ကမဿဘာဦးကျမ်း အခန်း (၇)
ထိုနောက်၊ ထာဝရ ဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလ အမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍၊ သင်၏အိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ကြလော့။ မြေကြီးပေါ်မှာ တိရစ္ဆာန် အမျိုးမပြတ် ဆက်နွှယ်စေခြင်းငှါ၊ စင်ကြယ်သောသားမျိုး၊ တမျိုးတမျိုး တွင် အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောသားမျိုး တမျိုးတမျိုးတွင် လည်း အထီးအမ နှစ်စုံစီ၊ မိုဃ်းကောင်းကင် ငှက်၊ တမျိုးတမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးအသီး တို့ကို သိမ်းယူရမည်။ အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်းရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည် ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။ မှာထားတော်မူသည် အတိုင်းလည်း နောဧပြုလေ၏။ မြေကြီးကို ရေလွှမ်းမိုးသောအခါ၊ နောဧသည် အသက်ခြောက်ရာရှိသတည်း။ ရေလွှမ်းမိုးခြင်းဘေး ကြောင့် နောဧသည် မိမိသား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်၍၊ ဘုရားသခင်မှာထားတော်မူသည် အတိုင်း၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်များထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ ပေါ်လာ၏။ နောဧအသက် ခြောက်ရာ စေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတား ရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင် ပြွန်ဝများကိုဖွင့်သဖြင့်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။ ထိုနေ့ရက်တွင်၊ နောဧနှင့် မိမိမယားမှစ၍၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း ဟူသော၊ နောဧသားသုံးယောက်၊ ချွေးမ သုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။ သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သော ကြက်ငှက်မျိုး၊ အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုး အပေါင်းတို့ထဲက၊ အထီးအမစုံတို့သည် နောဧ နှင့်အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။ ထိုသို့ နောဧကို ဘုရားသခင် မှာထားတော်မူသည်အတိုင်း ဝင်သော တိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမစုံလျက် ဝင်ကြ၏။ ထာဝရဘုရားသည်လည်း၊ နောဧကို အထဲမှာပိတ်ထား တော်မူ၏။
ရေလွှမ်းမိုးခြင်းသည်၊ အရက်လေးဆယ်ပတ်လုံး၊ မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍၊ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။ တဖန် ရေသည် အားကြီး၍၊ မြေကြီးပေါ်မှာ အလွန်တိုးတက် သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။ နောက်တဖန် ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့် မိုဃ်းကောင်း ကင်အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။ ရေမြုပ်သော တောင်တို့အထက်၌ လွှမ်းတက်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။
မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။ အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှ တို့သည် သေကြကုန်၏။ မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင် ငှက်ဖြစ်စေ၊ အသက်ရှင်သော အရာရှိသမျှတို့ကို မြေကြီးက ပယ်ရှင်း တော်မူ၍၊ ပျက်ဆီး ကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာ ကျန်ကြွင်း လေကြ၏။ ရေသည်လည်း မြေကြီးပေါ်မှာ၊ ရက်ပေါင်းတရာ ငါးဆယ်ပတ်လုံး အားကြီးစွာတည်လေ၏။
=================
ပစ်သည် လိုရမ်ကို မော့ကြည့်လိုက်၏။ လိုရမ်၏ ခရမ်းပြာရောင် မျက်ဝန်းများနှင့် သူ၏ ပယင်းစိမ်းရောင်မျက်ဝန်းများ သည် အတှောကြာ အကြည့်ချင်းဆုံနေမိကြသည်။ စကားမပြောနိုင်ကြ။ အေတာှျကာမွ-
“ဪ-သူတို့က ဒီလိုလုပ်မှာတဲ့လား လိုရမ်”
လိုရမ်က သက်ပြင်းချရင်း ခေါင်းကို ဖြည်းညှင်းစွာညိတ်ပြလိုက်သည်။
ပစ် မယုံနိုင်လောက်အောင်ဖြစ်နေသည်။ နောဧ၏ သဘေဿငာ။ ကမဿဘာပျက်ကပ်ကြုံစဉ် ဘုရားသခင် တန်ခိုးတှောဖြင့် ဖန်ဆင်းတှောမူသော နောဧ၏ သဘေဿငာ။ ခုဝုဖ်တို့ စီမံဖန်တီးထားသော နောဧ၏ ဒုတိယသဘေဿငာကား—–။ ပစ်သည် အစီရင်ခံစာကို ဆက်ဖတ်လိုက်သည်။
လူသားတို့လုပ်နိုင်သမျှသော သဘေဿငာများတွင်အကြီးဆုံးသော ဆိုက်တူဂိုက်တူ သဘေဿငာကြီးလေးစီး။ အလျှားပေ ခြောက်ထောင် အနံပေ တစ်ထောင့်ငါးရာ ရှိ၍ အထပ်ပေါင်း (၃၂) ထပ်ရှိပြီး တန် သုံးသန်းခွဲ စီအလေးချိန်ရှိ ကြ၏။
ပစ်သည် မျက်ခုံးပင့်လိုက်ပြီး-
“စိတ်ကူးကတော့ အလွန်ကောင်းပဲ။ လက်တွေ့တော့ ဖြစ်နိုင်ဖို့ အတှောခဲယဉ်းတယ်”
“ဆက်ဖတ်ပါဦးလေ။ နောက်ပိုင်းရောက်မှ ကောင်းခန်းတွေက လာမှာ”
ပထမဆုံး သဘေဿငာသည် လူစီးသဘေဿငာ ဖြစ်၏။ ထိုသဘေဿငာကြီးပှေါတွင် ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဖျှောဖြေရေး အစီအစဉ်များ ပါရှိသည့်အပြင် အပှေါဆုံးထပ် တွင် လူစီးဂျက်လေယာဉ် အသေးစားလေးများ ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းပင် ပါဝင်၏။ လူငါးထောင်စာ နေထိုင်ရန် အခန်းများအလုံအလောက်ပါဝင်၏။ ထိုနေရာ အရောက်တွင် ပစ်ခေါင်းယမ်းလိုက်သည်။ တကယ်ဆိုလျှင် ထိုမျှ ကြီးသောသဘေဿငာတစ်စီးသည် အနည်းဆုံး လူငါးသောင်းလောက် တင်ဆောင်နိုင်ပါလျှက်နှင့် အဘယ့်ကြောင့် လူငါးထောင်စာသာဖြစ်ရသနည်း။
ဒုတိယမြောက်သဘေဿငာသည် ကုန်တင်သဘေဿငာဖြစ်၏။ လူစီးသဘေဿငာပမာဏ အတိုင်းပင် ကြီးမားခိုင်ခန့်၏။ ဆောက်လုပ်ရေး နှင့် အင်ဂျင်နီယာ ပစဿစည်းမျိုးစုံကို သယ်ဆောင်မည်ဖြစ်သည်။ တတိယသဘေဿငာသည် ကမဿဘာပှေါရှိ တိရိစဿဆာန် အမျိုးစုံအောင်တင်ဆောင်မည့် ဘေးမဲ့တော သဘေဿငာဖြစ်သည်။ နောက်ဆုံးသဘေဿငာသည်ကား လောင်စာဆီ အမျိုးမျိုးကို သယ်ဆောင်ရမည်ဖြစ်သည်။
ပစ်သည် အစီရင်ခံစာကို ဖတ်ကြည့်ပြီး ခေါင်းယမ်းလိုက်၏။
“ပုံဆွဲစကဿကူပှေါမှာတော့ ဒီသဘေဿငာတွေ ကောင်းချင်ကောင်းမပေါ့လေ။ ဒီဟာကြီးတွေ ရေပှေါပှေါနေအောင် တကယ် လုပ်လို့ရော ရပါ့မလား”
“ရမရ ဆက်ဖတ်ကြည့်ပေါ့လေ”
ချီလီနိုင်ငံတောင်ပိုင်းရှိ ကံကြမဿမာအင်တာပရိုက်စ်ပိုင် လျှို့ဝှက်သဘေဿငာကျင်းတွင် ထိုသဘေဿငာများကို တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ ထိုသဘေဿငာများသည် အတွင်းပိုင်းရော အပြင်ပိုင်းပါ ပြီးစီး၍ မကြာခင်ရေချတော့မည်ဖြစ်သည်။ အကယ်၍ စားနပ်ရိကဿခာအပြည့်အစုံ ရှိခဲ့ပါလျှင် ထိုသဘေဿငာများအတွင်း နေထိုင်သူများသည် ပြင်ပကမဿဘာနှင့် အဆက် ဖြတ်၍ အနည်းဆုံး နှစ်ပေါင်း နှစ်ဆယ်ခန့်နေထိုင်နိုင်မည် ဖြစ်ကြောင်း။
“ဒီလောက်ကြီးကျယ်တဲ့သတင်းကို တို့ရဲ့အင်မတန်အနံ့ခံကောင်းလှပါတယ်ဆိုတဲ့ မီဒီယာတွေ တစ်ယောက်မှ မသိကြ ဘူးလားကွာ။ ဒီသဘေဿငာတွေထဲ ရောက်ဖူးတဲ့သူရောမရှိကြဘူးလား”
“သဘေဿငာကျင်းအကြောင်း စီအိုင်အေရဲ့ အစီရင်ခံစာပါတယ်လေ။ သဘေဿငာတည်ဆောက်တဲ့နေရာကို အပြင်လူဝင်လို့ မရအောင် လုံခြုံရေးအကြီးအကျယ် တင်းကျပ်ထားတယ်။ သဘေဿငာကျင်းအလုပ်သမားတွေရော၊ သူတို့ရဲ့ မိသားစု တွေကိုပါ အပြင်အထွက်မခံဘူး။ ပြီးတော့ အင်းဒီးစ်တောင်တန်းရဲ့ တောင်စွယ်တွေပါတ်လည်ဝိုင်းနေတဲ့ နေရာကို အသေအချာရွေးခဲ့ကြတာဆိုတော့ ဒီသဘေဿငာကျင်းထဲကို ကုန်းလမ်းကတဆင့် လုံးဝမဝင်နိုင်ဘူး။ ပင်လယ်ဖက်က ဝင်ချင်ဝင်၊ ဒါမှမဟုတ်ရင်တော့ လေထီးနဲ့ဆင်းမှပဲရမယ်”
ပစ်ခေါင်းယမ်းလိုက်၏။
“သူတို့အစီရင်ခံတာ ပေါ့ပြက်ပြက်နိုင်လွန်းတယ်။ ဒီထက်ပိုပြီးအသေးစိတ် မစုံစမ်းနိုင်ကြဖူးလား”
လိုရမ်က ဘရန်ဒီတစ်ငုံငုံလိုက်ပြီး-
“စီအိုင်အေက ကံကြမဿမာအင်တာပရိုက်စ်ဟာ ယူအက်စ်ရဲ့ လုံခြုံမှုကို မထိခိုက်နိုင်ဖူးလို့ ယူဆတဲ့အတွက် အသေးစိတ် စုံစမ်းထောက်လှမ်းတာတွေ မလုပ်ခဲ့ဘူးတဲ့”
ပစ်သည် စိန့်ရှား၏ လှပစွာတန်ဆာဆင်ထားသော နံရံများကို စိုက်ကြည့်ရင်း-
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အယ်လ်နဲ့ ကိုယ်နဲ့ အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲသွားတဲ့ သဘေဿငာနောက် ကိုလိုက်ရင်း အင်မတန်လျှို့ဝှက်တဲ့ ချီလီသဘေဿငာကျင်းတစ်ခုကို ရောက်ခဲ့ဖူးတယ်။ အဲဒီနေရာအနေအထားက ခုစီအိုင်အေ အစီရင်ခံစာမှာပါတဲ့ တည်နေရာမျိုးပဲ။ ဝုဖ်တွေဟာ အဲဒီနေရာကိုများရွေးခဲ့သလားမသိဘူး”
“ဟုတ်ချင်ဟုတ်မှာပေါ့မောင်။ သူတို့ဒီသဘေဿငာတွေကို ဆောက်ရတဲ့ရည်ရွယ်ချက်က ပင်လယ်ခုနှစ်တန်ကို ကျှောဖြတ် ဖို့မှမဟုတ်ပဲ။ ကမဿဘာပျက်တဲ့အချိန် နောဧလို လွတ်လမ်းရှာဖို့ပဲမဟုတ်လား”
“ဟုတ်တယ်။ နောဧတုန်းကတော့ ဘုရားသခင်ရဲ့ တန်ခိုးတှောနဲ့ဖန်ဆင်းအပ်သော သဘေဿငာကို စီးပြီး ကမဿဘာပျက်ကပ် ကိုရှောင်ခဲ့ကြတယ်။ ဝုဖ်တွေကတော့ သိပဿပံပညာ နဲ့ ဘီလီယံပေါင်းများစွာသော ငွေကြေးဆိုတဲ့ နှစ်ဆယ့်တစ်ရာစု တန်ခိုးတှောနဲ့ သူတို့ မိသားစုလွတ်မြောက်ရေးအတွက် သဘေဿငာတွေကို ဖန်ဆင်းနေကြတာပေါ့”
ပစ်နှင့်လိုရမ်တို့ နှစ်ဦးလုံးအတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြသည်။ ခဏကြာတော့ လိုရမ်သည် အမျိုးသမီး သန့်စင်ခန်းသို့ ထသွားသည်။ ပစ်ကတော့ ကျောက်ရုပ်သဖွယ်ငြိမ်သက်မြဲ။ သူ့ဦးဏှောက်သည် အတွေးပေါင်းစုံတို့ ဖြင့် ပြည့်နှက်လျှက်။ လက်ခံဖို့ခက်ခဲသှောလည်း အခုတော့ ဝုဖ်မိသားစုဝင်များကို ဘာကြောင့် ခြောက်ပစ်ကင်း သဲလဲ စင်သည့် မဟာလူသားများဖြစ်အောင် မျိုးရိုးဗီဇ နည်းပညာဖြင့်ဖန်တီးခဲ့သည်ကို ခုတော့သူသဘောပေါက်လာပြီဖြစ်၏။
ဂျာမနီမှ ပြေးလာကြသော နာဇီအိုကြီးများသည် သူတို့၏ အတောမသတ်နိုင်သော လောဘနှင့်မောဟ များအတွက်၊ စူပါလူသားများကို ဖန်တီးခဲ့ချေပြီတကား။ ခုတော့ ထိုစူပါလူသားများသည် ကမဿဘာပျက်သည်ကိုပင် လွတ်မြောက် အောင်ကြံဆောင်နေကြချေပြီ။ ကမဿဘာဖျက်ကပ်ကြီးအပြီး ကျန်ရစ်ခဲ့သော လူသားများကို ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလှသော ထိုစူပါလူသားများက ထာဝရအုပ်စိုးချေတော့မည်။ တို့လူသားများသည် ဝုဖ်စူပါမျိုးဆက်၏ ကျွန်များ၊ ကိုလိုနီများဖြစ်ဖို့ အချိန်သည် မဝေးတော့ပါတကား။
+++++++++++++++++++

မနေ့ညက စပြီး ဖတ်လိုက် နားလိုက်၊ အခုဖတ်လို့ ပြီးပါပြီ။
ဆက်လက်စောင့်မျှော်နေပါကြောင်း …