သမိုင်းထဲက မြန်မာပြည်သား
That’s Our Bamar (10)
ဘုရင်ညံ့ သုံးပါး (ပထမပိုင်း) မြန်မာ့ ပဒေသရာဇ် သမိုင်း မှာရွံ စရာ ကောင်းတဲ့ ဘုရင်ညံ့ သုံးပါး ဟာခေတ် သုံးခေတ် မှာပေါ်ခဲ့ ဘူးတယ် လို့အဆို ရှိပါ တယ်။ ဒီဘုရင်ညံ့ တွေရဲ့  လက်ထက် မှာတိုင်းပြည် ပျက်လေ့ ရှိတယ် လို့လည်း ပြောကြ ပါတယ်။ သူတို့ကတော့-
That’s Our Bamar (9)
ပါးစပ်ရာဇ၀င် ပါးစပ် ရာဇ၀င် ခေါ်တဲ့ နှုတ်ပြော သမိုင်းကြောင်း တစ်ခုကို လေ့လာ ကြတဲ့ အခါမှာ- နောက်ကြောင်းပြန်ခြင်း (Narrative) ပုဂ္ဂိုလ်ထူးတစ်ဦးဦး၏အတ္တုပတ္တိ ကိုပြောပြခြင်း (Legend) စိတ်ဝင် စားဖွယ် အဖြစ် အပျက် ကိုတင်ပြခြင်း (Anecdote) စကားပုံ နှိုင်းခြင်း (Proverb) နဲ့ သမိုင်းလင်္ကာရွတ်ခြင်း (Historical Lay) ဆိုပြီး ကွဲပြား ခြားနားပါတယ်။
That’s Our Bamar (8)
အင်ကြင်း ကြာအုံ ရတနာပုံဏ် ၏ အရေးကြီး ရက်စွဲများ သမိုင်း ၁၈၅၃ စက်တင်ဘာ ၁၁- အမ ရပူရ မင်းနေပြည် ကနေ ဘယ်မှ မပြောင်း သင့်ကြောင်း ရဟန်း ပညာရှိ လူ ပညာရှိ တို့  မစိုးရိမ် တိုက်မှာ စည်းဝေး ဆုံးဖြတ်၍ မေတ္တာစာ ရေးပြီး မင်းတုန်းမင်း ထံဆက်။ ၁၈၅၆ အောက်တိုဘာ ၃၀-ရဟန်း ရှင်လူ ပြည်သူ အများ တောင်းပန် နေတဲ့ ကြားက မြို့ သစ် တည်မဲ့နေရာ သွားကြည့် ၁၈၅၆ အောက်တိုဘာ ၃၁- မြို့ သစ် နေရာ အသေးစိတ် ပုံစံ ရေးဆွဲ စေ ၁၈၅၇ [...]
That’s Our Bamar (7)
ဒို့ဗမာ ရွှေနှုတ်တော်ထွက်နိုင်ငံခြားသားအမည်များ Father Paulo Abbona- ဒေါင်ပေါက်လူ ဘုရင်ဂျီဘုန်းကြီး၊ မင်းတုန်းမင်းလက်ထက်ခရစ်ယာန်သာသနာပြု Father Domingo Tarolly- ဒေါင်ဒမိန်ကူ ဘုရင်ဂျီဘုန်းကြီး John Laird Mair Lawrence- ဇံလယ်မင်းလာရင်း အိန္ဒိယဘုရင်ခံချုပ်
That’s Our Bamar (6)
အုတ်ကျစ်ကျော်အေးမန္တလေးနှင့်သိမှတ်စရာအချက်များ ၁၈၅၃ စက်တင်ဘာလ (၁၁) ရက်နေ့ – အမရပူရ မင်းနေပြည်တော်မှ မပြောင်းသင့်ကြောင်း ရဟန်းပညာရှိ၊ လူပညာရှိ အပေါင်းက မစိုးရိမ်တိုက်မှာ စည်းဝေး ဆုံးဖြတ်ပြီး မင်းတုန်းမင်းထံ မေတ္တာစာ ရေးသွင်းပါတယ်။ ၁၈၅၆ အောက်တိုဘာ (၃၀) ရက်နေ့ - မြို့သစ် တည်မဲ့နေရာကို မင်းကိုယ်တိုင် သွားရောက် ကြည့်ရှုပါတယ်။ ၁၈၅၆ အောက်တိုဘာ (၃၁) ရက်နေ့ - မြို့ သစ်နေရာရဲ့ အသေးစိတ် town plan ကို ရေးသား တင်သွင်း စေပါတယ်။ ၁၈၅၇ ဇန်န၀ါရီ (၁၃) ရက်နေ့ - မန္တလေးမြို့တော်သစ် တည်စေ- အမိန့်တော်ကို ချမှတ်ပါတယ်။ ၁၈၅၇ ဖေဖော်ဝါရီ (၁) ရက်နေ [...]
That’s Our Bamar (5)
တတိယအင်္ဂလိပ်-မြန်မာစစ် နှစ်ကြိမ် ရှုံးခဲ့ရတဲ့ အင်္ဂလိပ်ကို တတိယအကြိမ် စစ်တိုက် ရဦးမယ် ဆိုတဲ့ အခါမှာ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ကို နှစ်ကြိမ် တိုင်တိုင် ကာလ ရှည်ကြာ ရောက်ခဲ့တဲ့ ကင်းဝန်မင်းကြီး ဦးကောင်းက လုံးဝ စစ်မတိုက် လိုပါဘူး။ သီပေါနဲ့ အပေါင်းအပါ များကတော့ ဓါးတ၀င့်ဝင့်၊ လှံတပြင်ပြင် လုပ်နေ ကြပါပြီ။ စလေမြို့ စားလှေသင်း အတွင်းဝန်က မိုက်မဲ ဆိုးသွမ်းလှတဲ့ အတွက် လက်မောင်းမှာ နာမည်ရေးပြီး နောင်မဆိုးနဲ့ လို့ စုတ်ထိုး အပြစ်ပေး ထားတဲ့ လူဆိုး လူမိုက် (၇၀၀၀) ကျော်၊ အခြား အမတ်များ ကလည်း ဆွေသားမျိုးသား လို့ အမည် လှလှ ပေးထားတဲ့ [...]
That’s Our Bamar (4)
ကုန်းဘောင်ခေတ် နိုင်ငံခြား ပညာတော်သင်များ ပထမနဲ့ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်နှစ်ကြိမ် ရှုံးနိမ့် ပြီးတဲ့နောက် အနောက် တိုင်းသားကို အနောက်တိုင်း ပညာနဲ့ တန်ပြန် တိုက်ခိုက်မှ ရမယ်လို့ မြန်မာတို့ သဘောပေါက် နားလည် လာကြပါတယ်။ တစ်ချိန်တည်း လိုလို ၁၈၅၃ ခုနှစ် ဇူလိုင်လမှာ အမေရိကန် ရေတပ်က ဗိုလ် မက်သရူးစီပယ်ရီ ဂျပန်ကျွန်းကို ရောက်လာပြီး နိုင်ငံခြားသား တွေအတွက် တံခါး ဖွင့်ပေးရမယ် လို့ အနိုင်ကျင့် စော်ကားပြီး အတင်းအကျပ် အမိန့်ပေး စေခိုင်း ခံခဲ့ရတဲ့ ဂျပန်တွေ ဟာလည်း အနောက်တိုင်း ပညာ သင်ရမယ် ဆိုတာကို သဘောပေါက် လာကြတယ်။
That’s Our Bamar (3)
ကုန်းဘောင်ခေတ်မှာ ထူးခြားတဲ့ အကြောင်း ခြင်းရာ တစ်ခုကတော့ မင်းဝတ် ဘုရားဆင်းတုများ တည်ထား ကိုးကွယ် လာခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရင်တွေ လှူဒါန်း ကိုးကွယ်တဲ့ ဘုရား ဆင်းတုတော် တွေဟာ မင်းမြှောက်တန်ဆာ ငါးပါး ဆင်ယင် ထားတဲ့ မင်းဝတ် ဘုရား ဆင်းတုတော်တွေ ဖြစ်နေ တတ်တယ်။


Recent Comments