ဒွါရာဝတီမှာရက်ငါးရာ
500 days in Dvaravati (22)
ရွာမှထွက်လေ၊ တောမှာသေ ကျန်းမာရေး ဘောဂဗေဒ မဟာသိပဿပံတန်း စာသင်ခန်းသည် ပုစိကွေး သေးသေးကလေးဖြစ်၏။ ထိုစာသင်ခန်း ပေါက်စနလေးနှင့် မလိုက်ဖက်လှစွာပင် နှစ်ကောင်အား လေအေးပေးစက်ကြီး တပ်ဆင်ထားသောကြောင့် စာသင်ခန်းကား အမြဲတမ်း ရင်ထဲက ဆောင်းရာသီ ဖြစ်နေတော့သည်။
500 days in Dvaravati (21)
ကျောင်းဖွင့်ချိန် “ကျောင်းဖွင့်ရင် ရည်းစားလေးကို ခေါ်ပြီး ဦးချစ်လဘက်ရည်သွားသောက်မယ်” တဲ့။ သူတို့ ငယ်ငယ်က အောင်မြင် ကျော်ကြားလှသော အဆိုတော်ကြီး ကိုင်ဇာ၏ သီချင်းချိုချို တစ်ပုဒ် ရှိခဲ့ဖူးသည်။ အခု ထိုင်းနိုင်ငံ ဘန်ကောက် မြို့ တော် ချူလာလောင်ကွန်တော်ဝင် တက္ကသိုလ်ကြီးတွင် ကျောင်းတက်နေရသော သူ့အတွက် preliminary course ခေါ်ပဏာမ သင်တန်းများပြီးဆုံး၍ မဟာဘွဲ့အတွက် တကယ့်အစစ်အမှန် သင်တန်းများ စပါချေပြီ။
500 days in Dvaravati (20)
အရူးကတမူးသာ (၂) ၁၉၇ဝ နှောင်းပိုင်း ပရင်စတန်တကဿကသိုလ်တွင်တော့ ဂျွန်နက်ရှ်သည် အလွန်တရာနာမည်ကြီးသူ ဖြစ်နေလေပြီ။ လူတိုင်း က ပရင်စတန် သခဿင်ာဋဿဌာန၏ ကျောက်သင်ပုန်းမည်းကြီးပှေါတွင် ညကြီးသန်းခေါင် သခဿငျာညီမျှခြင်းများ ထထရေးတတ် သည့် ဂျွန်နက်ရှ်အကြောင်းကို ဒဏဿဍာရီထဲက ပုံပြင်တစ်ပုဒ်နှယ် ပြောဆိုနေကြ၏။ ၁၉၇၈ ခုနှစ်တွင် နက်ရှ် အီကွီ လီဘရမ်ရှာဖွေတွေ့ရှိမှုကို အကြောင်းပြု၍ ဗွန်နျူမန်းဆုကို ရ၏။
500 days in Dvaravati (19)
အရူးက တမူးသာ (၁) ကျောင်းပြန်ဖွင့်၍ သင်တန်းသစ်တက်ရပြန်လေပြီ။ ဒီတစ်ခေါက် အလှည့်ကျ အသုံးတှောခံ ရမည့်ဘာသာက မိုက်ခရို အီကှောနောမစ် ဖြစ်၏။ သင်တန်းတာဝန်ခံက တွဲဖက်ပါမောကဿခ ဒေါက်တာဂျွန် အမည်ရှိ မျက်မှန်ထူထူ၊ ဆံပင်တိုတို နှင့် အမြဲပြုံးနေတတ်သော ဆရာမ ဖြစ်၏။
500 days in Dvaravati (18)
ဆုန်ကရမ် ရဲ့ အရုဏ်ဦး ပျော်သည်။ ကျောင်းပိတ်ပြီ။ မက်ခရို ဘောဂဗေဒ နှင့် အသုံးချ သင်္ချာသင်တန်းများပြီးဆုံး၍ အကြိုသင်တန်း၏ နောက်ဆုံးဘာသာရပ်ဖြစ်သော မိုက်ခရို ဘောဂဗေဒ သင်တန်းမစမှီ ဆုန်ကရမ်ခေါ် ထိုင်းသင်္ကြန်ပွဲတော်နှင့် တည့်တည့် တိုးမိသဖြင့် ကျောင်းသုံးပါတ်ပိတ်ရသည်။ စိတ်လွတ်ကိုယ်လွတ် အနားယူလိုက်မဟဲ့လို့ အကြံကြီး ကြံခဲ့ သော်လည်း ကျောင်းပိတ်ပြီး ၄၈ နာရီ အတွင်း ထိနမိဒ္ဓ ကသူ့ကို လွှမ်းမိုးအနိုင်ယူသွားခဲ့သည်။ ဘန်ကောက်၏ လမ်းမ များကား ခြောက်သွေ့လှပါဘိ။ ဘဇာ ကြောင့်နည်း။ အကြောင်းရင်းကို စောကြောဆန်းစစ်မိသောအခါ- မြို့ ကြီးသား တို့ကား အားလပ်ရက်အတွက် နိုင်ငံတွင်း၊ ပြင် အပန်းဖြေခရီးများ ကိုယ်စီကိုယ်ဌ ထွက်တော်မူနေကြရာ ဘယ်ခရီးမှ မထွက်နိုင်သော သူ့လိုလူမျိုးများသာ ဆုန်ကရမ် သင်္ကြန်ရက်အတွင်းဘန်ကောက်တွင် ငေါင်းစင်းစင်း [...]
500 days in Dvaravati (17)
နင်လားဟဲ့ သင်္ချာ နေ့ရက်တို့သည် မှန်မှန်ကြီး ကုန်ဆုံးလျှက် ရှိ၏။ တစ်နေ့ ထမင်း သုံးထပ်စားရင်း၊ လေးဖက်ပါတ်ရံ အုတ်နံရံတွင်း အခန်းကျဉ်းကလေး ထဲမှာထိုင်ရင်း၊ လှဲရင်း၊ စာဖတ်ရင်း၊ နိစ္စဓူဝ ကျောင်းသို့သွား၍ စိတ်ညစ်ဖွယ် သင်ကြားပို့ချမှုများ ကို နာခံရင်း၊ ညနေအပြန် ရန်နန်လမ်းမ ဘေးရှိ ပန်းခြံပေါက်စလေးထဲတွင် ထိုင်၍ တောင်တောင်အီအီ ငေးမောရင်း၊ ကွန်ပျူတာရှေ့ မျက်နှာအပ်၍ အင်တာနက်ရင်း၊ တီဗွီ ဖန်သားပြင်မှ အရုပ်နှင့် အသံများကို စက္ခုနှင့် သောတ အာရုံဖြန့် ကျက်ရင်း တစ်လမျှသော အချိန်ကုန်ခဲ့ပြီ။
500 days in Dvaravati (16)
ဟန်းဖုန်း မှသည် ဟန်ဖုန်းဆီသို့ ဘာလိုလိုနှင့် ဘန်ကောက်ရောက်နေသည်မှာ တစ်လ နီးပါးရှိခဲ့ပြီ။ ရန်နန်း ကိုဗဟိုပြု၍ နေရာအတော်များများ သွားတတ် လာတတ်နေပြီ။ အယုဒ္ဓယ လမ်းသွယ် (၂) ဆိုသည့် သူနေထိုင်ရာ လမ်းကျဉ်းလေးအတွင်း သူ့ခြေရာများ ထပ်နေပြီ။ လမ်းထိပ်ရှိ ကားအရောင်းပြခန်းငယ်လေးကိုလည်း အသွားအပြန် ငေးမောကြည့်ရှုတတ်လာပြီ။ မာစီးဒီး၊ ဗော်လ်ဗို၊ ဘီအမ်ဒဘလျှူ နှစ်ယောက်စီး ပြိုင်ကားငယ်ကလေးများက မျက်စိပသာဒ ရှိလှပါဘိ၊ ဈေးနှုန်းတွေက ဘတ်နှစ်သန်း မှ ငါးသန်းအထိ အစားစား၊ သူတို့ဆီက ကားဈေးဖြင့်ချိန်ထိုးကြည့်လျှင် များလှသည်ဟု မဆိုသာ။ သို့သော်လည်း သူ့မှာ ရှိသည့်ငွေဖြင့် ဆိုလျှင်တော့ ကားမပြောနှင့်၊ လန်ချားပင်မရနိုင်။
500 days in Dvaravati (15)
ဒွါရာဝတီမှာရက်ငါးရာ (၁၅) ချူလာ နှင့် အန်နာ၊ မင်းတုန်းနှင့် ဆရာမှတ် စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး သူ အပြင်မထွက်ဖြစ်။ ကိုးန၀င်း အခန်းထဲမှာ အောင်းနေ၏။ စားသောက်ဆိုင်ကို ဖုန်းဆက်ပြီး စားချင်တာ မှာစားသည်။ တီဗွီ ကြည့်သည်။ စာအုပ်ဖတ်သည်။ တစ်သက်လုံး တောင့်တ ခဲ့သော တစ်ယောက်တည်း နေချင် သလိုနေရသည့် အခွင့် အရေးကို အပြည့်အ၀ ရယူနေသည့်နှယ်။ တိုက်တိုက်ဆိုင်ဆိုင် လို့ပဲ ပြောရမလား။ တီဗွီမှ The king and I ဇာတ်လမ်းလာနေသည်။ ထိုင်းရဲ့ ဂန္တ၀င်မြောက် အလှည့်အပြောင်းတို့ ကို မှတ်တမ်းတင်ရင်း အနောက်လွှမ်းမိုးမှု ကို သိမ်မွေ့စွာ မီးမောင်းထိုးပြသည့် ချူလာ လောင်ကွန် ဘုရင် နှင့် အင်္ဂလိပ်စာ [...]

