By Juan on December 11, 2008
တောကြီး မျက်မည်း အတ္တ ဈေးကွက်
အိုဘယ့် ဈေးကွက်
ခုခေတ်က ဘယ်သူ ဘာပြောပြော ဈေးကွက် စီးပွားရေး ခေတ်။ နီ၊ ဝါ၊ ပြာ၊ စိမ်း ဘယ်လို နိုင်ငံရေး စံနစ်ကို ကျင့်သုံး နေပါစေ၊ စီးပွားရေး မှာတော့ မားကတ် အီကော်နော်မီ က တစ်ရွေးသား မှ မလျှော့ကြ။ ဟိုမှာဖက် ဆီက ဂန္ဓာလရာဇ် နဂါးကြီး ကလည်း မားကတ်။ ဒီမှာဖက် ဆီက မစ္ဆျိမ ဆွေတော် မျိုးတော် တွေကလည်း မားကတ်၊ မာ့စ်ဝါဒ နဲ့ မျက်နှာ သစ်ပြီး မျှော်ပေမဲ့ ပေါ်မလာ၊ အတော်ကြာ ဇာတ်ခင်း သွားတဲ့ အရှေ့က ထွက်မဲ့ နေမင်းကို မျက်ကွယ် ပြုလိုက်ပြီး ကပူတင် [...]
Posted in အက်ဆေး
By သင့်လူ on December 10, 2008
စာ မေး ပွဲ (၃)
(၁)
Examinations are necessary evils. သိုးဆောင်း ပညာရေး ပါရဂူ ကြီးများက စာမေးပွဲကို ထိုသို့ ချီးမွမ်း ခြေကျောက် ပြောခဲ့ ရေးခဲ့ကြသည်။
လွမ်းမောခဲ့ရသော တက္ကသိုလ်နွေည များတွင် စာမေးပွဲညများ မပါဝင်ဖို့ ကျိန်းသေသလောက်ရှိသည်။ ချောက်ချား ဖွယ်ကောင်းသော၊ စိုးထိတ်ကြောက်လန့်ဖွယ် ဖြစ်သော၊ မူးဝေ ဖျော့တော့အားနည်းသော၊ စိတ်နှင့် ကိုယ်နှင့် မကပ်သော၊ အချိန်နှင့် အမျှ စိတ်ဆင်းရဲရသော ညများသည် အဘယ်မှာ လွမ်းမောဖွယ် ကောင်းလိမ့် မည်နည်း။ လွမ်းမောဖို့ နေနေသာသာ တွေးကြည့်တာနဲ့တင် အော်ဂလီဆန်စရာ ကောင်းတော့သည်။
Posted in အက်ဆေး | Tagged Features
By သင့်လူ on December 2, 2008
စာ မေး ပွဲ (၂)
(၁)
စာမေးပွဲ အမျိုးမျိုး ရှိ၏။ ထို အမျိုးမျိုးသော စာမေးပွဲ တို့ကို မရိုးရအောင် အစွမ်းကုန် ကျင်းပသည် ကတော့ ဆေးတက္ကသိုလ် များပင်။ လူတကာ သိသည့် ရေးဖြေ စာမေးပွဲ မှာပင် အမေး နွားကျောင်းသား။ အဖြေ ဘုရားလောင်းပုံစံ နည်းနည်း မေးပြီး များများ ဖြေရသည့် essay type ပုံစံ၊ သိသမျှ တိုတို ရှင်းရှင်း ချရေးရ သည့် multiple short question (MSQ) ပုံစံ၊ တစ်ခုမေး တစ်ခုဖြေ၊ မှန်ရင်နေ၊ မှားရင် သေရမည့် multiple choice question (MCQ) ပုံစံ၊ ဘွဲ့လွန် အဆင့် ကိုးကား [...]
Posted in အက်ဆေး | Tagged Features
By သင့်လူ on November 14, 2008
စာ မေး ပွဲ (၁)
(၁)
နာမည် ကိုက ကြောက်စရာ။ စာတွေ ကိုအပြတ် မေးမည့်ပွဲ။ “ရရင်ရ၊ မရ ရင်ကျ” မည်က သေချာ လှ၏။
(၂)
ဘ၀ မှာ စာမေးပွဲ ပေါင်းများ စွာ ကိုကြုံတွေ့ ခဲ့ဖူးပြီ။ ပီတိ ကလေး ပုစိကွေး ဘ၀ မှသည် ခေါင်း ကြာဇံ ပေါက်သည် အထိ စာမေးပွဲ အသင်္ချေ နှင့် စစ်ခင်း ခဲ့ ရပြီးပြီ။ တစ်ခါ တစ်လေ ပြုံး၊ တစ်ခါ တစ်လေ မဲ့၊ တစ်ခါ တစ်လေ တော့ နေသေး သပ၊ ခြုံထဲ ကချိုသွေး တမြမြ။ ချောက်အိပ်မက် တွေမက် လောက် အောင် ရင်မော [...]
Posted in အက်ဆေး
By uThant on October 3, 2008
စစ်တလင်းမှ ရှင်သေမင်းများ
စစ်၏အလွန်
နှစ်ဆယ့်တစ် ရာစု၏ အထင်ရှားဆုံး နှင့် အရမ်းကားဆုံး အီရက် စစ်ပွဲ ပြီးဆုံး သွားပြီ ဆိုသော်လည်း သန်းပေါင်း များစွာသော အိုးမဲ့ အိမ်မဲ့ အရပ်သား များသည် ပြန်လည် နာလံ မထူနိုင် လောက်အောင် ယိုယွင်း ပျက်စီး သွားသော ပြည်သူ့ ကျန်းမာရေး စနစ်ကြောင့် ကူးစက် ရောဂါများ ပျံ့နှံ့ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းခြင်း၊ ကာကွယ်ဆေးထိုး စနစ်များ ယိုယွင်းခြင်း တို့၏ ဒဏ်ကို ခါးစည်း ခံ၍ ရှင်သေမင်းနှင့် စစ်ခင်း နေရဆဲပင်။
Posted in ကျန်းမာရေး | Tagged ကျန်းမာရေး
By uThant on October 1, 2008
ဆူဆန်ဝှီးလား၊ ဟာစရီးပါးနှင့် ရောင်းရန်ရှိသော အရာများ
ရော်ဘင်ကွတ်၊ ကိုမာ၊ ဆူဆန်ဝှီးလား
ကမ္ဘာကျော် စာရေး ဆရာ ရော်ဘင်ကွတ်၏ နာမည်ကျော် ကိုမာဝတ္ထုကို ဖတ်ဖူး ကြလိမ့်မည်။ နတ်နွယ်က တဖန် ပြန်၍ မနိုးသော ဝေဒနာ အမည်ဖြင့် မြန်မာဘာသာ ပြန်ဆို ခဲ့ရာ မူရင်းမှာ ဘတ်စ်ဆဲလား ဝတ္ထု တစ်ပုဒ် ဖြစ်သည့် အားလျှော်စွာ မြန်မာ စာပေ လောက၌လည်း အောင်မြင် ကျော်ကြားသည့် ဘာသာပြန် ဝတ္ထု တစ်ပုဒ် ဖြစ်ခဲ့သည်။
ချောမော လှပပြီး ဥာဏ်ရည် ထက်မြက်သော ဆေးကျောင်းသူ တစ်ဦး ဖြစ်သည့် ဆူဆန်ဝှီးလားကို ဇာတ်ကောင် ဖန်တီးပြီး ဆေးရုံတွင် ကိုမာခေါ် ဦးနှောက် သေဆုံး၍ ကာလကြာရှည် မေ့မြော နေသော နာတာရှည် လူနာများ [...]
Posted in ကျန်းမာရေး | Tagged ကျန်းမာရေး
By Juan on August 12, 2008
ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၇)
ဆေးဖိုးဝါးခ နှင့် လူနာ
ခေတ်သစ် ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် ပုဂ္ဂလိက ကုသရေး လုပ်ငန်း များမှာ ကုန်ကျ စရိတ် အားလုံးကို နောက်ဆုံး သုံးစွဲသူ (End User) ဖြစ်တဲ့ လူနာ ကခါးစည်း ကျခံ ရမယ်။ ငွေကုန် ကြေးကျ မခံ နိုင်ရင် ကောင်းမွန် ထိရောက်တဲ့ ဆေးဝါး ကုသ မှုကို မျက်မွှေး ထော်လို့ တောင်မော် မကြည့် လေနဲ့ ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ ယနေ့ ကမ္ဘာရဲ့  ရင်နင့် ဖွယ် အမှန် တရား တစ်ခု ပါပဲ။ ငွေမရှိ ရင်ရောဂါ [...]
Posted in ကျန်းမာရေး | Tagged ကျန်းမာရေး
Recent Comments