ကျန်းမာရေး
War and Communicable diseases
စစ်တလင်းမှ ရှင်သေမင်းများ စစ်၏အလွန် နှစ်ဆယ့်တစ် ရာစု၏ အထင်ရှားဆုံး နှင့် အရမ်းကားဆုံး အီရက် စစ်ပွဲ ပြီးဆုံး သွားပြီ ဆိုသော်လည်း သန်းပေါင်း များစွာသော အိုးမဲ့ အိမ်မဲ့ အရပ်သား များသည် ပြန်လည် နာလံ မထူနိုင် လောက်အောင် ယိုယွင်း ပျက်စီး သွားသော ပြည်သူ့ ကျန်းမာရေး စနစ်ကြောင့် ကူးစက် ရောဂါများ ပျံ့နှံ့ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းခြင်း၊ ကာကွယ်ဆေးထိုး စနစ်များ ယိုယွင်းခြင်း တို့၏ ဒဏ်ကို ခါးစည်း ခံ၍ ရှင်သေမင်းနှင့် စစ်ခင်း နေရဆဲပင်။
Transplant
ဆူဆန်ဝှီးလား၊ ဟာစရီးပါးနှင့် ရောင်းရန်ရှိသော အရာများ ရော်ဘင်ကွတ်၊ ကိုမာ၊ ဆူဆန်ဝှီးလား ကမ္ဘာကျော် စာရေး ဆရာ ရော်ဘင်ကွတ်၏ နာမည်ကျော် ကိုမာဝတ္ထုကို ဖတ်ဖူး ကြလိမ့်မည်။ နတ်နွယ်က တဖန် ပြန်၍ မနိုးသော ဝေဒနာ အမည်ဖြင့် မြန်မာဘာသာ ပြန်ဆို ခဲ့ရာ မူရင်းမှာ ဘတ်စ်ဆဲလား ဝတ္ထု တစ်ပုဒ် ဖြစ်သည့် အားလျှော်စွာ မြန်မာ စာပေ လောက၌လည်း အောင်မြင် ကျော်ကြားသည့် ဘာသာပြန် ဝတ္ထု တစ်ပုဒ် ဖြစ်ခဲ့သည်။ ချောမော လှပပြီး ဥာဏ်ရည် ထက်မြက်သော ဆေးကျောင်းသူ တစ်ဦး ဖြစ်သည့် ဆူဆန်ဝှီးလားကို ဇာတ်ကောင် ဖန်တီးပြီး ဆေးရုံတွင် ကိုမာခေါ် ဦးနှောက် သေဆုံး၍ ကာလကြာရှည် မေ့မြော [...]
Life Cycle (7)
ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၇) ဆေးဖိုးဝါးခ နှင့် လူနာ ခေတ်သစ် ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် ပုဂ္ဂလိက ကုသရေး လုပ်ငန်း များမှာ ကုန်ကျ စရိတ် အားလုံးကို နောက်ဆုံး သုံးစွဲသူ (End User) ဖြစ်တဲ့ လူနာ ကခါးစည်း ကျခံ ရမယ်။ ငွေကုန် ကြေးကျ မခံ နိုင်ရင် ကောင်းမွန် ထိရောက်တဲ့ ဆေးဝါး ကုသ မှုကို မျက်မွှေး ထော်လို့ တောင်မော် မကြည့် လေနဲ့ ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ ယနေ့ ကမ္ဘာရဲ့  ရင်နင့် ဖွယ် အမှန် တရား တစ်ခု ပါပဲ။ ငွေမရှိ [...]
Life Cycle (6)
ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၆) ကျန်းမာရေး အသုံး စရိတ် နှင့် ဆေးဖိုးဝါးခ ဈေးကွက် ထဲမှာ အောင်ပန်းပန် လို့ အောင်လံ တံခွန် လွှင့်ထူ ထားတဲ့ ပုဂ္ဂလိက ကုသ ရေး ဆိုင်ရာ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဟာ အမေ ရိကန် တစ်နိုင်ငံ လုံးကို လွန်ခဲ့ တဲ့ အနှစ် လေးဆယ် လောက်က စလို့ ၀ါးမျို ပစ်လိုက် တယ်။ ဘာသာရေး အသင်း အဖွဲ့ အချို့ ရဲ့  ခနော် ခနဲ့ မဖြစ် စလောက် အခမဲ့ ဆေးရုံ ကလေး များနဲ့ အစိုးရ [...]
Life Cycle (5)
ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၅) ကျန်းမာရေး စံနစ် နှင့် ကျန်းမာရေး အသုံး စရိတ် WHO ရဲ့  Health System Performance Index အရ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး ကနေ အဆိုးဆုံး တိုင်းပြည် ထိ အဖွဲ့ဝင် နိုင်ငံတွေ ကိုအမှတ်စဉ် ချလိုက်တဲ့ အခါ ကမ္ဘာ့အကောင်းဆုံး ဆရာဝန်၊ သမားတော် ကြီးများ စုစည်းရာ လို့လက်မ ထောင်နေတဲ့ အမေရိကန် ပြည်ထောင်စု ဟာ နံပါတ်ဝမ်း တစ်၊ ဂဏန်း တစ်ပဲ လို့ ထင်တစ်လုံး နဲ့နေ ကြရာ က တကယ်တမ်း မှာတော့ အဆင့် (၃၉) မှာသာ [...]
Life Cycle (4)
ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၄) ကျန်းမာရေး ၀န်ဆောင်မှု နှင့် ကျန်းမာရေး စံနစ် ကျန်းမာ ဖို့ ဘာအရေး ကြီးသလဲ ? ဒီမေးခွန်း ကိုဖြေဖို့ လူမျိုး တစ်ရာ့ တစ်ပါး မှာ အဖြေ တစ်ရာ့ တစ်မျိုး၊ ပါပ လူမျိုး ကိုးဆယ့်ကိုး မှာ အဖြေ ကိုးဆယ့်ကိုးမျိုး ရှိနေမှာ အသေ အချာ ပါပဲ။ ပုဂံ ရာဇ၀င် ကို တုတ်ထမ်း ပြီးငြင်း ရတယ် ဆိုသလို ပဲ ဒီမေးခွန်း ရဲ့  အဖြေ မှာလည်း လူတစ်ကိုယ်၊ အကြိုက် တစ်မျိုး မို့ တုတ်ထမ်း ဖြေကြ ရမှာ မျိုး [...]
Life Cycle (3)
ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၃) သမား နှင့် သူ၏၀န်ဆောင် မှုများ ရှေးအခါ ကသမား နဲ့ လူနာ ဆက်ဆံရေး ဟာစေတနာ ကိုအရင်း တည်တဲ့ ဆရာ-ဒကာ ဆက်ဆံရေး မျိုးဖြစ်ခဲ့ တယ်။ ကျွန်တော် တို့ မြန်မာ့ လူဘောင် အဖွဲ့အစည်း ရဲ့ စံအရ ရောဂါ ဝေဒနာ ပျောက်ကင်း ချမ်းသာခဲ့ရင် ကုသ ပေးတဲ့ သမား တော် ကို အသက် သခင် ကျေးဇူးရှင် အဖြစ် အနန္တော၊ အနန္တ ငါးပါး လောက်နီးပါး သဘောထား တတ်ကြ ပြီး ဝေဒနာ မသက်သာ ခဲ့ရင် ကံကိုသာ အပြစ် ပုံချ လို့ [...]
Life Cycle (2)
ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၂) ရောဂါနှင့် သမား နာခြင်း သို့မဟုတ် ရောဂါ ဖိစီး နှိပ်စက် ခြင်းခံ ရသူ များကို လွယ်လွယ် ကူကူ လူနာ လို့ အမည်ပေး ကင်ပွန်းတပ် ကြပါ တယ်။ လူနာ ဖြစ်လာ တဲ့အခါ လူသားရဲ့  ဇာတိ စိတ်အရ၊ ခံစား နေရ တဲ့ ဝေဒနာ ကိုအမြန် ဆုံးပျောက် ကင်းချမ်းသာ ချင်ကြတယ်။ ပျောက်ကင်း ဖို့နည်းလမ်း တွေကိုလည်း ရှာကြ ဖွေကြ တယ်။ ဝေဒနာ အပြင်း အထန် ခံစား နေရ တာကို ဘာမှ မလုပ်ပဲ ငုတ်တုတ် ပေထိုင် ပြီး [...]

