ကျွန်မ ဘာသာပြန်ထားသလောက်ပြောရမယ်ဆိုရင် သူတို့ကိုယ်သူတို့ အားမီးနီးစ်လို့သုံးနှုန်းကြတယ်ရှင့်”
“အားမီးနီးစ်ဆိုတော့ ဂရိစကားနဲ့တူသလိုပဲ”
“ဟုတ်ပါတယ်၊ ဂရိနဲ့ အီဂျစ်ဘာသာစကားတွေဟာ ဒီစကားလုံးတွေကနေတဆင့် ဆင်းသက်တာလို့ ယူဆရတယ်”
ဆန်ဒက်ကာ ကသူ့ဆေးပြင်းလိပ်ကြီးဖြင့် သမိုင်းပညာရှင်ကို ညွှန်ပြလိုက်ပြီး-
“ဒေါက်တာ စတီဖင်၊ ခင်ဗျား အော့ပ်ဆီဒီယန်ခေါင်းခွံတွေကို စစ်ဆေးပြီးပြီထင်တယ်”
ဒေါက်တာစတီဖင်က ခေါင်းညိတ်လိုက်ရင်း ပလတ်စတစ် သေတဿတာကိုဖွင့်၍ အော့ပ်ဆီဒီယန် ခေါင်းခွံတစ်ခုကို ထုတ်ယူ ပြီးစားပွဲပှေါတင်လိုက်သည်။
“အင်မတန်ကောင်းတဲ့ လက်ရာပါပဲ၊ အားမီးနီးစ်လူမျိုးတွေရဲ့ အံ့မခန်းတဲ့ အနုပညာလက်ရာလို့ ဆိုချင်လည်း ဆိုနိုင် တယ်”
“ဒါကို ခုခေတ်နည်းပညာနဲ့ ပြန်လုပ်မယ်ဆို ဘယ်လောက်ကြာမလဲ”
စတီဖင်သည် ခေါင်းခါလိုက်၏။
“ခုခေတ်နည်းပညာ ဘယ်လောက်သုံးသုံး ဒါမျိုး အတိအကျ တထပ်တည်းကျအောင် ပြန်မလုပ်နိုင်ပါဘူးခင်ဗျာ၊ လူကြီးမင်းတို့ စိတ်ဝင်စားလောက်တဲ့ ကိစဿစတစ်ခုတော့ ကျွန်တှောပြပါရစေ”
ပြောပြောဆိုဆို စတီဖင်သည် ပုလင်းအဖုံးဖွင့်သကဲ့သို့ ခေါင်းခွံကို ဖြည်းညှင်းစွာလှည့်လိုက်ရာ ခေါင်းခွံ၏အပှေါပိုင်း ကျွတ်ထွက်လာ၏။ အတွင်းမှ လိေမဿမာှသီးအရြယ္ခန့္ရွိ ကမဿဘာလံုးပံုသဏဿဍာန္ အလုံးလေးတစ်လုံးကို သတိကြီးစွာယူ လိုက်ပြီး စားပွဲပှေါအသာအယာတင်လိုက်သည်။
“ခေါင်းခွံကို မှန်ဘီလူးနဲ့အထပ်ထပ် အခါခါကြည့်တော့မှ ကျွန်တှောဒီဆက်ကြောင်းကို တွေ့တာခင်ဗျ၊ သာမာန် မျက်စိနဲ့ဘယ်လိုမှ မတွေ့နိုင်ဘူး၊ ဒီကမဿဘာလုံးပုံစံငယ်လေးမှာ ကမဿဘာ့မြေပုံသဘောမျိုး အရေးအကြောင်းတွေတွေ့ရ တယ်။ ဒီမှာ မှန်ဘီလူးနဲ့ကြည့်ကြပါ”
ဒတ်ပစ်သည်အရင်ဆုံးကြည့်၏။ တစ်မိနစ်ခန့်ကြည့်ပြီးနောက် သူသည် ကမဿဘာလုံးကို ဆန်ဒက်ကာအား ပေးလိုက် သည်။
ဗိုလ်ချုပ်ကြီးကြည့်နေစဉ် စတီဖင်က-
“ကိုလိုရာဒိုနဲ့ စိန့်ပေါလ်ကျွန်းက ဓါတ်ပုံတွေနဲ့တိုက်ကြည့်တော့ ဒီကမဿဘာ့မြေပုံဟာ အဲဒီအထောက်အထားများနဲ့ တထပ် တည်းကျတာတွေ့ရတယ်။ အခုခေတ် ပထဝီမြေမျက်နှာပြင်အနေအထားနဲ့ အတှောလေးခြားနားတာ တွေ့ရတယ်”
ပစ်ကခေါင်းညိတ်ရင်း-
“ဟုတ်တယ်။ ဒါကိုကျွန်တှောလည်း သတိထားမိတယ်”
ဂျီယိုဒီနိုက စားပွဲကို လက်ဖြင့်တောက်ရင်း-
“ဆိုတော့ ဒါက ဘာကိုဆိုလိုတာလဲ၊ ဒီလူတွေ မြေပုံမဆွဲတတ်လို့တော့ ဟုတ်ပုံမရဘူး”
“ဒီလူတွေဟာ အဲဒီအချိန်က ကမဿဘာပှေါမှ ရှိသမျှ ပင်လယ်ပြင်တွေမှာ ခရီးသွားခဲ့ဖူးပြီ၊ ဒီမြေပုံကို အသေးစိတ်လေ့လာ ကြည့်ရင် သူတို့ဟာ ဩစတေးလီးယား၊ ဂျပန်နဲ့ မြောက်အမေရိကတိုက်ကိုပါ ထည့်ဆွဲထားတာတွေ့လိမ့်မယ်၊ ဒါလွန်ခဲ့တယ် နှစ်ကိုးထောင်က လုပ်ခဲ့တာနှော”
စတီဖင်၏ စကားကို ပက်ထရစ်ရှာက ဖြည့်စွက်၍-
“အားမီးနီးစ် တွေဟာ ပလေတိုပြောခဲ့တဲ့ အတဿတလန်တစ်လို သီးခြားကျွန်းကြီးတစ်ကျွန်း၊ တိုက်ကြီးတစ်တိုက်မှာ နေတာ မျိုး မဟုတ်ဖူး၊ တစ်ကမဿဘာလုံး ဖြန့်ကျက်စီးပွားရှာနေကြတဲ့လူမျိုးတွေ၊ သူတို့ဟာ ပင်လယ်ပြင်ကတစ်ဆင့် နေရာအနှံ့ ကိုရောက်ခဲ့တယ်။ အမေရိက ဖြစ်မဲ့နေရာမှာ စိန့်လော့ရင့်မြစ်ကနေ မီရှီဂန်အထိ ကြေးနီတူးခဲ့တယ်၊ ဘိုလီးဗီးယားနဲ့ ဗြိတိသျှ ကျွန်းစုတွေမှာ ခဲမဖြူတူးတယ်၊ အမေရိက အနောက်တောင်သဲကနဿတာရမှာတွေ့ရတဲ့ ကျောက်ပြာတွေ၊ ဩစတေးလီးယား ကမ်းရိုးတန်းမှာတွေ့ရတဲ့ သနဿတာကျောက်နက်တွေ အားလုံးကို ကျွန်မတို့ ကိုလိုရာဒိုနဲ့ စိန့်ပေါလ် ကျွန်းက အားမီးနီးစ်အခန်းတွေထဲမှာတွေ့ခဲ့ရတယ်၊ သူတို့ဟာ ကမဿဘာဦးလူသားတွေကို ကျောက်ခေတ်ကနေ ကြေးနီ ခေတ်ရောက်အောင် အဆင့်မြှင့်ပေးခဲ့တဲ့ စွန့်ဦးတီထွင် မျိုးနွယ်တွေလို့ကျွန်မတော့ ကောက်ချက်ချချင်တယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ၊ သူတို့ ရွှေတို့ငွေတို့တော့ မရှာခဲ့ကြဖူး”
ပစ်က ခေါင်းညိတ်ရင်း-
“ဘယ်လိုပဲ ဖြစ်ဖြစ်၊ သေချာတာတစ်ခုကတော့ အားမီးနီးစ်တွေဟာ သဘေဿငာဆောက်တဲ့ အတတ်ပညာကို ကောင်းကောင်း တတ်တယ်ဆိုတာပဲ”
“ဟုတ်တာပေါ့ရှင်၊ ဒါကြောင့် သူတို့ဟာ ဆိပ်ကမ်းမြို့တွေပဲ တည်ခဲ့ကြတာပေါ့၊ ဓါတ်ပုံအထောက်အထားတွေအရ မကဿကဆီကို၊ ပီရူး၊ အိနဿဒိယ၊ တရုတ်၊ ဂျပန်နဲ့ အီဂျစ်မှာ သူတို့ဆိပ်ကမ်းမြို့အနည်းဆုံး နှစ်ဆယ်ကျှောတည်ခဲ့ကြတယ်။ အမ်ားစုက အိနဿဒိယ သမုဒဿဒယာထဲမွာ၊ အခ်ို့က ပိစိဖိတ္သမုဒဿဒယာဖက္မွာ”
“ဟုတ်တယ်၊ ဒီကမဿဘာလုံးမြေပုံမှာလည်း အဲဒီလိုအမှတ်အသားတွေ တွေ့ရတယ်” ဒေါက်တာ စတီဖင်က ဒေါက်တာ အိုကွန်းနယ်လ်၏ တင်ပြချက်ကို ထောက်ခံလိုက်သည်။
“ဆိုတော့ သူတို့ရဲ့ယဉ်ကျေးမှုဟာ နောက်ပိုင်း ယဉ်ကျေးမှုတွေလို မြေထဲပင်လယ်ကို ဗဟိုပြုထားတာမဟုတ်ဖူးပေါ့” ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာက မေးလိုက်သည်။
စတီဖင်က ခေါင်းယမ်းရင်း-
“အားမီးနီးစ်ခေတ်က မြေထဲပင်လယ်မရှိသေးဘူး ဗိုလ်ချုပ်ကြီး၊ လွန်ခဲ့တဲ့ နှစ်ကိုးထောင်က ခုကျွန်တှောတို့သိနေတဲ့ မြေထဲပင်လယ်ဆိုတဲ့နေရာဟာ အင်မတန်မြေဩဇာကောင်းတဲ့ ချိုင့်ဝှမ်းဒေသတစ်ခုပဲ၊ မြောက်ပင်လယ်ဆိုတာ မြေပြန့်ဒေသတစ်ခု၊ ဗြိတိသျှကျွန်းစုဟာလည်း အဲဒီအချိန်က ဥရောပတိုက်နဲ့ဆက်နေတယ်ခင်ဗျ၊ ဘောလ်တစ် ပင်လယ်ကလည်း ပင်လယ်ရေမျက်နှာပြင်အထက်က တောင်ကြားဒေသတစ်ခုပဲ၊ ဂိုဘီနဲ့ ဆာဟာရ သဲကနဿတာရ နေရာ တွေကတော့ သားကောင်ပေါတဲ့ သစ်တောတွေပေါ့ဗျာ၊ ခုခေတ်နဲ့ သိပ်ကွာပါတယ်”
ဆန်ဒက်ကာက မျက်မှောင်ကြုတ်ရင်း-
“အဲဒါဆို ဘယ်လိုဖြစ်သွားတာလဲ”
ယယ်လဂါက လည်ချောင်းရှင်းလိုက်သည်။ သူ့အလှည့်ရောက်ပြီ။
“ခရစ်တှောမပှေါခင် နှစ်ပေါင်းခုနှစ်ထောင်လောက်က ကမဿဘာပှေါကြွေကျလာတဲ့ ကြယ်တံခွန်ကြီးတစ်ခုရဲ့ ပယောဂ ကြောင့် သူတို့ရဲ့ယဉ်ကျေးမှုကြီးတစ်ခုလုံး အလုံးစုံပျက်သုဉ်းခဲ့ရတယ်။ ဂျီဘရှောလ်တာကနေ မှောရိုကိုလောက်အထိ မြေကြီးဟာအက်ကွဲသွားပြီး မြေထဲပင်လယ်ဆိုတာပှေါပေါက်ခဲ့ရတယ်။ ဆိပ်ကမ်းမြို့တွေအားလုံးလည်း ပျက်စီးကုန် တယ်”
“ဒါထက်ပိုဆိုးတာကတော့—————-” ယယ်လဂါသည် သူ့စကားလေးနက်သည်ထက် လေးနက်စေရန် အလို့ဌာ ခေတဿတရပ်လိုက်ပြီး အားလုံးကိုကြည့်လိုက်သည်။ သူ့စကားကို အားလုံးက အာရုံစူးစိုက်၍ နားထောင်နေကြသည်။
“အားမီးနီးစ်တွေဟာ ကြယ်တံခွန်ကြောင့်ဖြစ်တဲ့ ပျက်စီး၊ ဆုံးရှုံးမှုတွေအားလုံးကို အသေးစိတ်မှတ်တမ်းတင်ခဲ့တယ်။ ဒီဖြစ်ရပ်ကြီးအပြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လက်တစ်ဆုပ်စာ အားမီးနီးစ်တွေဟာ တောင်ပှေါဒေသတွေကို ပြောင်း ရွှေ့နေထိုင်ခဲ့ကြတယ်”
စတီဖင်က လည်ချောင်းရှင်းလိုက်ပြီး-
“မီဆိုပိုတေးမီးယားမှာတွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ငါးထောင်လောက်က ဆူမာရီယန်ကျောက်စာတွေမှာရော၊ မေယန်ခေတ် ကျောက်ထိုးစာတွေမှာရော၊ ဘာဘီလိုနီးယန်း ဘုန်းကြီးတွေရဲ့ လက်ရေးမူတွေမှာရော ကပ်ဆိုက်မှုအကြောင်းတွေ ပါနေထောက်ရင် ဒီဖြစ်ရပ်ဟာ တကယ်ဖြစ်ခဲ့တာလို့ ကောက်ချက်ချလို့ရတဲ့သဘောပဲ၊ ဝမ်းနည်းစရာကောင်းတာ ကတော့ ဒီဘေးဒုကဿခကပ်တွေဟာ ရှေးခေတ်ရဲ့ အသိပညာ ၉၉ ရာနှုန်းလောက်ကို သူတို့နဲ့အပါခှေါသွားခဲ့ကြတယ်”
ယယ်လဂါက အားလုံးကိုကြည့်လိုက်ပြီး-
“အားလုံးတော့ အပါမခှေါပါဘူး၊ ဒေါက်တာစတီဖင်၊ အားမီးနီးစ်တွေဟာ နောင်လာနောက်သားတွေအတွက် အမှာစကားထားခဲ့သေးတယ်၊ နောင်နှစ်ထောင်ပေါင်းများစွာကြာလို့ သိပဿပံပညာတိုးတက်လာတဲ့အခါ သူတို့ရဲ့ အမှာစကားကို လူသားတွေ အဓိပဿပါယ်ဖှောနိုင်လိမ့်မယ်လို့လည်း ယုံကြည်ကြပုံရပါတယ်”
“ဘာအမှာစကားလဲ ဟီရမ်” ဆန်ဒက်ကာက သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။
“ဒုတိယ ကြယ်တံခွန်ကြီး ကမဿဘာမြေကို တစ်ကျော့ပြန်လာပြီး နောက်တစ်ကြိမ်ဖျက်ဆီးမယ့် အချိန်ပါ ဗိုလ်ချုပ်ကြီး”
“သေချာလှချည်လားကွ”
“ကြယ်တံခွန်နှစ်ခု ကမဿဘာပှေါကို တစ်ချိန်တည်းကျလာရာမှာ တစ်ခုက ဝင်တိုက်မိပြီး နောက်တစ်ခုက အာကာသထဲ ပြန်လည်ထွက်သွားတယ်လို့ ကျောက်စာမှာ ဖှောပြထားတယ်ခင်ဗျ၊ အားမီးနီးစ်တွေဟာ နကဿခတ္ပညာနဲ့ သခဿင်ာပညာမွာ လည်း ပါရဂူမြောက်သူတွေပဲ ဗိုလ်ချုပ်ကြီး၊ သူတို့ဟာ ကမဿဘာကို ကြယ်တံခွန် နောက်တစ်ကြိမ်ဝင်တိုက်မဲ့ ရက်၊လ၊နှစ် အတိအကျကို ကျောက်စာမှာဖှောပြခဲ့တယ်၊ အဲဒါကတော့ ၂ဝဝ၁ ခုနှစ် မေလ ၂ဝ ရက်နေ့တဲ့ခင်ဗျား”
ဆန်ဒက်ကာ မျက်လုံးများဆန်ကောလောက်ပြူးသွားသည်။ အစည်းအဝေးခန်းမထဲရှိ ကျန်သူများအားလုံးလည်း လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။
“သောက်ကျိုးနည်း၊ မင်းပြောတဲ့အတိုင်းဆို နောက်နှစ်လနေရင် ကမဿဘာပျက်ပြီပေါ့”
ယယ်လ်ဂါက ခေါင်းကို ဖြည်းလေးစွာညိတ်လိုက်ရင်း-
“အဲဒီအတိုင်း အတိအကျပါပဲ ဗိုလ်ချုပ်ကြီး” ဟုပြောလိုက်တော့သည်။
+++++++++++++++++++++++++++++

Recent Comments