By Juan on August 12, 2008
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
စတုထ္တပိုင်း
ခေတ်ပညာတတ် မြန်မာ များ၏ မြန်မာ သမိုင်းကျမ်းများ
၁၉၂၀ ပြည့်နှစ် လောက်က စလို့ မျိုးချစ် စိတ်ဓါတ် ရှိတဲ့ ခေတ်ပညာတတ် မြန်မာ လူငယ် တွေပေါ်ထွန်း လာပါတယ်။ အမျိုးသားစိတ် နိုးကြားတဲ့ အခါ သမယ ကြီးဖြစ်လို့မို့ နိုင်ငံခြားသား အထူး သဖြင့် အင်္ဂလိပ် ရေးတဲ့ မြန်မာ ရာဇ၀င် ကျမ်း တွေမှာ ပါတဲ့ ကလိတိတိ၊ စော်ကား မော်ကား အရေး အသား တွေအပေါ် မခံ မရပ် နိုင်အောင် စိတ်ဆိုး ဒေါသ ထွက်ကြတယ်။
Posted in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား | Tagged သမိုင်း
By Juan on August 6, 2008
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
တတိယပိုင်း
နိုင်ငံခြားသား များ၏ မြန်မာ သမိုင်းကျမ်းများ
မြန်မာ ရာဇ၀င် ကို အများဆုံး ရေးတဲ့ နိုင်ငံခြားသား တွေထဲ မှာ အများဆုံး က အင်္ဂလိပ်နဲ့ ကုလား (အိန္ဒိယ) ပဲ။ အင်္ဂလိပ် ရေးတဲ့ မြန်မာ ရာဇ၀င် ကို ယေဘုယျ သဘောကြည့် မယ်ဆိုရင် အချက်နှစ်ချက် တွေ့ရတယ်။
Posted in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား | Tagged သမိုင်း
By Juan on August 2, 2008
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
ဒုတိယပိုင်း
ရှေးရာဇ၀င် ဆရာ များ၏ မြန်မာ သမိုင်းကျမ်းများ
ဒါဆိုရင် ရှေးခေတ် ကမြန်မာ့ သမိုင်းကျမ်း၊ ရာဇ၀င် ကျမ်း မှန်သမျှ ဘာတန်ဖိုး မှမရှိပဲ မြှောက်ရေး၊ ခြောက်ရေး၊ ဖါးရေး၊ ထင်ရာ စိုင်းရေး ခဲ့ကြ တာပါ ဆိုရင်တော့ ၀ါးလုံးရှည် နဲ့ ရမ်းရာ ရောက်ပါလိမ့်မယ်။ သမိုင်းတန်ဖိုး နည်းတယ် လို့ ပြောချင် ပြောနိုင် ပေမဲ့ လူမှု တန်ဖိုးတော့ ကြီးလှ ပါတယ်။ နားထောင်တာ၊ မထောင်တာ အပ ထားလို့ ရာဇ၀င် ကျမ်း တိုင်း လိုလို မှာ မင်းကို ဆုံးမ တတ်တဲ့ အချက် ကတော့ အင်မတန် နှစ်သက် [...]
Posted in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား | Tagged သမိုင်း
By Juan on July 29, 2008
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
(ပထမပိုင်း)
မြန်လဲ မြန်၊ မာလဲ မာသမို့ မြန်မာ လို့ခေါ်တယ်။
ဗြဟ္မာ ကြီးလေးဦး လူ့ပြည် ကို အလည်ရောက်၊ အရသာ ရှိတဲ့ မြေဆီ မြေနှစ် တွေ စားပြီး လူ့ အသွင် ပြောင်း လာရာ ကဗမာ၊ နောက် မြန်မာ ဖြစ်လာတယ်။
မြန်မာ ဟာ တကောင်း အဘိရာဇာ ခေါ် မြတ်စွာ ဘုရား ရဲ့  ဆွေတော် မျိုးတော် ဇာတ်မြင့် ကုလား တွေ ကနေ တိုက်ရိုက် ဆင်းသက် တဲ့လူမျိုး။
ပိဿနိုး ပျူတွေ ကနေ မြန်မာ ဖြစ်လာ တာပေါ့ကွဲ့  ကလေး တို့ရဲ့ ။
နန်ကျောင် တရုတ် [...]
Posted in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား | Tagged သမိုင်း
By Juan on July 24, 2008
ပုဂံမင်း၊ ဘိုင်ဆပ် နဲ့ ငပိန်
ကုန်းဘောင် ခေတ်ကို အတက် (၆၆) နှစ်၊ အကျ (၆၆) နှစ် ဆိုပြီး နှစ်ပိုင်း ခွဲရာမှာ ပုဂံမင်း နန်းတက် ချိန်ဟာ ပထမ အင်္ဂလိပ်-မြန်မာ စစ်ရှုံးပြီး အသရေ ညှိုးနွမ်း တဲ့ကျချိန် ဖြစ်တယ်။ သူ့နန်းသက် (၆) နှစ်အတွင်း ပြည်သူ အတွက် ကောင်းတာ ဘာတစ်ခု မှလုပ်မသွား နိုင်ခဲ့ဘူး။ တိုင်းရေး ပြည်ရာ ကိုမှုးမတ် တွေလက်လွှဲ ထားပြီး အပျော် အပါး မှာမွှေ့လျှော် လွန်းတဲ့မင်း လို့နာမည် ဆိုးတဲ့ ဘုရင်ပါ။ (၃) ရက်ကျ မြဲဖြစ်တဲ့ သင်္ကြန်ကို သူ့လက်ထက် မှာ (၄၅) ရက် ကျလို့ သြချ [...]
Posted in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား | Tagged သမိုင်း
By Juan on July 20, 2008
ရခိုင် နိုင်ရွှေတောင် မင်းသား ကြီးနဲ့ မဟာ မြတ်မုနိ
ရခိုင် နိုင်မင်း လို့လူသိ များတဲ့ ရွှေတောင် မင်းသားကြီး ဟာဗဒုံမင်း ခေါ် ဘိုးတော် ဘုရား ခေါ် ဘုရင် ဦးဝိုင်း ရဲ့ သား တော်ကြီး ဖြစ်တယ်။ သက်တော် ၃၈ နှစ်မှ တူတော် ဘုရင် တွေကို ကျော်ခွ လုပ်ကြံ စီရင် ပြီးဘုရင် တက်ဖြစ် ရတဲ့ အလောင်း မင်းတရား ဦးအောင် ဇေယျ ရဲ့ စတုတ္တသား မောင်ဝိုင်း ဟာသက်တော် (၇၅) နှစ်ထိ နန်းသက် (၃၇) နှစ် တိုင်တိုင် တ၀ကြီး စိုးစံ တော်မူ သွားခဲ့ လို့သူလွန် [...]
Posted in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား | Tagged သမိုင်း
By Juan on July 20, 2008
ဘုရင်ညံ့ သုံးပါး (တတိယပိုင်း)
ဘုရင်ညံ့ သုံးပါး ထဲမှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ် အညံ့ တကာ့ အညံ့ ဆုံးကတော့ ကုန်းဘောင် မင်းဆက် ကိုအဆုံး သတ်ပေးပြီး မြန်မာ့ ပဒေ သရာဇ် မင်းဆက် မျိုးဖြုတ် တဲ့ငယ်နာမည် မောင်ရေစက် ခေါ် သီပေါမင်း ပါပဲ။ ပဲခူးကို စစ်ရှုံးတဲ့ ဘုရင် ကိုဟံသာ ၀တီ ပါမင်း ခေါ်ရင် အင်္ဂလိပ် ကိုစစ်ရှုံးတဲ့ သူ့ကို မဒရပ် ပါမင်း လို့ခေါ်သင့် ပါတယ်။ သူညံ့ပုံ ကလေး တွေကို ရှုစား ကြည့်မယ် ဆိုရင်-
Posted in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား | Tagged သမိုင်း
Recent Comments