သမိုင်း
That’s Our Bamar (22)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၂) ကျောက်စာ ထဲက ပုဂံ (၄) စည်သူ (၁) (၁၁၁၃- ၁၁၆၃ အေဒီ) လိမ္မာ လှတဲ့ သားတော် ရာဇကုမာရ် ကိုထီးနန်း မပေးပဲ မြေးတော် ပထမ စည်သူ သို့မဟုတ် လူသိများတဲ့ အလောင်း စည်သူ ကိုဘဇာကြောင့် ထိလိုင်မင် ကထီးမွေ နန်းမွေ အဖြစ်ရွေးခဲ့ သလဲ ဆိုတဲ့ ပုစ္ဆာကြီး တစ်ပုဒ် ပြီးခဲ့ တဲ့ အပိုင်းတုန်း က ပေးခဲ့မိတယ်။ မှန်နန်း ရာဇ၀င် အပိုဒ် ၁၃၈ နဲ့ ၁၃၉ မှာ ဖော်ပြထားတဲ့ အများသိတဲ့ အကြောင်း ကတော့ ထိလိုင်မင် နန်းတက်ပြီး ၂ [...]
That’s Our Bamar (21)
ကျောက်စာ ထဲက ပုဂံ (၃) ထိလိုင်မင် (၁၀၈၄-၁၁၁၃ အေဒီ) အနိ ရုဒ္ဓ လွန်ပြီးတဲ့ အခါ ဂြီဝဇြာ ဘရဏ တြိဘုပတိ ခေါ် ကျက်သရေ ရှိသော မိုးကြိုး အရှင် သုံးလူ့ သခင် ဘွဲ့ခံသူ မင်းဖြစ် လာတယ်။ အနော် ရထာ ရဲ့ သား၊ စောလူးမင်း လို့ လူသိများတဲ့၊ ဒီမင်း ဟာ ကျက်သရေ ရှိမရှိ မသေချာ ပေမဲ့ လူ့လောက က စောစော စီးစီးထွက်သွား ရတာတော့ သေချာတယ်။ ငရမာန်ကန်း ဦးဆောင်တဲ့ မွန်သူပုန် ထလို့ ပြည်ရွာ ချောက်ချားပြီး မင်းပါ အသက် ဆုံးရှုံး ရတယ် ဆိုတာ ဟုတ်ဟန် [...]
That’s Our Bamar (20)
ကျောက်စာ ထဲက ပုဂံ (၂) အနိရုဒ္ဓ (၁၀၄၄-၁၀၇၇ အေဒီ) ပုဂံ ကို ခရစ် သက္ကရာဇ် ၈၄၅ ကနေ ၈၅၀ အတွင်း မှာတည်တယ်။ ဒီ အယူအဆ ကိုပြင်ဆင် ရလောက်တဲ့ အထောက် အထား တစ်စုံ တစ်ရာ မတွေ့ ရသေးပါ။ မြန်မာ တို့ရဲ့  မူလဒေသ ခရိုန် နဲ့ တိုးချဲ့ ဒေသ တိုက် များအတွက် ဗဟိုချက်မ ဒေသ ဖြစ်လို့ အုပ်ချုပ်ရေး ဌာနချုပ် အဖြစ် ပြုလုပ် ခဲ့ပုံ ပါပဲ။ ခရစ်နှစ် (၁၁) ရာစု မှာတော့ အင်အား ကောင်းလာတဲ့ မြန်မာ တို့ဟာ ခရိုန် နဲ့ [...]
That’s Our Bamar (19)
ကျောက်စာ ထဲက ပုဂံ (၁) သိတော် မူကြ တဲ့ အတိုင်း ပုဂံ ခေတ် ဆိုတာ တုတ်ထမ်း ပြော ရလောက်အောင် တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ် ဆန်းခဲ့ ကြတာ နှစ်ပရိစ္စေတ ကြာခဲ့ ပါပြီ။ ဒါကြောင့် ကုလား လိုခန့်ညားအောင် အရိမဒ္ဒ နပုရ၊ မြန်မာ လို ရန်မျိုး နှိမ် မြို့ တော်၊ မွန်လို ပေါကာမ်၊ ပုကာမ်၊ ဗုကာမ်၊ ထွန့်ထွန့်လူး အောင်ပူတဲ့ အရပ် လို့ဆိုတဲ့ တတ္တဒေသ၊ သျှင်ဒီသာ ပြာမုက် ရဲ့ အလို အရ ကြေးနိုင်ငံ လို့ ဆိုတဲ့ တမ္ဗ ဒီပ၊ နာမည် တွေတလှေ [...]
That’s Our Bamar (18)
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ စတုထ္တပိုင်း ခေတ်ပညာတတ် မြန်မာ များ၏ မြန်မာ သမိုင်းကျမ်းများ ၁၉၂၀ ပြည့်နှစ် လောက်က စလို့ မျိုးချစ် စိတ်ဓါတ် ရှိတဲ့ ခေတ်ပညာတတ် မြန်မာ လူငယ် တွေပေါ်ထွန်း လာပါတယ်။ အမျိုးသားစိတ် နိုးကြားတဲ့ အခါ သမယ ကြီးဖြစ်လို့မို့ နိုင်ငံခြားသား အထူး သဖြင့် အင်္ဂလိပ် ရေးတဲ့ မြန်မာ ရာဇ၀င် ကျမ်း တွေမှာ ပါတဲ့ ကလိတိတိ၊ စော်ကား မော်ကား အရေး အသား တွေအပေါ် မခံ မရပ် နိုင်အောင် စိတ်ဆိုး ဒေါသ ထွက်ကြတယ်။
That’s Our Bamar (17)
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ တတိယပိုင်း နိုင်ငံခြားသား များ၏ မြန်မာ သမိုင်းကျမ်းများ မြန်မာ ရာဇ၀င် ကို အများဆုံး ရေးတဲ့ နိုင်ငံခြားသား တွေထဲ မှာ အများဆုံး က အင်္ဂလိပ်နဲ့ ကုလား (အိန္ဒိယ) ပဲ။ အင်္ဂလိပ် ရေးတဲ့ မြန်မာ ရာဇ၀င် ကို ယေဘုယျ သဘောကြည့် မယ်ဆိုရင် အချက်နှစ်ချက် တွေ့ရတယ်။
That’s Our Bamar (16)
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ ဒုတိယပိုင်း ရှေးရာဇ၀င် ဆရာ များ၏ မြန်မာ သမိုင်းကျမ်းများ ဒါဆိုရင် ရှေးခေတ် ကမြန်မာ့ သမိုင်းကျမ်း၊ ရာဇ၀င် ကျမ်း မှန်သမျှ ဘာတန်ဖိုး မှမရှိပဲ မြှောက်ရေး၊ ခြောက်ရေး၊ ဖါးရေး၊ ထင်ရာ စိုင်းရေး ခဲ့ကြ တာပါ ဆိုရင်တော့ ၀ါးလုံးရှည် နဲ့ ရမ်းရာ ရောက်ပါလိမ့်မယ်။ သမိုင်းတန်ဖိုး နည်းတယ် လို့ ပြောချင် ပြောနိုင် ပေမဲ့ လူမှု တန်ဖိုးတော့ ကြီးလှ ပါတယ်။ နားထောင်တာ၊ မထောင်တာ အပ ထားလို့ ရာဇ၀င် ကျမ်း တိုင်း လိုလို မှာ မင်းကို ဆုံးမ တတ်တဲ့ အချက် [...]
That’s Our Bamar (15)
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ (ပထမပိုင်း) မြန်လဲ မြန်၊ မာလဲ မာသမို့ မြန်မာ လို့ခေါ်တယ်။ ဗြဟ္မာ ကြီးလေးဦး လူ့ပြည် ကို အလည်ရောက်၊ အရသာ ရှိတဲ့ မြေဆီ မြေနှစ် တွေ စားပြီး လူ့ အသွင် ပြောင်း လာရာ ကဗမာ၊ နောက် မြန်မာ ဖြစ်လာတယ်။ မြန်မာ ဟာ တကောင်း အဘိရာဇာ ခေါ် မြတ်စွာ ဘုရား ရဲ့  ဆွေတော် မျိုးတော် ဇာတ်မြင့် ကုလား တွေ ကနေ တိုက်ရိုက် ဆင်းသက် တဲ့လူမျိုး။ ပိဿနိုး ပျူတွေ ကနေ မြန်မာ ဖြစ်လာ တာပေါ့ကွဲ [...]

