War and Communicable diseases
စစ်တလင်းမှ ရှင်သေမင်းများ စစ်၏အလွန် နှစ်ဆယ့်တစ် ရာစု၏ အထင်ရှားဆုံး နှင့် အရမ်းကားဆုံး အီရက် စစ်ပွဲ ပြီးဆုံး သွားပြီ ဆိုသော်လည်း သန်းပေါင်း များစွာသော အိုးမဲ့ အိမ်မဲ့ အရပ်သား များသည် ပြန်လည် နာလံ မထူနိုင် လောက်အောင် ယိုယွင်း ပျက်စီး သွားသော ပြည်သူ့ ကျန်းမာရေး စနစ်ကြောင့် ကူးစက် ရောဂါများ ပျံ့နှံ့ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းခြင်း၊ ကာကွယ်ဆေးထိုး စနစ်များ ယိုယွင်းခြင်း တို့၏ ဒဏ်ကို ခါးစည်း ခံ၍ ရှင်သေမင်းနှင့် စစ်ခင်း နေရဆဲပင်။
Transplant
ဆူဆန်ဝှီးလား၊ ဟာစရီးပါးနှင့် ရောင်းရန်ရှိသော အရာများ ရော်ဘင်ကွတ်၊ ကိုမာ၊ ဆူဆန်ဝှီးလား ကမ္ဘာကျော် စာရေး ဆရာ ရော်ဘင်ကွတ်၏ နာမည်ကျော် ကိုမာဝတ္ထုကို ဖတ်ဖူး ကြလိမ့်မည်။ နတ်နွယ်က တဖန် ပြန်၍ မနိုးသော ဝေဒနာ အမည်ဖြင့် မြန်မာဘာသာ ပြန်ဆို ခဲ့ရာ မူရင်းမှာ ဘတ်စ်ဆဲလား ဝတ္ထု တစ်ပုဒ် ဖြစ်သည့် အားလျှော်စွာ မြန်မာ စာပေ လောက၌လည်း အောင်မြင် ကျော်ကြားသည့် ဘာသာပြန် ဝတ္ထု တစ်ပုဒ် ဖြစ်ခဲ့သည်။ ချောမော လှပပြီး ဥာဏ်ရည် ထက်မြက်သော ဆေးကျောင်းသူ တစ်ဦး ဖြစ်သည့် ဆူဆန်ဝှီးလားကို ဇာတ်ကောင် ဖန်တီးပြီး ဆေးရုံတွင် ကိုမာခေါ် ဦးနှောက် သေဆုံး၍ ကာလကြာရှည် မေ့မြော [...]
Social Burden of Infectious Diseases
အမြင်နီးသော်လည်းခရီးဝေးရခြင်း ဆရာမနိုင် ကုန်လွန်ခဲ့ ပြီးသော ၂၀ ရာစုကို ဆေးပညာနှင့် ပါတ်သက်သော တိုးတက်မှု သမိုးမှတ်တိုင်များ တစ်ခုပြီး တစ်ခု စိုက်ထူ နိုင်ခဲ့သည့် ရာစုနှစ်ဟု ဆိုကြ၏။ ဆေးလောကမှ စွန့်ဦး တီထွင် ပုဂ္ဂိုလ်တို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းမှုများကြောင့် ရှေးယခင်က လူသား တို့၏ သေမင်းများ ဖြစ်ကြသော၊ ကုရာနတ္ထိ ဆေးမရှိ ခဲ့သော ကမ္ဘာ့ ကပ်ရောဂါဆိုးကြီးများ နိဂုံး ချုပ်ခဲ့ ရသည်။ ကပ်ရောဂါ တို့၏ မူလအစ၊ ကပ်ရောဂါဆိုးတို့ကို မျိုးစေ့ ချပေးသော ရောဂါ ပိုးများ၊ လူ့ ခန္ဓာကိုယ်တွင် ရောဂါ ပိုးမျိုးတို့၏ အလုပ်လုပ်ကြပုံများ၊ ရောဂါ၏ လက္ခဏာ ကြီးငယ်များ၊ ဆေးဝါးများ၊ ကုထုံး အသွယ်သွယ် တို့အား [...]
ဟန်ချက်
“ကမ္ဘာကျော် ဆရာဝန်ကြီး တွေရဲ့ ဒီ သုတေသန တွေ့ရှိချက်တွေ အရ အခု ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဆေးဟာ အခြား မျိုးတူ ဆေးတွေထက် အပြတ်အသတ် သာပြီး ဘေးထွက် ဆိုးကျိုး လုံးဝ မရှိတာ အခု ဆရာကြီး မျက်မြင် ကိုယ်တွေ့ ပါပဲခင်ဗျ” စာရွက် စာတမ်းများကို ပြရင်း ပါးစပ်က ပေါက်ပေါက် ဖောက်သလို စကားကို တရစပ် မပြတ်တမ်း ပြောနေသော ဆေးကုမ္ပဏီမှ အရောင်း တာဝန်ခံကို သူ ငေးကြည့် နေမိသည်။ ဆေးတက္ကသိုလ်မှ ကျောင်းပြီး ခါစ ဆရာဝန်ငယ်လေး၊ နုပျိုမှု တက်ကြွ လန်းဆန်းမှု၊ လူငယ်တို့၏ မာန်၊ ဒါတွေကို သူ့မျက်နှာမှာ အတိုင်းသား မြင်နေရသည်။ ဆေးကျောင်းမှာ [...]
Revenge
တူဖြစ်ရင်နှံ၊ ပေဖြစ်ရင်ခံ (၁) လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်း နိမ့်ကျ အောင် ပြောင်လှောင် စော်ကား ခြင်းသည် လွန်စွာမှ မခံ မရပ် နိုင်ဖွယ် ကိစ္စ ဖြစ်သော်လည်း ဖော်ကျူနေတို အား ကျွန်ုပ် အကြိမ်ကြိမ် အခါခါ သည်းညည်း ခံခဲ့ ပါသည်။ သို့သော် သည်းခံခြင်း ကား အတိုင်း အတာ တစ်ခု အထိသာ။ ဆွေစဉ် မျိုးဆက် အမြတ် တနိုး ဂုဏ်ယူ ခဲ့ကြရသော ကျွန်ုပ်၏ မျိုးရိုး အမည် နာမ ကို နှိမ့်ချ ပြက်ရယ်ပြု စော်ကား လာသည့် အခါ မတော့ ဒင်း အပေါ် သည်းခံ နိုင်စွမ်း ကုန်ဆုံး ခဲ့ချေ [...]

