HIRIAUTATPA » မှတ်မှတ်ရရ
500 days in Dvaravati (22)
ရွာမှထွက်လေ၊ တောမှာသေ
ကျန်းမာရေး ဘောဂဗေဒ မဟာသိပဿပံတန်း စာသင်ခန်းသည် ပုစိကွေး သေးသေးကလေးဖြစ်၏။ ထိုစာသင်ခန်း ပေါက်စနလေးနှင့် မလိုက်ဖက်လှစွာပင် နှစ်ကောင်အား လေအေးပေးစက်ကြီး တပ်ဆင်ထားသောကြောင့် စာသင်ခန်းကား အမြဲတမ်း ရင်ထဲက ဆောင်းရာသီ ဖြစ်နေတော့သည်။ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းတွင် ပူပြင်းလှသည့် မနဿတလေးနွေကိုရှောင်၍ ရာသီဥတု အေးမြသာယာသော ပြင်ဦးလွင်သို့ နွေခိုရန်အ သွား နှစ်ဆယ့်တစ်မိုင်သို့အရောက် သာတောင့်သာယာရှိလှသည့် ရာသီဥတုနှင့် ဗြုန်းကနဲ အတွေ့ကို “နတ်ဘုံ နှင့် ငရဲကြား ၂၁ မိုင်သာခြား၏” ဟုရေးသားဖူးသည်ထင်၏။ မှား၏။ ၂၁ မိုင်မခြား။ ခု-နတ်ဘုံနှင့် ငရဲကြား မှန် တံခါး တစ်ချပ်သာခြား၏။ အအေးဓါတ် လွန်ကဲ လှသော အနှီ နတ်ဘုံ ကြောင့် နှာသီးဖျားတွေတောင် ထုံလာ၏။
အခန်းထဲတွင်တော့ ခုနက မိတ်ဆက်ပွဲတွင်တွေ့ခဲ့သည် ထိုင်းလေးဦးရောက်နှင့်နေပြီ။ သူတို့အချင်းချင်း လက်ပံ ပင်ဆက်ရက်ကျ သကဲ့သို့ စကားတွေဖောင်ဖွဲ့လျှက်။ သူနှင့်တော့ ပီတိ တစိမ်းပြင်ပြင်။ ဂျပန် ကျောင်းသား ဆိုသည့် ငနဲ မှာ ခုထိတော့ အရိပ် အယောင် ပင် မမြင် ရသေး။ သို့သှော အသက် ကြီးကြီး ကုလား မကြီး တစ်ဦး တော့ ဘာမဆိုင် ညာမဆိုင် အတန်းထဲ မှာ ထိုင် နေ သည်။ ဋဿဌာနေ ထိုင်း များ နှင့် ရော နှော သမှု မပြု ပဲ ခပ် ကြောင်ကြောင် ထိုင် နေ သော အနှီ ကုလား မကြီး သည် သူ့ကို ပြုံးပြ လေ၏။ ထို့ကြောင့်လည်း စကား စမြီ ပြော ရ ချေ သေး တော့ သည်။
လတ်စသတ်တော့ ထို ကုလားမကြီး မှာ လုဗဿဗနီ သာမော အင်ကြင်းတော ရှိရာ နီပေါမြေ မှ လာရ ရှာသကိုး။ နီပေါ မြို့တှော ခတဿတမန်ဒူ ရှိ သူနာပြု တကဿကသိုလ် မှ ကထိက အဆင့် ဆရာ မကြီး ဖြစ်၏။ ကမဿဘာ ကျန်းမာရေး အဖွဲ့ ၏ အထောက် အပံ့ ဖြင့် မဟာ သိပဿပံ သင်တန်း၏ ပထမ သုံးလ ကို သူတို့နှင့် အတူ တက်ရောက်မည့် သင်တန်း သူကြီး လည်း ဖြစ်၏။ သူနေထိုင်ရာ ရန်နန် အဆောက် အဦး မှာပင် နေထိုင် သဖြင့် ကျောင်း တူတူ သွားရမည့် ကျောင်းသွားဖှောကြီး လည်း ဖြစ်နေ သေးသည် ကိုး။
ပထမဆုံး စသင်ရမည့် ဘာသာရပ် မှာ အသုံးချ မိုက်ခရို ဘောဂဗေဒ နှင့် ကျန်းမာရေး ဆက်စပ်မှု ဆိုပဲ။ သင်ကြားရေး တာဝန်ခံ က ဒေါက်တာ ပစ်ဆနိန်း PhD ဆိုပဲ။ ဟော- လာပါပြီ။ ဗိုက်ကလေး ရွှဲနေသော လူပုပု တစ်ယောက်။ ဒေါက်တာ ပစ်ဆနိန်း ဆိုတာ ကျွန်တှောပါ ဟု စတင် မိတ်ဆက်၍ စာသင်ကြားခြင်း ကို အစပြု ချေပြီ။
ခက်ကပြီ။ ခုထိတော့ မိုက်ခရို ဘောဂဗေဒ အကြောင်း တွေကို သာ နင်းကန် တွန်းပြော နေ၏။ ကျန်းမာရေး နှင့် ဘာမှ အဆက် အစပ် မရှိသေး။ ရှိလာမည့် အရိပ် အယောင်လည်း မတွေ့ရသေး။ ကျန်းမာရေး ဆိုသည့် စာလုံး တစ်လုံး တောင် မပါ။ ဘောဂဗေဒ ဆိုင်ရာ မိုဒယ်များ (Economic Models) ကို တခမ်း တနား ပြော နေ ၏။ အဂဿငလိပ် လို ရှင်းရှင်း လင်းလင်း ပြော နိုင် သည်။ နားထဲ ဝင်သည်။ သို့သှော နားဝင် မချိုပါ။ သူသိချင် သည်က အဆိုပါ မိုဒယ် များသည် ကျန်းမာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု တို့အတွက် ဘယ်လို အသုံးကြ မလဲ။ ဘယ်လို အသုံးချ မလဲ။ ခုထိ တော့ ဘာမှ ဆက်စပ်မှု မရှိသေး။ မဆိုင်သည့် အပေါက်ကို ဂလိုင်နှင့် ခေါက် နေ ရ သလို ရှိ၏။
ဒီလိုနှင့် မနက်ပိုင်း စာသင်ချိန် ပြီး၍ နေ့လည်စာ စားချိန် သို့ရောက်ခဲ့ပြီ။ အားလပ်ချိန် တစ်နာရီ ရ၏။ သူ့အတွက် တစ်နာရီ သည် များလွန်း နေ၏။ အချိန် ပိုလွန်း နေ၏။ ရှေးယခင် အကြို သင်တန်း မှာတုန်းကလို ဒုတိယ ထပ်ရှိ စားသောက်ခန်း တွင် နေ့လည်စာ အလကား တီး၍ မရတော့။ ကိုယ့်ငွေ ကိုယ်ပေး၍ ကြိတ်ရတော့မည်။ ဒါက ကိစဿစ မရွိ။ ကိစဿစ ရွိသည္က ဘယ္လို မွာမလဲ။ အလကား စားရ စဉ် တုန်းကတော့ ဘာမှ မှာနေ စရာ မလို။ အဆင် သင့် ပြင်ထားသော စားတှောပွဲ များကို အသင့် ယူငင် မျိုဆို့ ယုံသာ။ ခုတော့ မြေညီထပ်ရှိ ကန်တင်း တွင် စားသောက် စရာ များကို သွားရောက် မှာယူ ကျသင့် ငွေ ကို ရှင်းလင်း ၍ စားရမည် ဆိုခြင်းကြောင့် ဒုကဿခ အကြီး အကျယ် ရောက် ရ တော့ သည်။ မမှာတတ်၍ ငတ် ရ တော့ မည် လော။ မမေးတတ်၍ ဆွေးရ တော့မည် လော။ ရွာမှ ထွက်လေ တောမှာသေ ဆိုသည့် ကိန်းတော့ ဆိုက် ချေ ပြီ။
500 days in Dvaravati (21)
ကျောင်းဖွင့်ချိန်
“ကျောင်းဖွင့်ရင် ရည်းစားလေးကို ခေါ်ပြီး ဦးချစ်လဘက်ရည်သွားသောက်မယ်” တဲ့။ သူတို့ ငယ်ငယ်က အောင်မြင် ကျော်ကြားလှသော အဆိုတော်ကြီး ကိုင်ဇာ၏ သီချင်းချိုချို တစ်ပုဒ် ရှိခဲ့ဖူးသည်။ အခု ထိုင်းနိုင်ငံ ဘန်ကောက်   မြို့ တော် ချူလာလောင်ကွန်တော်ဝင် တက္ကသိုလ်ကြီးတွင် ကျောင်းတက်နေရသော သူ့အတွက် preliminary course ခေါ်ပဏာမ သင်တန်းများပြီးဆုံး၍ မဟာဘွဲ့အတွက် တကယ့်အစစ်အမှန် သင်တန်းများ စပါချေပြီ။ တစ်နည်းအားဖြင့် ကျောင်းဖွင့်ပြီပေါ့။ ရည်းစားလေးခေါ်ဖို့နေနေသာသာ စကားပြောဖော်ပင်မရှိ၊ ဦးချစ် လဘက်ရည် မပြောနှင့် ထမင်းပင် လက်ညှိုးထိုး၍ ဟိုဟာဒီဟာထည့်ခိုင်းပြီး စားသောက်နေရသဖြင့် သူ့အတွက် ကျောင်းဖွင့်ချိန်သည် ကိုင်ဇာ့သီချင်းထဲကလို မချိုမြိန်။ နည်းနည်းပင် ခါးနေသလိုရှိ၏။ ဘဝနှယ် နာလှသည့် ဖြစ်ခြင်း။
မဟာဘွဲ့သင်တန်းဖွင့်ပွဲအတွက် မကင်းကောင်ညွှန်းဆိုရာ ခန်းမတစ်ခုထဲသို့ သူရောက်နေရသည်။ အားလုံးပေါင်း သင်တန်းသား ဘယ်နှစ်ယောက်ရှိသလဲဟု စောကြောမိတော့ ခြောက်ယောက်တဲ့။ နို့၊ ဘယ်နိုင်ငံတွေကလဲ ဆိုတော့ မြန်မာတစ်ယောက်၊ နိပွန်တစ်ယောက်၊ ဋ္ဌာနေထိုင်းက လေးယောက်တဲ့။ ကောင်းလေစွ။ တစ်ကိုယ်တည်း ထက်စာလျှင် ခြောက်ယောက်ဆိုတာ နည်းဘူးကြီးပဲ ဟုသူတွေးမိသည်။ မကင်းကောင်၏ ပြော စကားအရ ဒီနှစ် ကျောင်းသား အနည်းဆုံးဆိုပဲ။ အရင်နှစ်တွေက အနည်းဆုံးဆယ်ယောက်အထက်ပဲတဲ့။ ထားပါ တော့။ ဘယ်နှစ်ယောက်ရှိရှိ၊ တက်ဖို့သာ အဓိက မဟုတ်လား။ မြန်မြန်တက်၊ မြန်မြန်ပြီး၊ မြန်မြန်ဘွဲ့ရလေ ကောင်းလေ။
ဟော-လာကြပါပြီ။ သာစွ ဌာနီက ဆရာသမားများ။ သူတွေ့မြင်နေကြ ယောင်္ကျားတိုက်ပုံ၊ မိန်းမပုဝါခြုံ မြန်မာ့ ရိုးရာ ဆရာ့ဝတ်စားဆင်ယင်မှုနှင့် ကွဲပြားစွာပင် မိန်းမ စကတ်တို၊ ယောင်္ကျား ရှပ်လက်တို၊ ဘောင်းဘီရှည်များ တကားကားဖြင့် အင်တာနေရှင်နယ် ဆရာစတိုင်လ် ဝတ်ဆင်လာကြသော ထိုင်းအာစရိယတို့ ချီတက်လာကြပြီ။ သူတို့နောက်မှ အထီး တစ်၊ အမ သုံး၊ လေးဦးသော သတ္တဝါတို့က ရိုကျိုးကုန်းကွစွာ ကြို့ ကြို့ ရို့ ရို့ ဝင်လာကြပြီး သူ့နားမှ ထိုင်ခုံများတွင် ကိုယ်စီကိုယ်ဌ နေရာယူကြ၏။ မဟုတ်မှ လွဲရော၊ ထိုင်းကျောင်းသား လေးဦးဆိုသည်မှာ သင်းတို့ပင်ဖြစ်ချိမ့်မည်။ နိပွန်ကျောင်းသားဆိုသည်ကိုတော့ မတွေ့ရသေး။
ပဏာမ အဖွင့်တီးလုံးလည်းမတီး၊ အခမ်းအနားမှူးကလည်း မိုက်ကရိုဖုန်းကြီးမှတဆင့် အသံပြဲကြီးဖြင့် ဇွတ်အတင်း နေရာယူခိုင်းခြင်းမရှိပဲ ဖွင့်ပွဲ အခမ်းအနားကို ဆိုင်းမဆင့် ဗုံမပါ ခြောက်ကပ်ကပ်ကြီး စတင်ပါတော့ သည်။ ရွှေပြည်တော်မှ စည်ကားသိုက်မြိုက်လှသော ဖွင့်ပွဲအခမ်းအနား များနှင့် ကွာခြားလှပါဘိတောင်း။ ဦးစွာ ပထမ စီးပွားရေး မဟာဋ္ဌာနမှူး (Dean of faculty of economics) ဒေါက်တာ ဆိုသီတွန်း မလက္ခမက်စ် ဆိုသူက နှုတ်ခွန်းဆက် စကားပြောကြား၏။ အလွန်အင်မတန် ဖော်ရွေပျူဌာ ခြင်း၏ သင်္ကေတဖြစ်သော ကမ္ဘာကျော် ဆိုင်ယမ်အပြုံး (Siamese smile) ကို ထော်လှသောနှုတ်ခမ်းပေါ်တင်၍ အပေါ်သွား၊ အောက်သွားများပေါ်အောင်ပြုံးပြနေရပြီး သူတို့ကဲ့သို့ နှစ်ပေါင်းတစ်ရာမျှ လက်ပွန်းတတီးနေကာ တို့ဘိုးဘွား အမွေ မဖြစ်ခဲ့ရသည့် သိုးဆောင်း အင်္ဂလိပ် ဘာသာစကားဖြင့် ချွေးဒီးဒီးကျအောင် ကြိုးစားပမ်းစားနှုတ်ခွန်းဆက် နေရရှာသည့် ကျောင်းအုပ်ကြီး ဦးဆိုသီတွန်းကို မြင်ရသည်မှာ ရှင်ဥတ္တမကျော်၏ “ဘီလူးသွားကို လဖြဲတည်း” ဟူသော နာမည်ကျော် တောလားကိုပင် သတိရမိသေးတော့သည်။ စိတ်မသက်မသာ ရှိလှပါဘိ။ သူ့ဗဟိဒ္ဓကို စောကြော သုံးသပ်နေမိ သည့်အတွက် သူဘာတွေပြောသွားမှန်းတော့မသိ။
နောက်တစ်ယောက်ကတော့ ကျန်းမာရေးဘောဂဗေဒ မဟာသိပ္ပံသင်တန်း ဒါရိုက်တာ ဒေါက်တာ ဝတ္တနာဆို သည် အမျိုးသမီးကြီးဖြစ်သည်။ အမောင် ဆိုသီတွန်း ငနဲနှင့် ကွဲပြားခြားနားစွာ ဒေါက်တာ ဝတ္တနာသည် အင်္ဂလိပ် လို ကောင်းမွန်စွာပြောဆိုနိုင်သည်ကိုတွေ့ရသည်။ လေသံအေးအေးလေးဖြင့် တိုတိုရှင်းရှင်းသာပြောသွား၏။ ကျောင်းသား (၆) ယောက်သာရှိသည့် အတွက် အားမငယ်ကြရန်၊ small is cute ဆိုသော ဆိုရိုးစကားရှိကြောင်း၊ လူနည်းသဖြင့် individual assessment and evaluation အပိုင်းကို ပိုမိုအားစိုက်လုပ်ဆောင်နိုင်ကြောင်း။ မဟာ သိပ္ပံသင်တန်းကာလတစ်လျှောက်လုံး ကျန်းမာပကတိ၊ ချမ်းသာအတိဖြင့် သင်ခန်းစာများကို ကောင်းမွန်စွာ သင်ကြားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာဝေသွား၏။ ကောင်းလေစွ။ လာထား-နောက်တစ်ယောက်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အသိအမှတ်ပြု ကျန်းမာရေး ဘောဂဗေဒ စင်တာ (WHO collaborating center for health economics) မှ တာဝန်ခံ ဒါရိုက်တာ ဒေါက်တာ စီရီပန်ဆိုပဲ။ အတော်ဝသည့် မိန်းမကြီးတစ်ယောက်။ ယိုင်ထိုးယိုင်ထိုးဖြင့် ထလာပြီး လှုပ်တုတ်လှုပ်တုတ်ဖြင့် စကားတွေပြော၏။ သူ့အင်္ဂလိပ်စကားက ဆိုသီတွန်းနှင့် သိပ်မကွာ။ ဟထိုး၊ နောက်ပစ်များ မပါသည့် ထိုင်းင်္ဂလိပ်ရှ် ဖြစ်၏။ ဒေါ်စီရီပန်သည် အတော်ကြာအောင်ပြော၏။ မရပ်မနားပြော၏။ မဟားတရားပြော၏။ ပါးစပ်မှ အမြှပ်ထွက်မတတ်ပြော၏။ ဘာတွေပြောနေမှန်းတော့ သူမသိ။
နောက်တစ်ယောက်ကတော့ သူအကျွမ်းတဝင် ရင်းနှီးပြီးဖြစ်သော ဆယ်ပြားစေ့ကို တူနှင့်ထုထားသည့် မျက်နှာ ပိုင်ရှင် ဒေါက်တာ ဖုန်ဆာဖြစ်သည်။ အကြိုသင်တန်းတွင် သင်္ချာကို စိတ်ထိခိုက်လောက်အောင် သင်နိုင်သည့် ငနဲ။ စာသင်ကောင်းလွန်လွန်း၍ စိတ်ထိခိုက်ခြင်းမျိုးတော့မဟုတ်။ ဘာတွေပြောနေမှန်း အရိပ်အမြွက်မျှပင် သဘောမပေါက်သဖြင့် ယူကြုံးမရ၊ အပူလုံးကြွကာ စိတ်ထိခိုက်ခြင်းမျိုးဖြစ်၏။ ဖုန်ဆာက သူ့မိန့်ခွန်းကို ခြိမ်း ချောက်မှုဖြင့် စတင်လေသည်။ မဟာသိပ္ပံဘွဲ့ဟူသည် အလကားမရကြောင်း။ ချူလာလောင်ကွန် တက္ကသိုလ်သည် ထိုင်းနိုင်ငံတလွှားရှိ နာမည်ကျော်ကြားတက္ကသိုလ်များထဲတွင် ထိပ်တန်းတကာတို့၏ ထိပ်တန်း ဖြစ်သည့် အားလျှော်စွာ စည်းမျဉ်းစည်းကမ်းများလည်း တင်းကျပ်လှကြောင်း။ ထိုစည်းမျဉ်းများ၊ သတ်မှတ်ချက် များကို လိုက်နာ ဖြည့်စွမ်းနိုင်ခြင်းမရှိသော အမောင်ကျောင်းသားသည် တာဝတိဿာမှ ဆင်းလာစေကာမူ ဘွဲ့ရမည်ဟု မမျှော်လင့် သင့်ကြောင်း။ တစ်နှစ်တာကာလ အတောအတွင်း ဘာသာကြီးရှစ်ခု၏ ခက်လှစွာသော စာမေးပွဲကြီးများကို အဆင့်အတန်းမြင့်စွာ ဖြေဆိုရမည်ဖြစ်သည့်အပြင် မဟာဘွဲ့ယူကျမ်းကြီးတစ်ခုကို နိုင်ငံတကာ အဆင့်အတန်းမှီ အောင်ပြုစုရမည်ဖြစ်သည့်အတွက် အိပ်ချိန်ပင် မထားသင့်ပဲ နေ့မီးညမီးဆက်၍ မီးကုန်ယမ်းကုန် တက်စုံရွက်ကုန်ဖွင့် ကြိုးစားပါမှ တန်ကာကျလိမ့်မည်ဖြစ်ကြောင်း၊ သင်တို့တွင် ပျော်ပါးပေါ့တန်စွာနေရန် အချိန် မရှိကြောင်းကို တွံ- သင်သည် ဂဏှာဟိ- မှတ်လေ ဟုပြောကြားသွား၏။ ဆိုးလေစွ။
ကဲ-နောက်ဆုံးတစ်ယောက်။ စပ်ဖြဲဖြဲ၊ ပြုံးစိစိဖြင့် အမျိုးသားကြီး၊ ဒေါက်တာ ပိုင်တွန်းဆိုလား။ သူကတော့ ဘာတွေပြောနေမှန်းမသိ။ တဟီးဟီး၊ တဟားဟားဖြင့် ရယ်နေသည်ကိုသာ ကြားရ၏။ ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ရယ်တာဟာ ငိုတာထက်တော့ အများကြီးကောင်းသည် မဟုတ်လား။ ဒီလိုနှင့် ကျောင်းဖွင့်ချိန် မဟာသိပ္ပံဖွင့်ပွဲ အခမ်းအနားကြီး အောင်မြင်စွာပြီးဆုံးတော့သည်။ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူအပေါင်း စာသင်ခန်း ဆီသို့ မနှေးအမြန် ကြွချီကြရန် မကင်းကောင်၏ နှိုးဆော်သံကို နာခံရင်း သူအခန်းထဲမှ ထွက်လာခဲ့ရသည်။
500 days in Dvaravati (20)
အရူးကတမူးသာ (၂)
၁၉၇ဝ နှောင်းပိုင်း ပရင်စတန်တကဿကသိုလ်တွင်တော့ ဂျွန်နက်ရှ်သည် အလွန်တရာနာမည်ကြီးသူ ဖြစ်နေလေပြီ။ လူတိုင်း က ပရင်စတန် သခဿင်ာဋဿဌာန၏ ကျောက်သင်ပုန်းမည်းကြီးပှေါတွင် ညကြီးသန်းခေါင် သခဿငျာညီမျှခြင်းများ ထထရေးတတ် သည့် ဂျွန်နက်ရှ်အကြောင်းကို ဒဏဿဍာရီထဲက ပုံပြင်တစ်ပုဒ်နှယ် ပြောဆိုနေကြ၏။ ၁၉၇၈ ခုနှစ်တွင် နက်ရှ် အီကွီ လီဘရမ်ရှာဖွေတွေ့ရှိမှုကို အကြောင်းပြု၍ ဗွန်နျူမန်းဆုကို ရ၏။ထို့နောက်တွင်တော့ ဂျွန်နက်ရှ်သည် ပါရဂူကျောင်းသားဘဝတည်းက အစပြုခဲ့သည် ဂိမ်းသီအိုရီကို တစိုက်မတ်မတ် ပြန်လည်လေ့လာ၏။ မွမ်းမံပြင်ဆင်၏။ အဆင့်မြှင့်တင်၏။ ထိုအဆင့်မြင့် ဂိမ်းသီအိုရီကို လက်ကိုင်ပြု၍ နက်ရှ်သည် မူလ သခဿငျာလောကမှ ဘောဂဗေဒ လောကသို့ ဝင်ရောက်မွှေနှောက်၍ ရှိရင်းစွဲ ဘောဂဗေဒပညာရှင်တို့ကို ချောက်ခြား စေ၏။ ထို့အတွက်ကြောင့်ပင် ၁၉၉၄ ခုနှစ်အတွက် ဘောဂဗေဒဆိုင်ရာ နိုဗယ်ဆုကြီးကို အခြားသော ဂိမ်းသီအိုရီ ပညာရှင်နှစ်ဦးနှင့် အတူ ဂျွန်နက်ရှ် ရရှိခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် နေပါယ်တကဿကသိုလ်မှ ဂျွန်နက်ရှ်အား ဂုဏ်ထူးဆောင် ဘောဂဗေဒ ပါရဂူဆုကို ချီးမြှင့်ခဲ့သည်။ ထိုမျှ ဖိန့်ဖိန့်တုန်အောင် နာမည်ကြီးလှသော ဂိမ်းသီအိုရီဆိုသည်က ဘာများ ပါလဲ။
ဂိမ်းသီအိုရီ ဘာလဲဆိုတာသိဖို့ အရင်ဆုံး ဂိမ်း (Game) ဆိုသည့်စကားလုံးကို ရှင်းလင်းအောင်လုပ်ဖို့လိုသည်။ ဂိမ်း ဆိုတာ ကစားတာပေါ့။ အားရင် ကစားတဲ့ အားကစားမှန်သမျှ ဂိမ်းပေါ့ဟဲ့ဟု ပြောချင်လည်းပြောလို့ရသည်။ ဂျွန်နက်ရှ် ၏ ဂိမ်းအဓိပဿပါယ်ဖွင့်ဆိုချက်ကတော့ တစ်ဖက်နှင့် တစ်ဖက်ပြိုင်ဆိုင်ရမည့် အခြေအနေတစ်ခုခုပှေါတွင် သတ်မှတ် ထားသော စည်းကမ်းချက်များပါဝင်သော အစုဟုဆိုသည်။ ဘိုလိုတော့- game is essentially a set of rules describing the formal structure of a competitive situation ဟုအဓိပဿပါယ်ဖွင့်၏။ စည်းကမ်းချက်များပါဝင်သော အစုဆိုသည်မှာ အောက်ပါအရာများပါဝင်သည်တဲ့။
ပြုလုပ်နိုင်သော အရာများ
ထိုပြုလုပ်နိုင်သော အရာများနှင့် သက်ဆိုင်သည့် သိထားရန်လိုအပ်သော အချက်အလက်များ
တစ်ခုခုပြုလုပ်သည့်အခါတွင် ရရှိနိုင်သည့်အကျိုးအမြတ် သို့မဟုတ် ထိခိုက်နစ်နာစေနိုင်သည့် အရှုံးများ
ဂိမ်းသီအိုရီသည် ထင်ရှားသောဥပမာတစ်ခုမှာ Prisoner’s dilemma ခှေါအကျဉ်းသားဖြောင့်ချက် ဖြစ်၏။ ဘယ်နှယ့် အကျဉ်းသား၏ ဝန်ခံချက် သို့မဟုတ် ဖြောင့်ချက်သည် ဂိမ်းဖြစ်ရသနည်းဆိုလျှင် အစုထဲပါဝင်သော အချက်များနှင့် ကိုက်ညီသောကြောင့်ဟု ဆို၏။
ပြုလုပ်နိုင်သောအရာများ- ဖြောင့်ချက်ပေးရန် သို့မဟုတ် မပေးရန်
၎င်းနှင့်သက်ဆိုင်သည့်အချက်အလက်များ- ဖြောင့်ချက်ပေးခြင်း၊ မပေးခြင်းအားဖြင့် အမှုမှကွင်းလုံးချွတ်လွတ် မည်လား၊ ထောင်ကျမည်လား။
အကျိုးအမြတ်များ-
ဖြောင့်ချက်ပေးလိုက်၍ ဖှောကောင်ဘညွှန့် အဖြစ်သတ်မှတ်ခံရပြီး အမှုမှ ကွင်းလုံးချွတ်လွတ်နိုင်သည်။
ဖြောင့်ချက်မပေးပဲ ဘူးခံလိုက်ပြီး သက်သေမရှိသဖြင့်လည်း အမှုမှ ကွင်းလုံးချွတ်လွတ်နိုင်သည်။
အရှုံးများ-
ဖြောင့်ချက်ပေးခြင်းအားဖြင့် ပြစ်ဒဏ်ပိုကြီးသွားပြီး ထောင်နှစ်ရှည်ကျနိုင်သည်
ဘူးခံလိုက်ခြင်းအားဖြင့် ပြစ်ဒဏ်ပိုကြီးသွားပြီး ထောင်နှစ်ရှည်ကျနိုင်သည်။
ထိုအချက်များကို စုံလင်စွာသိရှိပြီးသည့်အခါတွင် game matrix ခှေါတိုင်နှစ်ခုနှင့် တန်းနှစ်ခုပါသော လေးကွက်ကျား တစ်ခုဆွဲ၍ game theory ကိုတွက်ချက်ပေတော့ဟုဆို၏။ Game matrix ဆိုသည်ကို ဒီလိုဆွဲရမတဲ့-
အမှုမှ ကွင်းလုံးကျွတ်လွတ်ခြင်း
နှစ်ရှည်ထောင်ဒဏ်ကျခြင်း
ဖြောင့်ချက်ပေးခြင်း
က
ခ
ဖြောင့်ချက်မပေးခြင်း
ဂ
ဃ
လွတ်နေသောကွက်လပ်များနေရာတွင် ပြုလုပ်သည့်အရာ (ဖြောင့်ချက်ပေးခြင်း၊ မပေးခြင်း) နှင့် ကြုံတွေ့ရမည့် ဖြစ်ရပ် (အမှုမှ ကွင်းလုံးကျွတ်လွတ်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်ကျခြင်း) တို့အပှေါမူတည်၍ ရရှိမည့်အကျိုးတရားနှင့် နစ်နာမည့် အရှုံးတရားတို့ကို အမှတ်ပေးစနစ်တစ်ခုခုဖြင့် စဉ်းစားရမည်ဟုဆိုသည်။ ဆိုကြပါစို့-
ဖြောင့်ချက်ပေးလိုက်ပြီး အမှုမှကွင်းလုံးကျွတ်လွတ်သွားလျှင် အလွန်အကျိုးရှိသည်။ ထို့ကြောင့် (က) အတွက် (၇) မှတ်ပေးမည်။
ဖြောင့်ချက်ပေးလိုက်သှောလည်း ထောင်ဒဏ်နှစ်ရှည်ခံလိုက်ရလျှင် အလွန်နစ်နာသည်။ ထို့ကြောင့် (ခ) အတွက် (-၅) မှတ်ပေးမည်။
ဖြောင့်ချက်မပေးပဲ အမှုမှကွင်းလုံးကျွတ်လွတ်လျှင် အလွန့်အလွန်အကျိုးရှိမည်။ ထို့ကြောင့် (ဂ) အတွက် (၉) မှတ် ပေးမည်။
ဖြောင့်ချက်မပေးပဲ ထောင်ဒဏ်နှစ်ရှည်ခံရလျှင် အကျိုးမရှိသှောလည်း အလွန်နစ်နာသည်ဟုမဆိုသာ။ ထို့ကြောင့်   (ဃ) အတွက် (၃) မှတ်ပေးမည်။
ထိုအမှတ်တွေ ဘယ်လိုရလာသလဲ ဆိုတော့ ကိုယ်ကြိုက်သလို ကိုယ်ပေးတာပေါ့တဲ့။ အေးရော။ သို့ပေမဲ့ အကျိုးရှိသည့် အလုပ်ကို အမှတ်များများပေး၍ နစ်နာသည့်အလုပ်ကို အမှတ်နည်းနည်းပေးရမည်ဆိုသည့် ဥပဒေသ တစ်ခုတော့ရှိဟန်တူသည်။
အမှုမှ ကွင်းလုံးကျွတ်လွတ်ခြင်း
နှစ်ရှည်ထောင်ဒဏ်ကျခြင်း
ဖြောင့်ချက်ပေးခြင်း
၇
-၅
ဖြောင့်ချက်မပေးခြင်း
၉
၃
ထိုသို့အမှတ်များထည့်ပြီးလျှင် ရှာရမည်မှာ ထိုထိုသောအဖြစ်မျိုးနှင့် ကြုံတွေ့ရသည့်အခါ ဘယ်နှစ်ကြိမ် ဖြောင့်ချက်ပေး ၍ ဘယ်နှစ်ကြိမ် ဘူးကွယ်နေခြင်းသည် ကိုယ့်အတွက် အကောင်းဆုံးဖြစ်မည်လဲ ဆိုသည့် မဟာဗျူဟာ (Strategy) ပင်ဖြစ်တော့သည်တဲ့။ ဂိမ်းသီအိုရီ၏ တွက်နည်းချက်နည်းများကို အသုံးပြု၍ တွက်ချက်လိုက်သော အခါမတော့ (၃) သည် ဆုံချက်ခှေါ saddle point ဖြစ်နေ၍ ထိုသို့သောအခြေအနေမျိုးဖြင့် ကြုံတွေ့ရလျှင် အမြဲတမ်း ဖြောင့်ချက် မပေးပဲ ဘူးခံနေခြင်းသည်သာလျှင် ကိုယ့်အတွက်အကောင်းဆုံး၊ အကျိုးအရှိဆုံး မဟာဗျူဟာဖြစ်တော့သည်ဟု အဖြေ ထွက်လာသည်။ မည်သို့မည်ပုံတွက်ချက်သည် ကတော့ တစ်ကဏဿဍဖြစ်သည်။
ထိုဂိမ်းသီအိုရီကို တကယ်တမ်းအသုံးချသည့်အခါ မသေချာ၊ မရေရာမှုများပြည့်နှက်နေသည့် အခြေအနေများ (Uncertain conditions) တွင်သာအကျိုးရှိသည်ဟု ဆို၏။ သေချာသည့် အခြေအနေများတွင် ဂိမ်းသီအိုရီကို သုံးစရာ မလို၊ သုံး၍လည်းမရ။ ဆိုကြပါစို့။ ဌက်ဖျားပိုး သွေးထဲတွေ့ရသော လူနာတစ်ဦးအတွက် ဌက်ဖျားဆေးပေးခြင်းသည် သာ ရောဂါပျောက်ကင်းခြင်းသို့ရောက်မည်မှန်းသေချာနေပါလျှက် ဂိမ်းသီအိုရီကိုသုံး၍ ဤအခြေအနေမျိုးကြုံတွေ့လျှင် သုံးကြိမ် ဌက်ဖျားဆေးပေးပြီး နှစ်ကြိမ်မပေးခြင်းသည် ကိုယ့်အတွက်အကောင်းဆုံး ဗျူဟာဖြစ်သည်ဟု အဖြေထုတ်၍ မရစကောင်း။
ထို့ကြောင့်လည်း သီအိုရီများကို အသုံးချသိပဿပံအဖြစ်ပြောင်းလဲရာတွင် အမေမှာမှာသည့်အတိုင်း တသွေမတိမ်းလုပ်၍ မရ။ ပါရမီရှင် အရူးကြီး ဂျွန်နက်ရှ်၏ ဂိမ်းသီအိုရီသည်လည်း စီးပွားရေး၊ စစ်ရေးကိစဿစများတွင် အသုံးတည့်သည် ဆိုသှောလည်း ခုမှ မြေစမ်းခရမ်းပျိုးဆဲ သာပါ။ အဟုတ်တကယ်ကောင်းမကောင်းဆိုသည်ကိုတော့ အချိန်ပေး၍ စောင့်ကြည့်ကြရလိမ့်ဦးတော့မည်။
500 days in Dvaravati (19)
အရူးက တမူးသာ (၁)
ကျောင်းပြန်ဖွင့်၍ သင်တန်းသစ်တက်ရပြန်လေပြီ။ ဒီတစ်ခေါက် အလှည့်ကျ အသုံးတှောခံ ရမည့်ဘာသာက မိုက်ခရို အီကှောနောမစ် ဖြစ်၏။ သင်တန်းတာဝန်ခံက တွဲဖက်ပါမောကဿခ ဒေါက်တာဂျွန် အမည်ရှိ မျက်မှန်ထူထူ၊ ဆံပင်တိုတို နှင့် အမြဲပြုံးနေတတ်သော ဆရာမ ဖြစ်၏။ အနားရထားသဖြင့် စိတ်သစ်လူသစ်ဖြင့် အားကြိုးမာန်တက် ကျောင်းတက် လက်ချာလိုက်သဖြင့် လည်းကောင်း၊ ဂျွန်သည် ရှေ့ နှစ်ဘာသာမှ သင်တန်းတာဝန်ခံများထက် အဂဿငလိပ်လို ရှင်းလင်း ပြတ်သားစွာ ပိုမို ပြောနိုင်သဖြင့် လည်းကောင်း၊ အသင်အပြ ကောင်းမွန်သဖြင့် လည်းကောင်း၊ အကြောင်းကြောင်း သော လည်းကောင်း၊ လည်းကောင်းများကြောင့် ထိုဘာသာရပ်ကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်၏။ သို့တည်း မဟုတ် နားလည် သဘောပေါက်သည်ဟု ထင်၏။
မိုက်ခရိုအီကှောနောမစ် ဆိုသည်က ဝယ်လိုအားနှင့် ရောင်းလိုအား၊ ထုတ်လုပ်သူနှင့် သုံးစွဲသူ တို့၏ ဆုံးဖြတ်ချက်များ အပှေါမည်သည်တို့က လွှမ်းမိုးသနည်းဆိုခြင်းကို သခဿငျာအခြေခံ၍ တွက်ချက်ခြင်းဖြစ်၏။ အီကွေးရှင်း နှင့် ဖှောမြူလာ ပေါင်းများစွာ ပါဝင်သော ဘာသာရပ်။ ထို သီအိုရီတစ်သိန်း၊ အနုမာန မှန်းဆချက် အနနဿတထဲတွင် အထူး စိတ်ဝင်စား မိသည်က ဂိမ်းသီအိုရီ။ စိတ်ဝင်စားမိသည့် အကြောင်းက ထိုသီအိုရီကိုဖှောထုတ် တီထွင်သူမှာ ထူးလည်းထူး၍ ရူးလည်းရူးသည့် ပါရမီရှင် ဂျွန်နက်ရှ်ဖြစ်သောကြောင့်ပင်။
ယခုအခါ အသက် (၈၁) နှစ်ရှိပြီဖြစ်သည့် ဂျွန်နက်ရှ်သည် သခဿငျာနှင့်စီးပွားရေးပညာရပ်တွင် မသိသူ မရှိသည့် လျှမ်း လျှမ်းတောက် ပညာရှင်ကြီးဖြစ်သလို စိတ်ရောဂါကုဆေးရုံများတွင် နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ရသည့် ကမဿဘာကျှော အရူးကြီးလည်းဖြစ်၏။ သူ့ဘဝက စိတ်ဝင်စားစရာ၊ လွမ်းမောစရာ။
ဂျွန်နက်ရှ်ကို ၁၉၂၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ် အနောက်ပိုင်း ဘလူးဖီးလ် အရပ်တွင်ဖွားမြင်သည်။ အဖေက လျှပ်စစ်အင်ဂျင်နီယာ ဂျွန်နက်ရှ် စီနီယာ၊ အမေက မာဂရက် ဗာဂျီးနီးယား မာတင်။ သူ့တွင် မာသာ အမည်ရှိ ညီမတစ်ယောက်ရှိ၏။ ဂျွန်နက်ရှ် နှင့်ပါတ်သက်၍-
“ဂျွန်က ငယ်ငယ်လေးထဲက သူများထက်ထူးတယ်။ အဲသလို ထူးမှန်းကို ကျွန်မတို့ တမိသားစုလုံးလည်း သိကြတယ်။ ဘယ်ကိစဿစပဲဖြစ်ဖြစ် သူလုပ်ချင်သလို လုပ်တော့တာပဲ။ ကျွန်မဖြင့် သူငယ်ချင်းတွေနဲ့ သူ့ကို မိတ်ဆက်ပေးရမှာ ရှက်လွန်းလို့” ဟု မာသာကရေးသားခဲ့သည်။
သို့သှောလည်း ဘလူးဖီးလ်အထက်တန်းကျောင်း၊ ဘလူးဖီးလ်ကောလိပ်တို့တွင် ပညာသင်ယူစဉ် ဂျွန်နက်ရှ်သည် သူလိုကိုယ်လိုမျှသာ၊ အိပ်ခန်းအတွင်း ထင်ရာမြင်ရာ သိပဿပံစမ်းသပ်မှုများ လုပ်ခြင်း၊ သခဿငျာပညာရှင် ဖားမက်၏ သခဿငျာ အက်ဆေးများ ကို လက်ကမချ ဖတ်ရှုခြင်းတို့လောက်သာ ပြောစရာရှိ၏။ ၁၉၄၅ ခုနှစ် အထက်တန်းအောင် ပြီးချိန်မှ စ၍ ပင်ဆယ်လ် ဗေးနီးယားပြည်နယ် ပစ်စဘတ်ရှိ ကာနစ်ဂျီ စက်မှုတကဿကသိုလ်တွင် ဓာတုအင်ဂျင်နီယာ သင်တန်း တက်နေခဲ့သည်။ ထူးခြားသည်ကတော့ ၁၉၄၈ ခုနှစ်တွင် ထိုသင်တန်းပြီးသည့်အခါ ဂျွန်နက်ရှ်သည် ရိုးရိုးဘွဲ့ရော၊ မဟာဘွဲ့ပါ တပြိုင်နက် ချီးမြှင့်ခံခဲ့ရခြင်းပင်။ တကဲ့ဇာတ်လမ်းက ထိုအချိန်မှ စတော့သည်။
နက်ရှ် ကျောင်းပြီးသောအခါ ကာနစ်ဂီတကဿကသိုလ်မှ ပါမောကဿခ ဒတ်ဖင်၏ “ဤသူငယ်သည် ပါရမီရှင်ဖြစ်သည်” ဆိုသော စာတစ်ကြောင်းတည်းပါသည့် ထောက်ခံစာဖြင့် ကမဿဘာေက်ာှ ပရင္စတန္တကဿကသိုလ္ သခဿင်ာဋဿဌာနတြင္ ပါရဂူဘြဲ့ သင်တန်းတက်ရောက်ခွင့်ရသည်။ ပရင်စတန်၌ သုတေသနလုပ်ရင်း ယခုအခါ နက်ရှ်အီကွီလီဘရမ် ဟုခှေါတွင် နေကြသည့် မျှခြေသီအိုရီကို ဖှောထုတ်တီထွင်ပြီး ၂၈ မျက်နှာစာတမ်းတစ်စောင်ဖြင့် ၁၉၅ဝ တွင် ပါရဂူဘွဲ့ရခဲ့သည်။
ဒေါက်တာနက်ရှ်၊ အသက်ကကြည့်တော့ (၂၂) နှစ်၊ သခဿငျာနှင့် ပါတ်သက်လျှင် တဖက်ကမ်းခတ်သည့် ပညာရှင်။ ထိုအချက်များက နက်ရှ်ကို ကမဿဘာ့ဦးနှောက်ဂိုဒေါင် ဟုတင်စားကြသည့် RAND ကှောပိုရေးရှင်းသို့ တွန်းပို့ခဲ့သည်။ အကောင်းဆုံး၊ အတှောဆုံးသော သူ့ထက်သူ လူစွမ်းကောင်းတို့ ဆုံစည်းရာ RAND ကှောပိုရေးရှင်းသည် အသက် (၂၂) နှစ်အရွယ်သာမာန်လူငယ်တစ်ဦးအဖို့ အလုပ်လုပ်ရဖို့မဆိုထားဘိ၊ မျက်မွှေးထှော၍ပင် မှောမကြည့်ဝံ့သော အရာ။ ထိုသို့သော နေရာမျိုးတွင် ပထမတန်းစား သခဿငျာသုတေသန ပညာရှင်ဆိုသည့် ရာထူးဂုဏ်ရှိန်က ကြီးမြင့်လွန်း လှသည်။ ဂျွန်နက်ရှ်အဖို့ အနာဂါတ်သည် ပန်းခင်းသောလမ်းဖြစ်၏။
မကြာပါ။ ပန်းခင်းသောလမ်းကို မျက်နှာမော့လျှောက်လာသူ ဂျွန်နက်ရှ်တစ်ယောက် ဆူးနင်းမိတော့၏။ မည်ကာမတဿတ ဆူးမဟုတ်၊ သူ့ဘဝကို ဇောက်ထိုးမိုးမျှောဖြစ်သွားစေသည့် ဧရာမ ဆူးကြီးမဟာ ဖြစ်သည်။ RAND တွင်အလုပ်လုပ်ပြီး သုံးလေးလအကြာတွင် သူအဖမ်းခံလိုက်ရ၏။ စွဲချက်ကမကြားဝံ့ မနာသာ၊ အိမ်သာအတွင်း မျိုးတူပုရိသဿသ တစ်ဦးနှင့် မောင်မစဿစက ဇာတ်ခင်းခြင်းတဲ့။
ခြောက်ပစ်ကင်း သဲလဲစင်များကိုသာ လက်ရွေးစင်ခေါင်းခေါက်ရွေးသော RAND ကှောပိုရေးရှင်းသည် ထိုကိစဿစအတွက် နက်ရှ်ကို အလုပ်ထုတ်ပစ်ရုံမှတပါး အခြားမရှိ။ ထိုအဖြစ်ဆိုးကြီးသည်ပင်လျှင် နောင်နှစ်ပေါင်းများစွာ သူ့ကို ဥမဿမ တကောဖြစ်စေသည့် အဓိကလက်သည် တရားခံဟု ဆိုကြသည်။ ထိုထိုသော အဖြစ်အပျက်များသည် နက်ရှ်၏ ပညာ ပါရမီကိုတော့ မနှောက်ယှက်နိုင်ကြပါ။ သူ၏ ထူးကဲလှသော သခဿငျာပါရမီကြောင့်ပင် လူမှုရေးဖောက်ပြန်သူဟူသော စွဲချက်ကြီးရှိလျှက်နှင့် ဂျွန်နက်ရှ်သည် မက်ဆာချူးဆက် နည်းပညာတကဿကသိုလ် MIT သခဿငျာဋဿဌာနတွင် နည်းပြဖြစ်လာ သည်။
MIT တွင် အလုပ်လုပ်နေခိုက် အယ်လ်ဆာဗေဒိုးနိုင်ငံသူ အယ်လ်လီစီယာ လိုပက်စ်-ဟယ်ရီဆန် ဒီလာဒီး နှင့် ဆုံဆည်းခဲ့သည်။ ဒီလာဒီးက ရူပဗေဒကျောင်းသူ။ ပါရမီရှင် သခဿငျာဆရာလေး နက်ရှ်ကို တန်းတန်းစွဲ။ နောက်မှ တကောက်ကောက် လိုက်နေ၏။ ကြာတော့ ကိုရွှေဂျွန်နက်ရှ်လည်း ဘာသားနှင့်ထုထားတာမို့လဲ။ မစွမ်းရင်းကလည်း ရှိသည် မဟုတ်လား။
၁၉၅၇ တွင်သူတို့နှစ်ဦးလက်ထပ်လိုက်ကြသည်။ ၁၉၅၉ တွင် သားလေးတစ်ယောက် ထွန်းကားပြီးနောက် ဂျွန်နက်ရှ် သည် စိတ်ဝေဒနာကြောင့်လား၊ အချစ်တို့ ကုန်ခမ်းသွားသည်လားမပြောတတ်၊ ဒီလာဒီးအပှေါ ပီတိ တစိမ်းတရံနှယ် ဆက်ဆံတော့သည်။ သူတို့ အိမ်ထောင်ရေးပြသဿသနာကြောင့် ကလေးသည် မွေးပြီးတစ်နှစ်အထိ နာမည်မရှိ။ နောက်ဆုံးမှ ဂျွန်ချာလီမာတင်နက်ရှ် ဟုအမည်ကင်ပွန်းတပ်ခဲ့သည်။ ၁၉၆၃ တွင်လင်မယားကွာရှင်းပြတ်စဲကြ၏။ ၁၉ရဝ တွင် အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ပြန်ပေါင်းထုပ်ကြသှောလည်း လင်မယားဆက်ဆံ ရေးကားမရှိတော့။ ဒီလာဒီးက ဂျွန်နက်ရှ်ကို သူ့အိမ်တွင် ဘှောဒါဆောင်လာနေသော ဧည့်သည်ဟု သမုတ်၏။ တမိုး အောက်ဝယ် တစိမ်းပြင်ပြင် ဖြစ်နေသော ဂျွန်နက်ရှ်တို့ ဇနီးမောင်နှံသည် အိမ်ထောင်ရေးသက်တမ်း နှစ်ပေါင်း ငါးဆယ်ခန့် အတွင်း အကြိမ်ပေါင်းများစွာ ကွဲလိုက်၊ ပြန်ပေါင်းလိုက်နှင့် သံသရာလည်နေကြ၏။
တကယ်တော့ နက်ရှ်သည် ၁၉၅၉ လောက်ကတည်းက စိတ်ကစဉ့်ကလျားဖြစ်သော ဝေဒနာကို စတင်ခံစားနေရပြီ ဖြစ်၏။ တနည်းဆိုသှော သူရူးနေချေပြီ။ သို့သှောလည်း ပါရမီထူးသော အရူးမို့ အားလုံးထက် တမူးသာလေ၏။ ရူးပုံ ရူးနည်းကိုက လွန်စွာအဆင့်မြင့်၏။ ဒီလာဒီးကိုယ်ဝန်ဆောင်နေချိန် ၁၉၅၉ ခုနှစ် နွေဦးတစ်ညတွင် ဂျွန်နက်ရှ်သည် အိမ်ပှေါသို့ အူယားဖားယားပြေးတက်လာ၏။ သူ့အမူအရာက မထိတ်သာ မလန့်သာ။ မျက်လုံးတွေ ဝိုင်းဝိုင်းလည် လျှက်။ ပြီးတော့ သူ့နောက်သို့ လူတွေလိုက်နေကြောင်း၊ အလွန်လျှို့ ဝှက်သည့် အဖွဲ့အစည်းတစ်ခုမှ သူ့အကြံအစည် ကို သိရှိသွား၍ သူ့ကို ဖျောက်ဖျက်ရန် လည်စည်းနီနှင့် လက်မရွံ့ များလွှတ်ထားကြောင်း၊ ထိုသူများသည် ယခုသူ့ကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီ ဖြစ်ကြောင်း၊ မကြာခင် အသက်နှင့်ခနဿဓာ အိုးစားကွဲဖို့ရှိကြောင်း တတွတ်တွတ်ပြော နေ၏။
သူ့အကြံအစည်က ဘာတုန်းဆိုတော့ သူသည် ကမဿဘာ့အစိုးရ တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်၍ တကမဿဘာလုံးကို စိုးမိုး အုပ်ချုပ်ရန် ဆိုပဲ။ တကယ်လည်း ဝါရှင်တန်ဒီစီရှိ နိုင်ငံခြားသံရုံးများကို စာရေး၍ထိုအကြောင်းကို ကြေငြာချက် ထုတ် ၏။ လက်စသတ်တော့ အာဏာရူးကိုး။ နပိုလီယံ၊ ဟစ်တလာ တို့နောက်မှ သမိုင်းမှောကွန်းရေးထိုးချင်သည်ထင့်။ ဒီလာဒီးက ချော့မော့ပို့ဆောင်သဖြင့် ၁၉၅၉ မေလတွင် မက်ကလိန်းစိတ်ဆေးရုံသို့ရောက်၍ စိတ်ကျရောဂါနှင့် ပါရာနွိုက် စကီဇိုဖရီးနီးယားခှေါ အပြင်းစားစိတ်ကစဉ့်ကလျား ဝေဒနာသည်အဖြစ် ရောဂါနာမည်တပ်ခံ လိုက်ရသည်။
ဆေးရုံမှ ဆင်းပြီးနောက် MIT မှအလုပ်ထွက်၏။ သူ့မိသားစုကို ရှိသည်ပင် မအောက်မေ့ပဲ ဥရောပသို့ခရီးထွက်၏။ ပါရီ နှင့် ဂျီနီဗာတွင်နေထိုင်စဉ်အတွင်း ထိုပါရမီရှင်အရူးသည် ပြသဿသနာမျိုးစုံ မီးထွန်းရှာ၏။ အမေရိကန် နိုင်ငံသား အဖြစ်မှ စွန့်လွှတ်၍ ပြင်သစ်နှင့် အရှေ့ ဂျာမနီတွင် နိုင်ငံရေး ခိုလှုံခွင့်ရဖို့ အကြိမ်ပေါင်းများစွာကြိုးစားခဲ့သည်။ နောက်ဆုံး အမေရိကန် အစိုးရ၏ တောင်းဆိုမှုဖြင့် ပြင်သစ်ရဲက ဖမ်းဆီးပြီး ပြန်ပို့လိုက်တော့မှ အရူးဂျွန်နက်ရှ် တစ်ယောက် ပြည်တှောပြန်တော့သည်။
ပြန်ရောက်တော့သည် နက်ရှ်သည် ရူးမြဲရူးဆဲ ဖြစ်၏။ ၁၉၆၁ မှ ၁၉ရဝ ထိ ကိုးနှစ်တိုင်တိုင် စိတ်ရောဂါကု ဆေးရုံများ တွင် နက်ရှ်သည် ပုံမှန်ဖောက်သည်ကြီး ဖြစ်လာ၏။ ရှိသမျှ ကုထုံးပေါင်းစုံခံယူခဲ့ရသည်။ ၁၉ရဝ မှစ၍ နက်ရှ်သည် ဘယ်ဆေးရုံမှ မသွားတော့၊ ဘာဆေးမှ မသောက်တော့ပဲ ရုတ်တရက် ရပ်ပစ်လိုက်သည်။ ထူးဆန်းစွာပင် သူ၏ ရောဂါ သည် ထိုအချိန်မှစ၍ တဖြည်းဖြည်းသက်သာပျောက်ကင်းလာခဲ့သည်။
နက်ရှ်၏ အဆိုအရ သူစိတ်အနှောက်အယှက် (စိတ်ကစဉ့်ကလျားဖြစ်ခြင်းကို သူ့ကိုယ်သူ သုံးနှုန်းသည့် အသုံးအနှုန်း မှာ စိတ်အနှောက်အယှက်ဖြစ်ခြင်း ဟူ၏) ဖြစ်နေစဉ်ကာလသည် သိပဿပံနည်းကျ ကျိုးကြောင်းဆင်ခြင်မှု ရှိရှိ တွေး ခှေါနည်းစနစ် တစ်ခုမှနေ၍ အိပ်မက်ဆန်ဆန် ပရမ်းပတာ တွေးခှေါနည်းစနစ်တစ်ခုသို့ ပြောင်းလဲသွားခြင်းသာ ဖြစ် သည်တဲ့။ ဟုတ်မပေါ့လေ။ ဘယ်အရူးမှ ကိုယ့်ကိုယ်ကို ရူးသည်ဟု ဝန်မခံချင်ပဲကိုး။ နောက်ဆုံးတော့ သူ၏ အိမ်မက် နည်းစနစ်တို့ လွှမ်းမိုးထားသော နိုင်ငံရေးသဘော တွေးခှေါမျှောမြင်မှုများမှာ မလိုအပ်ပဲ အားအင်ဖြုန်းတီးခြင်းဖြစ် ကြောင်းသိရှိလာသည်နှင့် တပြိုင်နက် သူသည် ထိုအေတြးအေခါှတို့ကို လိမဿမာပါးနပ္စြာ၊ အသိဉာဏ်ပညာဖြင့် ချွန်းအုပ် ၍ဖယ်ရှားလိုက်သည့် အတွက် မူလသိပဿပံနည်းကျ အတွေးအခှေါတို့ကို ပြန်လည်ရရှိခဲ့သည်ဟု ဆို၏။ ခံယူခဲ့ရသော စိတ်ရောဂါကုထုံးများက သူ့အတွက် ဘာမှအကျိုးမပြုခဲ့ဟုလည်း ဆိုလိုက်သေး၏။ ကဲ၊ ဘယ့်နှယ့်ရှိစ စိတ်ရောဂါကု ဆရာဝန်ကြီးများ၊ သင်တို့ကရော ဘာများတတ်နိုင်ကြဦးမည်နည်း။
500 days in Dvaravati (18)
ဆုန်ကရမ် ရဲ့ အရုဏ်ဦး
ပျော်သည်။ ကျောင်းပိတ်ပြီ။ မက်ခရို ဘောဂဗေဒ နှင့် အသုံးချ သင်္ချာသင်တန်းများပြီးဆုံး၍ အကြိုသင်တန်း၏ နောက်ဆုံးဘာသာရပ်ဖြစ်သော မိုက်ခရို ဘောဂဗေဒ သင်တန်းမစမှီ ဆုန်ကရမ်ခေါ် ထိုင်းသင်္ကြန်ပွဲတော်နှင့် တည့်တည့် တိုးမိသဖြင့် ကျောင်းသုံးပါတ်ပိတ်ရသည်။ စိတ်လွတ်ကိုယ်လွတ် အနားယူလိုက်မဟဲ့လို့ အကြံကြီး ကြံခဲ့ သော်လည်း ကျောင်းပိတ်ပြီး ၄၈ နာရီ အတွင်း ထိနမိဒ္ဓ ကသူ့ကို လွှမ်းမိုးအနိုင်ယူသွားခဲ့သည်။ ဘန်ကောက်၏ လမ်းမ များကား ခြောက်သွေ့လှပါဘိ။ ဘဇာ ကြောင့်နည်း။ အကြောင်းရင်းကို စောကြောဆန်းစစ်မိသောအခါ- မြို့ ကြီးသား တို့ကား အားလပ်ရက်အတွက် နိုင်ငံတွင်း၊ ပြင် အပန်းဖြေခရီးများ ကိုယ်စီကိုယ်ဌ ထွက်တော်မူနေကြရာ ဘယ်ခရီးမှ မထွက်နိုင်သော သူ့လိုလူမျိုးများသာ ဆုန်ကရမ် သင်္ကြန်ရက်အတွင်းဘန်ကောက်တွင် ငေါင်းစင်းစင်း ငုတ်တုတ် ကျန်ရစ်ခဲ့ကြသောကြောင့်-ဟု အဖြေထွက်လာသည်။ ဆိုးပါ့။
ထိုင်းတို့၏ ဆုန်ကရမ်က သူတို့ဆီက အတာကူးသည့် နှစ်ဦးသင်္ကြန်နှင့်တော့ ဆီနှင့်ရေ။ မဏ္ဍပ်မရှိ၊ မီးသတ်ပိုက်ဖြင့် ကျောကွဲအောင် အတင်းဆောင့်ထိုးတာမရှိ။ ရေပက်ခံကား နထ္ထိ၊ ဇော်ဝမ်း နှင့် မြနန္ဒာမရှိ၊ တူးပို့ တူးပို့ မရှိ၊ စိုင်းစိုင်းခမ်း လှိုင်မရှိ၊ တောဂေါ်လီမရှိ၊ သင်္ကြန်ကာလ တွင်မှ ခါတော်မှီပွင့်တတ်သော မွှေးရနံ့သင်းထုံသည့် ပိတောက်မရှိ။ အခြောက်ရှိ၏။ မစို့မပို့ ရေပက်ပြီး လူတွေကို ပေါင်ဒါမှုန့်ဖြင့် လိုက်သုတ်နေတာတော့ အနည်းအပါး ရှိ၏။ ကျန်မြို့ တွေ တော့မပြောတတ်၊ သူကျင်လည် ကျက်စားရာ ဘန်ကောက်မြို့ လည်ကတော့ ဘာဆိုဘာမှမရှိ၊ ကမ္မဋ္ဌာန်း ကျောင်း အလား တိတ်ဆိတ်ငြိမ်သက်လှသည်။
လေးဖက်ပါတ်ရံ၊ အုတ်နံရံတွင်း အခန်းကျဉ်းလေးထဲမှာ စားလိုက်၊ အိပ်လိုက်၊ စာဖတ်လိုက်၊ တီဗွီမှ လာနေသော ဘာမှန်းမသိသည့် တအီအီ တအာအာ ထိုင်းတေးသံများနှင့် ခေါင်းကလေး လှုပ်တုပ်လှုပ်တုပ်၊ လက်ကလေး မကွေးတကွေး အိစိအိစိ အကများကို စိတ်ညစ်ညူးစွာကြည့်လိုက်၊ တစ်ခါပြင် ဘတ် (၂ဝ) တန်လမ်းဘေးထမင်းဆိုင် များမှ ပူပူ၊ စပ်စပ်၊ ချိုချို၊ အုန်းသီးနံ့တွေ အမြဲရနေသော ထမင်းဟင်းတို့ကို မနက်ပြန်ညပြန်စားလိုက်၊ ရန်နန်လမ်းမ ပေါ်တွင် ဦးတည်ချက်မဲ့လမ်းသလားလိုက်၊ ပန်းခြံလေးထဲမှာ ကြောင်တောင်တောင် ငေါင်ငေးငေး ထိုင်လိုက်၊ ဘစ်စီ ခေါ်ကုန်ပဒေသာဆိုင်ကြီးသို့ သွားရောက်ငေးမောလိုက်နှင့် ကြာတော့ သည်းမခံနိုင်လောက်အောင် ငြီးငွေ့လာ၏။ ဒီလိုနဲ့ပဲ တစ်ကိုယ်တော် မြို့ ပါတ်ခရီးထွက်ခဲ့သည်။
ထွက်လာတာတော့ ဟုတ်ပြီ။ ဘယ်သွားမလဲ။ ထေရဝါဒ ဗုဒ္ဓဘာသာတိုင်းပြည်အချင်းချင်းမှာ ဘုရားမှ မသွားလျှင် ရာဇဝင်ရိုင်းရချည့်။ ဒါဖြင့်လည်း သွားပေါ့။ ဘန်ကောက်ရဲ့ နာမည်ကျော်မြဘုရားကို။ မြေပုံပေါ်မှာတော့ သူနေထိုင်ရာ ရန်နန်အိမ်ယာနှင့် မြဘုရားကိန်းဝပ်စံပယ်ရာ ဝပ်ပရာကျော စေတီတော်တို့သည် တစ်ထွာနှင့်လက်လေးသစ်မျှသာ ကွာဝေး၏။ လက်တွေ့မှာတော့ထိုခရီးကို ဘတ် (၈ဝ) တိတိငွေကုန်ကြေးကျခံ၍ တက်စီဌားသွားရသည်။ ပိုင် ဝပ်ပရာကျော၊ အိုကေလား၊ အိုကေပေါ့။ ကားပေါ်တက်သည်နှင့် တက်စီမီတာ ထောက်ကနဲဖွင့်လိုက်၍ သွားလို ရာနေရာရောက်သည့်အခါ မီတာတွင်ပြသည့် အတိုင်း ကျသင့်သည့် ငွေကြေးကို ပေးလိုက်ရုံသာ။ များလိုက်တာ။ လျှော့ပါဦး။ ဒီနားနဲ့ ဒီနားကို။ ဟုတ်ကဲ့ပါ၊ အနည်းဆုံးပါပဲ။ မကိုက်လို့ပါ။ ဘာညာ သာရကာ။ အပိုစကားတွေ ပြောစရာ မလို။
တက်စီဆရာ ခေါ်ဆောင်ရာသို့ တငြိမ့်ငြိမ့်လိုက်ပါရင်း ရပ်ကွက်ကြီးတစ်ခုကို ဖြတ်သန်းရသည်။ သူမြေပုံထုတ်ကြည့် နေသည်ကိုတွေ့တော့ တက်စီဆရာက ချိုင်းနားတောင်းဟုဆို၏။ သြော်-ဘန်ကောက်၏ တရုတ်တန်းကိုး။ တရုတ်တန်း သည် တရုတ်တန်းဟု ပြောစရာမလိုလောက်အောင် တရုတ်တန်းပီသလှသည်။ တရုတ်တန်းတို့၏ ထုံးစံအတိုင်း လမ်းပိန် လမ်းမြှောင် လမ်းမွှာများ၊ အိမ်ဆိုင်ကလေးများ မွစာကြဲ၍ ရှုပ်ရှက်ခတ်နေ၏။ ဧရာမ ရွှေစာလုံးကြီးများ ဒေါင်လိုက်ရေးထိုးထားပြီး လျှာအလျှားလိုက်ထုတ်ပြနေသော အနီရောင်ပိတ်စကြီးများကလည်း နေရာအနှံ့ တလွှား လွှား။ ရောင်းမဲ့၊ ဝယ်မဲ့၊ ချေးမဲ့၊ ဌားမဲ့ ဆွေမျိုးပေါက်ဖော်တို့ကလည်း ရပ်ကွက်အတွင်း တကားကား။ ခေါင်းလန်အောင် မော့ကြည့်ရသော မဟာဒါန်းလွှဲကြီးတစ်ခုကိုလည်း ဘာကြောင့်မှန်းမသိ စိုက်ထူထားသေးသည်။ လူစီးသည့် ဒါန်းတော့မဖြစ်နိုင်။ ဧကန္တ ဘီလူးစီးသည့် ဒါန်းများလား။ ဒီမိုကရေစီ ကျောက်တိုင်ဆိုသဟာကြီးကိုလည်း တွေ့ခဲ့ရသေး သည်။
နောက်ဆုံးတော့ ခံတပ်ကြီးတစ်ခုအသွင် အခိုင်အခန့်တည်ဆောက်ထားသည့် နေရာတစ်ခုရှေ့ သို့ရောက်လာသည်။ အထဲဝင်သွား၊ အဲဒါမြဘုရားဟု ကားဆရာက ပြောသဖြင့် ငွေရှင်းပြီးဆင်းခဲ့ရသည်။ အောင်မယ်လေး- ဘုရားဖူးဖို့ အ တွက် စစ်သားများ လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေသည့် မြို့ တံခါးပေါက်သဖွယ်အပေါက်မှ ဝင်ရမည်ဆိုပဲ။ ဘုရားဖူးများအား ဘောင်းဘီရှည်ဝတ်ဆင်လာမှ ဝင်ခွင့်ပြုမည် ဆိုသည့်စာတမ်းကြီးလည်း ချိတ်ဆွဲထားသေးသည်။ တောင်ရှည်ပုဆိုးဝတ်လာရင် ဝင်ခွင့်မပြုဘူးပေါ့။ ဘောင်းဘီရှည်ဝတ်ပြီး ကိုယ်တုံးလုံးလာရင်ရော ဝင်ခွင့်ပြုမှာလား။ သူ့ဖာသာ စောဒကတွေတက်ရင်း စိတ်ကူးထဲ ပြုံးနေမိ၏။
ဝပ်ပရာကျော သို့မဟုတ် သီရိရတနာသစ္စာဓရ စေတီတော်။ ၁၇၈၅ ခုနှစ်တွင် ဂရန်းပဲလေ့စ်ခေါ် နန်းတော်ရာ အတွင်း မှာ ပထမရာမမင်း တည်ထားကိုးကွယ်ခဲ့၍ ထိုင်းတို့အတွက် အရေးအပါဆုံးနှင့် အထွဋ်အမြတ်အထားဆုံး၊ နိုင်ငံ့အမှတ် အသားစေတီတော်ဖြစ်ခဲ့ရသည်။ သူတို့၏ ရွှေတိဂုံ၊ ရွှေမော်ဓေါ စေတီတော်ကြီးများကဲ့သို့ ကြီးမားခန့်ထည် မြင့်မားခြင်း မရှိ။ သေးသေးညှက်ညှက်ကလေးဖြစ်၏။ စေတီတော်အတွင်း၌ ဆုတောင်းပြည့်သည်ဟု နာမည်ကျော်သော မြဘုရား ဆင်းတုတော်ကိန်းဝပ်စံပယ်၏။ မြဘုရားကား ထိုင်းတို့၏ တိုးရစ်ဇင်ပရိုမိုးရှင်းကောင်းမှုကြောင့် ဆုတောင်းပြည့် ဘုရား ဆင်းတုတော်တို့ အလွန်ပေါများရာ သူတို့ရွှေပြည်ကြီးမှာပင် နာမည်သတင်း တဟုန်ထိုးကျော်ဇောသော ဘုရားဆင်းတု တော်ဖြစ်၏။ နိုင်ငံခြားသွားမည့်လူဆိုလျှင် ဘန်ကောက်ဝင်ပြီးမြဘုရားဖူးခဲ့ဟု ဆွေမျိုးသားချင်း၊ အိမ်နီးနားချင်း များက သိသိမသိသိ တခုတ်တရ မှာတတ်ကြသည်။
သူတို့ရန်နန်လမ်းထိပ်တွင် ချောင်ဖုရား သို့မဟုတ် ဗမာအခေါ် ကျောက်ဘုရားဆိုသည့် ရေချိုးခန်း၊ အနှိပ်ခန်းကြီးတစ်ခု ရှိ၏။ ဘတ်ငွေ ၁၅ဝဝ ခန့်သုံးလျှင် နတ်မိမယ်တို့၏ အပြုအစု အယုအယ ကိုခံယူရင်း  စည်းစိမ်ယစ်၍ (၂) နာရီခန့် ဆွေမျိုးမေ့နိုင်လေရာ ဘန်ကောက်သို့ ခေါင်းစဉ် အမျိုးမျိုးဖြင့် ရောက်လာကြကုန်သော ရွှေမြန်မာတို့သည် ဆွေမျိုးများ မှာလိုက်သည့် မြဘုရားအစား ကျောက်ဘုရားသို့သာ ရောက်သွားကြသည်ဟု အဆိုရှိ၏။ အိမ်ပြန်ရောက်တော့     မြဘုရား ဖူးခဲ့ရသလား ဟု မိဘဆွေမျိုး များဝိုင်းမေးကြသောအခါ အချိန်မရလို့ မြဘုရားတော့ မဖူးခဲ့ရဘူး။ နီးနီးနားနား ကျောက်ဘုရားပဲ ဖူးခဲ့ရတယ် ဟု ဂယောင်ချောက်ချားဖြင့် ဖြေကြတော့ အေး-အေး ဘုရားဆိုပြီးတာပါပဲကွယ်၊ ဘယ်ဘုရားရောက်ရောက်ပေါ့။ သာဓု-သာဓု ဟု မိဘဆွေမျိုးတစ်သိုက်၏ ကောင်းချီးပေး၊ သာဓုအနုမောဓဒနာ ကိုပင်ခံကြရသည် ဆိုပဲ။ ရလိုက်ဦးမည့် ကုသိုလ်တွေ။
မြဘုရားကား မန္တလေး မဟာမုနိ ကိုယ်တော်ကြီးနှင့် ကံတူအကျိုးပေးဖြစ်၏။ ရခိုင်ကို လုပ်ကြံအောင်မြင်သဖြင့် ဘိုးတော်ဘုရား၏ သားတော်ကြီး အိမ်ရှေ့ စံ ရွှေတောင်မင်းသားသည် နှစ်ပေါင်း (၂၃ဝဝ) ကျော်ရခိုင်တွင် ကိန်းဝပ် စံပယ်တော်မူသော မဟာမုနိ ဆင်းတုတော်ကြီးကို အမရပူရသို့ပင့်ဆောင်ပြီး နောင်အခါ မန္တလေးတွင် စေတီတည်ထား ကိုးကွယ်ခဲ့သလို ဖုရာ့ချာကရီသည် လာအိုကို စစ်အောင်နိုင်တော်မူသဖြင့် မြဘုရားကို ဘန်ကောက်သို့ ပင့်ဆောင်ခဲ့ ခြင်းဖြစ်၏။ မင်းလိုလိုက်၍ မင်းကြိုက်ဆောင်ပြီး ဤနေရာဤဒေသသို့ ဤအချိန်တွင် ဤဆင်းတုတော်ကြွဖို့ရာ အကြောင်းဖန်လေဟန် မြတ်စွာဘုရားကိုယ်တော်တိုင် ဗျာဒိတ်ထားခဲ့ဟန် တောရမ်းမယ်ဘွဲ့ လျှောက်ဖြီးကြသော် လည်း တကယ်တော့ ဘုန်းလက်ရုံးပြ၍ အတင်းပင့်ဆောင်ခဲ့ကြခြင်းသာဖြစ်၏။ ထို့ကြောင့်လည်း တန်ကြေးကြီးဟန် ရှိသည်။ နိုင်ငံခြားသားများ မြဘုရားကို အလကားပဲတင်းဖူးခွင့်မပြု၊ ဘတ် (၂၅ဝ) ပေးဖူးရသည်။ ဘတ် (၂၅ဝ) နှင့်တန် အောင် ဘုရားရှေ့ မှာ ငုတ်တုပ်ထိုင်၍ လိုချင်သမျှ အကုန်ဆုတောင်းနေသူများကား တမျှော်တခေါ်။ ဘုရားဆင်းတု တော်တွေများစွာရှိသည့်အနက် ဤဆင်းတုတော်ကသာ ကိုယ်ပူဆာသမျှ ပြည့်စုံအောင် ဖြည့်ဆည်းပေးမည်တဲ့လား။ လယ်တီဆရာတော်ဘုရားကြီး၏ ဘုရားကို ဆင်းတုကွယ်တယ်ဆိုသည့် စကားကို အမှတ်ရစရာ။
ကဲ- မြဘုရားတော့ ဖူးပြီးပြီ။ ဘယ်သွားရရင် ကောင်းမလဲ စဉ်းစားပြန်၏။ မြေပုံထဲမှာတော့ ချောင်ဖုရားမြစ်၏ ဟိုမှာဘက်ကမ်းတွင် ဝပ်အာရုံခေါ်အရုဏ်ဦးစေတီတည်ရှိသည် ဟုဖော်ပြထားသည်။ ဝပ်ပရာကျောနှင့် မြစ်သာခြား ၏။ မြစ်ကလည်း လှမ်းမြင်နေရသည်။ ဟိုဖက်ကမ်းကူးဖို့ ကူးတို့ဆိပ်အဆင်သင့်ရှိသည်။ (၂) ဘတ်ပေးပြီး မြစ်ကူး ကူးတို့စက်လှေပေါ်တက်လိုက်၏။ ချောင်ဖုရားမြစ်ကား အပူပိုင်းဒေသ မြစ်တစ်စင်း၏ သရုပ် သကန် မှန်ကန်လှစွာ ညိုညစ်ညစ်ရေများစီးဆင်းလျှက်။ ငါးမိနစ်တောင်မကြာ။ ဟိုဖက်ကမ်းသို့ရောက်၏။ ကမ်းပေါ်တက်လိုက်သည်နှင့် အရုဏ်ဦးစေတီကို တန်းရောက်တော့သည်။ အရုဏ်ဦး စေတီက မြဘုရားကဲ့သို့ မင်းကြိုက်စိုးကြိုက်မဟုတ်၍ထင့်။ ဘတ် (၂၅ဝ) ပေးစရာမလို၊ ဘတ် (၂ဝ) ပေးပြီး သက်သာချောင်ချိစွာ ဖူးမျှော်နိုင်၏။
လေကလေးက တဖြူးဖြူး၊ သစ်ပင်ရိပ်၊ တောရိပ်တောင်ရိပ်တို့ဖြင့် စိမ်းလန်း အေးမြသော ပါတ်ဝန်းကျင်က ကွန်ကရစ် တောဖြစ်သော ဘန်ကောက်မြို့ လယ်နှင့်တော့ ဆီနှင့်ရေ။ စိတ်ကြည်လင်လန်းဆန်းပြီး အမော အပန်း ပြေစေသည်။ စေတီတော်ကြီးကို ရောက်ရာနေရာမှ ဦးချကန်တော့လိုက်ပြီး အရိပ်ကောင်းကောင်းတွင်ထိုင်၍ ပါတ်ဝန်းကျင်ကို စိမ်ပြေ နပြေ ငေးနေမိသည်။ စေတီ၏ တရားဝင်အမည်က Wat Arunratchawararam Ratchaworamahavihara တဲ့၊ အမယ်မင်း၊ ဘယ်လိုအသံထွက်ရမှန်းပင်မသိ။ ဒီလို နာမည်ရှည်ကြီးတွေပေးရတာကို အရှေ့ တောင်အာရှသားတို့ အလွန်အင်မတန် ခံတွင်းတွေ့ခဲ့ပုံရသည်။ ဘုရင့်ဘွဲ့နာမည်တွေဆိုလည်း ခန့်ငြားသည်ထက် ခန့်ငြားအောင်၊ ရှည်သည် ထက်ရှည်အောင် – ဂြီတြိ ဘုဝနာ ဒိတျ ဓမ္မ ရာဌာ ပရ မိသွ ရ ဗလ စက္က၀ရ် ဇောတိ ဇေဌပရ မဒိပဒိန္ဒ ဘောပိတျ မဟာရတန ဇောတိသီရိ သုဓမ္မ ပဝရ ဇယသီဟဠ ခေမ ဘူမိန္ဒရိန္ဒ ခေမာဓိ ပတိရာဇဒိ ရာဇ ဆိုတာမျိုးခေါ်ရင်းနှင့် လေဖြတ် ပါးရွဲ့ သွားနိုင် လောက်သည့် ဟာမျိုးကြီးတွေ ပေးရပြီဆိုလျှင် ဖရဏာပီတိ၊ ဂွမ်းဆီကို ထိလို့။
ဘုရားတွင် အလကားဝေသော လက်ကမ်းစာစောင်ကလေးအရ သိရသည်မှာ- အယုဒ္ဓယခေတ်ကောင်းစဉ် ကတည်းက ဤစေတီ တော်ကို စတင်တည်ဆောက်ခဲ့ပြီး အယုဒ္ဓယ ပျက်၍ သွန်ဘူရီသို့ မြို့ တော်ရွှေ့ ပြောင်းလာချိန်ကြမှ ငါ့တပါးမင်း ဖုရာ့ တက်ရှင်က အပြီးသတ်တည်ထားကိုးကွယ်သည်ဟု ဆို၏။ မြဘုရားကို လာအိုမှ ပင့်ဆောင်လာပြီး ဤအရုဏ်ဦးစေတီတော်တွင် ခေတ္တ သီတင်းသုံး စံပယ်ခဲ့သေးသည်။ ၁၇၈၄ ကျမှ သီရိရတနာ သစ္စာဓရ စေတီတော်သို့ ရွှေ့ ပြောင်းပင့်ဆောင်ကြသည်တဲ့။ ရာမမင်း ဆက် ပေါ်ထွန်းလာသောအခါတွင်လည်း အရုဏ်ဦးစေတီတော်ကို အဆင့်ဆင့် ပြုပြင်မွန်းမံခဲ့ကြသည်။
လူပြောများသည့် ပါးစပ်ရာဇဝင်အရတော့ အယုဒ္ဓယအမှောင်ဖုံးချိန်တွင် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသော ဖရာ့တက်ရှင် နှင့် ပထမ ရာမမင်းလောင်းလျှာ ဖရာ့ချက်ကရီတို့ သူငယ်ချင်းနှစ်ဦး ကျူးကျော်သူများကို အရိုးကြေကြေအရေခမ်းခမ်း ပြန်လည်တွန်း လှန်ပါမည့်အကြောင်း ဤစေတီတော်တွင် တိုင်တည်ဆုတောင်း၍ သစ္စာရေများသောက်ခဲ့ကြသေးသည် ဆိုပဲ။ ထိုထိုသော သမိုင်း နောက်ခံရှိသည့် အာရုဏ်ဦးစေတီကို သူစိတ်ဝင်စား၏။ တတ်နိုင်သမျှ အသေးစိတ်လေ့လာကြည့်မိသည်။
အရုဏ်ဦးစေတီသည် တွေ့ဖူးနေကြ မြန်မာ့ စေတီဟန်များနှင့် အတော်ကွဲပြား၏။ ဗဟို ပုထိုးတော်ကြီးက အမြင့်ကြီး၊ ၈၆ မီတာ မြင့်သည်ဟုဆိုသည်။ ကဗ္မောဒီးယား (ခမာ) ပုံစံ။  အုတ်ပြဿဒ်များဖြင့် တည်ထားသော ထိုပုထိုးတော်ကြီးကို အရံစေတီလေးခုက ပါတ်လည်ဝိုင်းထား၏။ ထိုအရံစေတီများဆီရောက်အောင် လှေကားအတိုင်း တမျှော်တခေါ်ကြီးတက်ရ၏။ အရံစေတီများ၏ အောက်ခြေ အုတ်ခုံများတွင် ဓါး၊ လှံ၊ လေး၊ မြှားကိုင်ထားသော စစ်သားရုပ်များနှင့် ဘာကောင်တွေမှန်းမသိသော နဂါးလိုလို၊ တိုးနယားလိုလို တိရိစ္ဆာန်ရုပ်တွေ ထွင်းထုထားသည်။ ဧရာဝဏ်ဆင်မင်းကို စီးထားသည် ဟိန္ဒူစစ်ဘုရား အိန္ဒ၏ အရုပ်ကြီးများ လည်းရှိ၏။ အဘယ်မျှပင် ထေရဝါဒ စစ်ပါသည်ဟု ကြုံးဝါးကြွေးကြော်စေကာမူ ဟင်ဒီယဉ်ကျေးမှု သြဇာအောက်မှ ရုန်းမထွက်နိုင် သည့် သက်သေအထိမ်းအမှတ်များလေလား။
500 days in Dvaravati (17)
နင်လားဟဲ့ သင်္ချာ
နေ့ရက်တို့သည် မှန်မှန်ကြီး ကုန်ဆုံးလျှက် ရှိ၏။ တစ်နေ့ ထမင်း သုံးထပ်စားရင်း၊ လေးဖက်ပါတ်ရံ အုတ်နံရံတွင်း အခန်းကျဉ်းကလေး ထဲမှာထိုင်ရင်း၊ လှဲရင်း၊ စာဖတ်ရင်း၊ နိစ္စဓူဝ ကျောင်းသို့သွား၍ စိတ်ညစ်ဖွယ် သင်ကြားပို့ချမှုများ ကို နာခံရင်း၊ ညနေအပြန် ရန်နန်လမ်းမ ဘေးရှိ ပန်းခြံပေါက်စလေးထဲတွင် ထိုင်၍ တောင်တောင်အီအီ ငေးမောရင်း၊ ကွန်ပျူတာရှေ့ မျက်နှာအပ်၍ အင်တာနက်ရင်း၊ တီဗွီ ဖန်သားပြင်မှ အရုပ်နှင့် အသံများကို စက္ခုနှင့် သောတ အာရုံဖြန့် ကျက်ရင်း တစ်လမျှသော အချိန်ကုန်ခဲ့ပြီ။
သူ့အတွက် ဘန်ကောက်၏ ညများက ညတာရှည်လွန်းလှသည်။ မက်ခရို ဘောဂဗေဒ ကအနည်းငယ် အဆင်ပြေလာ သော်လည်း သင်္ချာက အဆင်မပြေသေး။ ခုထိသူနှင့် သူစိမ်းပြင်ပြင်။ သင်ပုန်းဖြူပေါ်က ဆရာဖုန်ဆာ၏ တွန့်လိန် ရွဲ့  စောင်းနေသော သင်္ချာညီမျှခြင်းများက သူ့ကို မျက်ထောင့်နီများဖြင့် ဝိုင်းကြည့်နေကြတုန်း။ သင်္ချာသည် သိပ္ပံပညာရပ် တို့၏ ထီးဆောင်းမင်းဘုရင် တစ်ပါး။ အနှီ သင်္ချာ ထဲတွင်မှ ကကုလ (Calculus) သင်္ချာသည် ခေတ်သစ် ဘောဂဗေဒ ၏ အခြေခံအုတ်မြစ်ဖြစ်သဖြင့် မတတ်မနေ၊ တတ်ကို တတ်ရမည်ဟု ဆရာ ဖုန်ဆာက ကြုံးဝါးကြွေးကြော်တိုင်း သူက ငယ်ငယ်တုန်းက သင်ခဲ့ဖူးသည့် ဦးပေါင်းကျားနှင့်မြင်းကျားရှင်ကိုသာ မျက်စိထဲ မြင်ယောင်မိသည်။ သူရဲကောင်းများ နှင့် မြင်းစီးပြိုင်ပြီး ဓါးရေးပြဖို့၊ တူရွင်းတောင်ခြေကို တက်ခါ ဆင်းခါ ဖြင့် အများခြောက်ချားအောင်လုပ်နိုင်ဖို့က ဘုရင် ဖြစ်ဦးမှကိုး။ ဘုရင်ဖြစ်ဖို့ မပြောနှင့်၊ ပုလ္လင်သို့ သွားရာလမ်းမှာပင် သူ့မှာ ဓါးတောင်နှင့် မီးပင်လယ်ကြား သွေးသံက တရဲရဲ။
တတ်မှ ဖြစ်မည် ဆိုသော စိတ်အခံဖြင့် သင်္ချာ ပြဌာန်း စာအုပ်များကို အကြိမ်ကြိမ် ဖတ်သော်လည်း လိုရင်းမရောက်မီ မှောက်ချထားလိုက်မိသည်ချည်း ဖြစ်နေ၏။ သင်ကြားရမည့် အကြောင်းအရာ တစ်ခုကို စာနဲ့ရေး၊ ပုံနဲ့ပြ၊ လက်တွေ့စမ်း သပ် စနစ်ဖြင့် ပညာဆိုသဟာကြီးကို နှစ်ပေါင်းများစွာ အသင်ကြားခံလာခဲ့ရသော သူ့မှာ အကြောင်းအရာကို အီကွေး ရှင်းချ၊ ဖော်မြူလာထုတ်၊ ကိန်းဂဏန်းတွက်ချက် သက်သေပြသည့်ဘာသာရပ်မျိုးကို ပညာဟုလက်မခံချင်လောက် အောင်ပင်ဖြစ်မိသည်။ ဆရာဆမ်နန်းကတော့ အားပေးပါသည်။ ထိုသင်္ချာကို သင်ကြားခဲ့စဉ်က သူလည်း ဘာမှနား မလည်ခဲ့ပါတဲ့။ မဟာသိပ္ပံတန်းမှာ တကယ်သင်ရမဲ့ အကြောင်းအရာတွေထဲ သင်္ချာက မပါသလောက်ပါပဲတဲ့။ ဒါဆို လည်းဘာဖြစ်လို့များ ကာယဒုက္ခ၊ စိတ္တ ဒုက္ခတွေပေးနေရသေးတာလဲ။
ဘာပဲဖြစ်ဖြစ် အတန်းထဲမှာ အခြားသင်တန်းသားတွေ နားလည်နေသည်ဟု ယူဆရသော ထိုပညာရပ်ကို သူ တစိုး တစိမှ နားမလည်သောအခါ၊ ကြာတော့ ရင်ထဲမှာ နာလာ၏။ မလှုပ်မရှက် ထိုင်နေရင်းခန္ဓာကိုယ် အနှံ့ အီကွေးရှင်း နှင့် ဖော်မြူလာ စူးချွန်များက ထိုးဆွသဖြင့် တဆစ်ဆစ် ဖြစ်လာသော ကိုက်ခဲ နာကျင်မှု။ ကြာလျှင် အနာယဉ်းတော့မည်။ သူတစ်ခုခုလုပ်ပြီး ထိုအရာကို မတတ်မနေ တတ်အောင်လုပ်မှ ဖြစ်မည်။ တိုင်းပြည်အတွက်၊ နိုင်ငံတော်အတွက်၊ အမျိုး ဂုဏ်၊ ဇာတိဂုဏ် အတွက်၊ ဘာအတွက်၊ ညာအတွက်၊ ဒီလောက်ကြီးကြီးကျယ်ကျယ် မကြုံးဝါးလိုပါ။ အနည်းဆုံးတော့ သူ့စိတ်ဒဏ်ရာ ပျောက်ကင်းသက်သာဖို့အတွက် ဒီသင်္ချာကို သူအပါတ်တကုပ် လေ့လာတော့မည်။
ကောင်းပြီ။ ဘယ်ကစလို့ ဘယ်လိုလေ့လာမှာတုန်း။ အခြေခံကစ ဆိုလို့ စတုတ္ထတန်း သင်္ချာဖတ်စာအုပ် ကနေ စ လေ့လာဖို့ မဖြစ်နိုင်။ အမြင်လည်းမနီး၊ ခရီးလည်းဝေးလှ၏။ ဒီလို တစ်ဆင့်ချင်းသွားနေလို့ကတော့ နောက်ဘဝ ရောက်ရင်တောင် လေ့လာလို့ ပြီးနိုင်ပါဦးမလား။ နည်းပညာခေတ်တွင် အင်တာနက်ကို အားကိုးတာအကောင်းဆုံးပ။
ဒီလိုနဲ့ပဲ ညည အင်တာနက် ဝက်ဘ်ဆိုက် ၏ သင်္ချာ စာမျက်နှာများ နှင့် နှစ်ပါးသွားရင်း ခန်းဆောင်နီ အိပ်မက်တွေ မက်ခဲ့ရပြန်သည်။
သူက ဘာမှသာ မသိတာ၊ အနှီ သင်္ချာကို တတ်မဲ့တတ်လျှင် အိုက်ဆက် နယူတန်လောက်၊ ဂျွန်နတ်ရှ် လောက် တတ် ချင်နေသေးသည်ကိုး။ ကိန်းဘရစ်တက္ကသိုလ် သင်္ချာဝက်ဘ်ဆိုက်၊ အမ်အိုင်တီ သင်္ချာမိုဂျူးများ၊ ဟားဗတ် သင်္ချာဌာန ၏ ပြဌာန်းချက်များ။ အီဂျစ်အရုပ်စာကြည့်နေရသလို ခေါင်းတွေမူး၍ ချွေးစေးတွေပြန်လာတာသာ အဖတ်တင်သည်။ ဘာမှ မထူးခြား။ ဒုံရင်း ဒုံရင်း။
ပါရဂူ အဆင့်သင်္ချာမှ မဟာအဆင့် သင်္ချာ၊ ထိုမှတဆင့် ဘွဲ့ကြို အဆင့်သင်္ချာ၊ အထက်တန်းအဆင့် သင်္ချာ ဝက်ဘ်ဆိုက် တွေကို ရက်ပေါင်းများစွာ စိတ်ရှည်သည်းခံ၍ လျှောက်ဖတ်ကြည့်ရင်း နောက်ဆုံးမတော့ ကကုလ သင်္ချာကို လူပြိန်း (လူဖျင်း၊ လူညံ့ များဟုလည်း ဆိုချင်ဆို) နားလည်အောင်ရေးထားသော Calculus for idiots အမည်ရှိ စာတမ်း တစ်စောင်ကို ဖတ်မိတော့မှ ရေခဲအရည်ပျော်တော့သည်။ အနာနှင့်ဆေး အပ်ချ မတ်ချ တွေ့တော့သည်။ သူရှာ နေတာ ဒါမျိုးကိုး။
ထိုစာတမ်းက စစချင်းမှာပင်-
ကကုလ သင်္ချာပညာသည် လူသား၏ ပြောစမှတ်ပြုရလောက်အောင် မြင့်မားလှသော အသိဥာဏ် ပညာ၏ အသီး အပွင့် ဧကန် အမှန် ဖြစ်ယုံမျှမက တင့်တယ်ခန့်ညားသည့် သဘောသဘာဝနှင့် ပြည့်စုံပြီး လူ့လောကအကျိုးကို စွမ်းဆောင်နိုင်ရည် မြင့်မားလှသောကြောင်း ကကုလ သင်္ချာပညာကဲ့သို့သော လူသား၏ တီထွင်ဖန်ဆင်းနိုင်မှုမျိုးသည် လူ့သမိုင်းတွင် ပေါပေါများများ မရှိစကောင်း-
ဆိုပြီး သူအလွန် သောက်မြင်ကပ်နေသော ဒီဘာသာရပ်ကို အလွန်အကြူးချီးမွမ်းထား၏။ စိတ်ထိန်း၊ ဆက်ဖတ်၊ ဆက် ဖတ်။
ကကုလသည် ရွေ့ လျားခြင်း၊ နှုန်း၊ အလျှင် တို့ကို လေ့လာသောပညာရပ်တစ်ခု ဖြစ်၏။ သင်ကားတစ်စီးနှင့် ခရီးပြင်း နှင်နေသည် ဆိုပါစို့။ ဒရိုင်ဘာကို ဘယ်လောက်မြန်မြန်မောင်းနေသလဲဟု မေးမိလျှင် မိုင်နှုန်းပြဒိုင်ခွက်ကို ကြည့်၍ တစ်နာရီ မိုင် ၁၂၀ နှုန်းဟု ပြန်ဖြေလိမ့်မည်။ ထိုအဖြေသည် ဘာကိုဆိုလိုပါသနည်း။ နောက်တစ်နာရီ အတွင်းမိုင် ၁၂၀ ရောက်စေရမည်ဟု သင့်ကို အာမဘန္တေခံခြင်းလော။ ဘယ်နည်းနဲ့မှ မဟုတ်နိုင်ပါ။ အရှိန်သည် အချိန်နှင့်အမျှ ပြောင်း လဲနေသည် မဟုတ်လား။ ဒရိုင်ဘာပြောသောစကား၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ သင်မေးလိုက်သော ပစ္စက္ခ အချိန် အခိုက် အတန့် တွင်ကားသည် တစ်နာရီ မိုင် ၁၂ဝ နှုန်းဖြင့် လမ်းပေါ်တွင်ပြေးလွှားနေသည်ဟူ၍သာ ဖြစ်၏။
သြော်— ကကုလ၏ သဘောသဘာဝသည် ထိုအတွေးအမြင်ပေါ် မူတည်၍ သက်ဝင်လှုပ်ရှားလာခြင်းပေကိုး။ Differential and Integral calculus rules များနှင့် ရှင်းလင်းချက်များသည် စိတ်အာရုံတွင်း ဖျတ်ကနဲ ရှင်းသွားသည်။ ဘောဂဗေဒ ဆိုသည်က ဈေးနှုန်း၊ ဝယ်လိုအား၊ ရောင်းလိုအား၊ အတိုးနှုန်း စသည့် နှုန်းများနှင့် အလျှင်များကို ရှေ့ ဖြစ် ဟောရသည့် forecasting သဘောတွေ အများကြီးပါနေသဖြင့် ကကုလ နှင့် ဘောဂဗေဒဆက်စပ်သည်က မြေကြီး လက်ခတ် မလွဲပါကလား။
ဒီလိုသဘောပေါက်လိုက်သည့် တစ်ခဏ လင်းပွင့်ချိန်လေးအတွင်းမှာ စိတ်အေးချမ်းသာမှု နှင့် ဆောက်တည်ရာ ရခြင်း ဟူသော လူ့လောက၏ ရှားရှားပါးပါး စည်းစိမ်ကလေးများကို ခံစားလိုက်ရသည်။
500 days in Dvaravati (16)
ဟန်းဖုန်း မှသည် ဟန်ဖုန်းဆီသို့
ဘာလိုလိုနှင့် ဘန်ကောက်ရောက်နေသည်မှာ တစ်လ နီးပါးရှိခဲ့ပြီ။ ရန်နန်း ကိုဗဟိုပြု၍ နေရာအတော်များများ သွားတတ် လာတတ်နေပြီ။ အယုဒ္ဓယ လမ်းသွယ် (၂) ဆိုသည့် သူနေထိုင်ရာ လမ်းကျဉ်းလေးအတွင်း သူ့ခြေရာများ ထပ်နေပြီ။ လမ်းထိပ်ရှိ ကားအရောင်းပြခန်းငယ်လေးကိုလည်း အသွားအပြန် ငေးမောကြည့်ရှုတတ်လာပြီ။ မာစီးဒီး၊ ဗော်လ်ဗို၊ ဘီအမ်ဒဘလျှူ နှစ်ယောက်စီး ပြိုင်ကားငယ်ကလေးများက မျက်စိပသာဒ ရှိလှပါဘိ၊ ဈေးနှုန်းတွေက ဘတ်နှစ်သန်း မှ ငါးသန်းအထိ အစားစား၊ သူတို့ဆီက ကားဈေးဖြင့်ချိန်ထိုးကြည့်လျှင် များလှသည်ဟု မဆိုသာ။ သို့သော်လည်း သူ့မှာ ရှိသည့်ငွေဖြင့် ဆိုလျှင်တော့ ကားမပြောနှင့်၊ လန်ချားပင်မရနိုင်။
ဒီနေ့တော့ လူတကာကိုင်နေသည့် မိုဘိုင်းဖုန်း တစ်လုံးဝယ်မည်ဟု ဆုံးဖြတ်ချက်အခိုင်အမာ ချထားသည်။ သွားနေကြ အယုဒ္ဓယ လမ်းသွယ်လေးမှထွက်ပြီး ခုထိ နာမည်မခေါ်တတ်သေးသည့် လမ်းမကြီးကို ဦးတည်လျှောက်လာသည်။ လူကူးမျဉ်းကြားလည်းမရှိ၊ အပြေးအလွှား ကားလွတ်သည့် အချိန်ဖြတ်ကူးရသည်။ ခုနေများ ကားတိုက်သေ လို့ကတော့ ရေခြားမြေခြား မှာငါလေး သနားပါတယ်ဟု ကိုယ့်ကိုယ်ကို ပြန်ကရုဏာသက်မိနေသေး။
သံလက်ရမ်းများ ကာရံထားသော လမ်းဘေး ပလက်ဖောင်းလေးပေါ်တွင် ဖြည်းဖြည်း အေးအေး လမ်းလျှောက်ရင်း ဘန်ကောက်၏ အမြင့်ဆုံး ဟိုတယ်ဟု သတင်းကြီးသည့် အထပ် (၇၇) ထပ်မြင့်သော ဘိုင်ရုတ် ဟိုတယ်နား ရောက်လာ သည်။ ဘိုင်ရုတ်က အမွှာဟိုတယ်ဖြစ်သည်။ ငါးဆယ့်ငါးထပ်မြင့်သော ဘိုင်ရုတ် အဟောင်း က ခုနှစ်ဆယ့် ခုနှစ်ထပ် မြင့်သည့် ညီတော် ဘိုင်ရုတ်၏ နောက်တွင် မှိန်ကုပ်ကုပ် ကျန်ရစ်သည်။ ဘိုင်ရုတ်တာဝါ နှင့်ကပ်လျှက်ရှိသော အင်ဒရာ စကွဲယားခေါ် ဈေးကြီးတစ်ခုထဲ ဝင်လိုက်၏။
ဝင်ဝင်ချင်း ငွေလဲကောင်တာတစ်ခု ဘွားကနဲ တွေ့၏။ အမေရိကန် တစ်ဒေါ်လာလျှင် ဘတ် (၄ဝ) နှုန်း၊ နေ့စဉ် နေ့တိုင်း ငွေလဲနှုန်းကို ကြည့်နေမိခဲ့သဖြင့် ဒါအမြင့်ဆုံး ငွေလဲနှုန်းမှန်းသိ၏။ သူ့ထံတွင် ရှိနေသော ဒေါ်လာငါးရာကို ဘတ်ဖြင့် လဲပစ်လိုက်၏။ ဘူမိဘော ဘုရင်မင်းမြတ်ပုံပါ ဘတ်တစ်ထောင်တန် ညိုတိုတို ငွေစက္ကူ အရွက် ၂ဝ တိတိ ရ၏။ အင်ဒရာ စကွဲယား၏ ဘေးပေါက်မှ ထွက်လိုက်သည်။ လူတွေ ကြက်ပျံမကျ စည်ကားလှသည့် မီးရောင်စုံဖြာနေသော ညဈေးလေး တစ်ခုထဲ ရောက်သွား၏။ ဘန်ကောက်၏ နာမည်ကျော် မီကာဆာ ညဈေး၊ ဈေးချိုသည်။ ဝယ်၍ကောင်းသည်။ ဆစ်၍ ကောင်းသည်။ ထိုင်းစကား မတတ်လည်း ဈေးဝယ်၍ ရသည်။ ကာကူလေတာ တစ်လုံးကိုင်၍ ရောင်းသူ ဝယ်သူ အသံ တူသည် အထိညှိနိုင်သည်။
အနောက်တိုင်းသား အဖြူ အမဲတို့ ကြိတ်ကြိတ်တိုး၊ ဒီဗီဒီ အခွေများကား အရောင်းရဆုံး။ တစ်ခွေမှ ဘတ် တစ်ရာ၊ တစ်ချိန်လုံး ကော်ပီရိုက်၊ ပရော်ပါတီ ရိုက် တို့ကို အသံပြာအောင်အော်နေကြသော အဖြူကောင်တို့သည် သူတို့ ဆီမှာ အနှီ ပရော်ပါတီ ရိုက်ကြောင့် ဈေးကြီးလှ၍ မဝယ်နိုင်ခဲ့သမျှ ဟောလီးဝုဒ် ဇာတ်ကား ဒီဗီဒီများကို ဘတ်တစ်ရာ ပေး၍ ပျော်ပျော်ပါးပါးကြီး တိုးဝှေ့ဝယ်နေကြပါပကော။
ဈေးထဲတွင် တောင်လျှောက် မြောက်လျှောက်လုပ်ရင်း ကျီးကန်းတောင်းမှောက် လျှောက်ကြည့်သည်။ ဟော–တွေ့ပြီ။ ဟန်းဖုန်းလေးတွေ။ လမ်းဘေး တွင် မှန်ကောင်တာဖြင့် ထည့်ရောင်းနေသည်မှာ အတန်းလိုက်ကြီး။ ဘုရားပွဲ အရုပ် ရောင်းနေသည်နှင့်ပင်တူသေးတော့။ ဈေးကလည်း ပေါလှသည်။ ဒါနဲ့ပဲ သဘောခွေ့စွာဖြင့် ဗမာကြိုက် Nokia Hand Set တစ်လုံး ဝယ်လိုက်သည်။ ဟန်းဆက်ချည်း ဝယ်၍မရ။ GSM စနစ်ဖြစ်သဖြင့် အထဲထည့်ဖို့ SIM ကဒ်လိုသေး သည်။ သူတို့ဆီမှာ- မဟား တရား ဈေးများသော၊ ရွှေထက်ရှားသော၊ သူ့ထက်သူ လူစွမ်းကောင်း မောင်ကံကောင်း များမှ ရနိုင်သော၊ SIM ကဒ်တစ်ကဒ် လျှင် ရွှေနှစ်ဆယ်သားခန့် ပေး၍ လဲလှယ်ဝယ်ယူရသော၊ MPT ၏ရာသက်ပန် တစ်ဦးတည်း မူပိုင်ဖြစ်တော်မူထသော GSM SIM ကဒ်သည် ဒီမှာတော့ ရိုက်သတ်၍ မကုန်အောင်ပေါလှသည်။ မြန်မာငွေ ကျပ်သုံး ထောင် (ဘတ်တစ်ရာ) ပေးလျှင် ဘယ်သူ့မှ အဖေခေါ်စရာမလိုပဲ ကိုယ့်စိတ်ကြိုက် ကုမ္ပဏီ နှင့် စိတ်ကြိုက် နံပါတ်ကိုရွေး ချယ်နိုင်သည်။  1-2 call, orange, happy, DTEC စသော ကုမ္ပဏီ များက သူတို့၏ SIM ကဒ်ကို သုံးပါမည့်အကြောင်း အမျိုးမျိုးသော ပရိုမိုးရှင်းများ၊ ဒစ်စကောင့်များ၊ ဗန်းပြ မြူဆွယ်၍ ဝယ်ပါ၊ ယူပါ တစာစာ လုပ်နေကြရသည်မှာ သနားစရာပင်ကောင်းသေးတော့။
(ထိုစဉ်က) ဝန်ကြီးချုပ် တက်ရှင် ရှင်နာဝပ်ထရာ၏ ရှင်းကော်ပိုရေးရှင်းပိုင် 1-2 call SIM ကဒ်ကို အားပေးလိုက်သည်။ ရောင်းသည့် အမျိုးသမီးက ဖုန်းထဲချက်ချင်းထည့်ပေး၏။ သူမ၏ မီးကျိုးမောင်းပျက် အင်္ဂလိပ်စကားအရ ရိပ်ဖမ်းသံဖမ်း သိရသည်မှာ- အခုလောလောဆယ် SIM ကဒ်တွင် ဘတ်ငါးဆယ်ဖိုးပြောနိုင်သည့် ပမာဏပါရှိကြောင်း။ မြို့ တွင်း ရှိ ဖုန်းများကို ခေါ်ဆိုလျှင် ဟန်းဖုန်း၊ ကြိုးဖုန်းမရွေး တစ်မိနစ် ငါးဘတ်ကျသင့်မည် ဖြစ်ကြောင်း။ ကိုယ့်ဖုန်းထဲရှိ ငွေလက် ကျန်ပမာဏ ကိုအမြဲတမ်း စစ်ဆေးနေရမည်ဖြစ်ကြောင်း။ ဖုန်းပြောနိုင်ဖို့ refill ကဒ်ထည့်ရမည်ဖြစ်ကြောင်း။ ဘတ် ၅၀၊ ၁၀၀၊ ၃၀၀၊ ၅၀၀၊ ၁၀၀၀ ကိုယ်ဆက်ချင်သလောက် ငွေပမာဏ ကို ကုဒ်နံပါတ် ရိုက်သွင်းကာ ဖုန်းထဲထည့်ရသော refill ကဒ် အစားစားရှိကြောင်း၊ ထပ်မထည့်နိုင်လျှင် ကနဦးပါသမျှ ဘတ်ငါးဆယ်ဖိုး ကုန်သွားပါက ဘယ်မှ ဆက်မရ တော့ပဲ အဝင်ကောလ်သာ လက်ခံနိုင်တော့မည်ဖြစ်ကြောင်း နားလည်လိုက်ရသည်။ ဒါနဲ့ပဲ ဘတ် ၃ဝဝ တန် refill တစ်ကဒ်ဝယ်၍ သူမကိုပင် ကုဒ်နံပါတ် တခါတည်းသွင်းခိုင်း လိုက်သည်။ ငါးမိနစ် အတွင်း GSM ဖုန်းတစ်လုံး လက်ဝယ် ပိုင်ဆိုင်ပြီ။ သူ့ဖုန်းထဲမှာ ဘတ် ၃၅၀ ဖိုးပြောနိုင်သည့် ငွေပမာဏ ရှိပြီ။ မိန်းမဆီ ဖုန်းဆက်ရမည်။
အိုဗာဆီးကောလ် ခေါ် နိုင်ငံခြားသို့ခေါ်ဆိုသည့် ဖုန်း။ ရွှေပြည်ကြီးတွင်ရှိစဉ်က ကိုယ်နှင့်မဆိုင်သဖြင့် မလေ့လာခဲ့မိ၊ အခုတော့ အလွန်မတန်ကို ဆိုင်လာသဖြင့် တင်ကြိုလေ့လာထားပြီးသား။ လေ့လာသိရှိရသလောက် တရားကျဖို့ပင် ကောင်းတော့သည်။ နိုင်ငံခြားသို့ဖုန်းခေါ်ဆိုခ သည် သတင်းဆက်သွယ်ရေး နည်းပညာ ဖွံ့ ဖြိုးမှု နှင့်ပြောင်းပြန် အချိုးကျသည် ဆိုပဲ။ နည်းပညာ ဖွံ့ဖြိုးတိုးတက်သော ဇောတိက နိုင်ငံများဖြစ်သည့် အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ စင်ကာပူ အစရှိသော နိုင်ငံများသို့ ဖုန်းခေါ်လျှင် ခေါ်ခမှာ တစ်မိနစ် ခြောက်ဘတ်၊ မြို့ တွင်း ခေါ်ဆိုခ နှင့်သိပ်မကွာလှ။ နည်းပညာ ချို့ တဲ့၍ သူများ အမြီးဆွဲပြီး ဆက်သွယ်နေရရှာသော မျက်နှာမွဲ နိုင်ငံလေးများကြတော့ တစ်မိနစ် ခေါ်ဆိုခ ၂၅ ဘတ်တဲ့။ မိုင်ထောင်ချီဝေးသော အမေရိကန်သို့ဖုန်းခေါ်လျှင် တစ်မိနစ် ခြောက်ဘတ်၊ ဖင်ချင်းပေါက်နေသော လာအိုကို ဖုန်းဆက်လျှင် တစ်မိနစ် နှစ်ဆယ့်ငါးဘတ် ဆိုပဲ။ မြန်မာကကော ဘာသားနဲ့ ထုထားတာမို့လို့လဲ။ တစ်မိနစ် နှစ်ဆယ့်ငါးဘတ် မှ တစ်ပြား မလျှော့။
ည၊ ကျဉ်းကျဉ်း ကျုတ်ကျုတ် ဝရံတာငယ် သို့ထွက်လာမိသည်။ လေအနည်းငယ် တိုက်နေသော်လည်း အုံ့အိုက် ပူလောင်မှု ကသက်သာမသွား။ အသစ်စက်စက် ဟန်းဖုန်းကို ထုတ်လိုက်၏။ ခေါ်မည်၊ ခေါ်ကိုခေါ်မည်၊ မရ အရ ခေါ်မည်။ အားပါးတရ ခေါ်မည်။ သောက်ကျိုးနဲအောင် ခေါ်ပစ်လိုက်မည်။ GSM မိုဘိုင်းဖုန်းကို တစ်ပိုင်းသေအောင် ကိုင်ချင်ပါသော်လည်း ဖွတ်ကလိ ဒင်္ဂါး မတတ်နိုင်၍ ဟန်းဖုန်း ဖြစ်လျှင်ပြီးရော သဘောဖြင့် လင်မယား နှစ်ယောက် ပေါင်းတစ်လုံး အဖိုးနည်း ဝန်ပါ ဝယ်ကိုင်ထားသည့် ဘုရားစူး မိုးကြိုးပစ် မိုဘိုင်းဖုန်း ဖြစ်သည့် သူတို့၏ ဆယ်လူလာ ဖုန်းကို အခုခေါ်တော့မည်။
အပြည်ပြည်ဆိုင်ရာ ကုဒ်၊ မြန်မာနိုင်ငံ ကုဒ်နှင့် ဆဲလ်ဖုန်း နံပါတ်များကို ရှည်လျှားစွာ လက်တညောင်း နှိပ်ရ၏။ ဖုန်းခေါ် နေသော ဒိုင်ယယ်လ် တုန်းရှည်မြည်သံကို ကြားရပြီ။ ဟော………..
ယောင်္ကျားသံတစ်သံ၊ ကိုယ့်ဖင်ကိုယ်ကြားသည့် အသံဖြင့် တိုးတိုး တိုးတိုးပြောနေသည်။
“လူကြီးမင်း ခေါ်ဆိုသော ဆဲလ်လူလာ တယ်လီဖုန်းသည် ဆက်သွယ်မှု ဧရိယာပြင်ပသို့ ………..”
ဒါမျိုးက ရိုးနေပြီ။ မြန်မာပြည်က ဆဲလ်လူလာသည် လက်နှင့်ကိုင်ပြောရသော ဟန်းဖုန်းမဟုတ်ပဲ ခါးမှာ ဟန်ပြချိတ် ထားရသော ဟန်ဖုန်းဟု ပြောကြသည်မှာ အကြောင်းမဲ့မဟုတ်။ ဆယ်ခါရံ တစ်ခါ၊ ဝင်ချင်သည့် အချိန်မှ ဝင်တတ်သည် မဟုတ်ပါလား။ သည်းခံခြင်းသည် လာဘ်တစ်ပါး။
ဖုန်းပြန်ချ၏။ ပြန်ခေါ်၏။ အခါ နှစ်ဆယ်ခန့် ကိုယ့်ဖင် ကိုယ်ကြား လူကြီးမင်းနှင့် ဆုံဆည်းပြီးသည့်နောက် အမှန်တ ကယ် ဖုန်းဝင်သွားပြီဟု ယူဆရလောက်သည့် အသံရှည်ကို ကြားရသည်။ တော်တော်နှင့်မကိုင်။ ဟော–ကိုင်ပြီ။ ဟယ်လို တစ်ခွန်းပြောလိုက်စဉ် တစ်ဖက်မှ….
“ဟယ်လို၊ ……………. လား”
ဆိုသည့် အသံတစ်ခွန်းသာ ကြားလိုက်ရပြီး ဂွမ်ကနဲ လိုင်းပြုတ်သွားပါတော့သည်။ ဟယ်–ဘယ့်နဲ့ ဖြစ်ရတာတုံး။ ထိုအချိန်မှာပင် သူ့ဖုန်းမှ မီးသတ်ကား အချက်ပေးဥသြသံလို အသံများ ဆူညံစွာထွက်ပေါ်လာသည်။ ဒစ်စ်ပလေး စကရင်ပေါ်မှာ သင့်ဖုန်းတွင် လက်ကျန်ငွေ သုံညဘတ် ဆိုသည့် စာလုံးကြီးများက သူ့ကို နားရင်းပစ်ရိုက်လိုက်သလို။ ဟယ်လို၊ ဟယ်လို နှစ်ဟယ်လို အတွက် ဘတ် ၃၅ဝ (ကျပ်ငွေ တစ်သောင်းကျော်) ကုန်သည်ဆိုတာတော့ ဘယ်နည်း နဲ့မှ မဖြစ်နိုင်။
အချိန်တန်တော့လည်း နပိန်ကန်ပါသည်။ သူသိပါပြီ။ သူ့ဖုန်းထဲမှ ဘတ်ငွေများကို အခါနှစ်ဆယ်ခန့်သော လူကြီးမင်း များစားသွားသည်ကိုး။ တစ်ခါလူကြီးမင်းပါက နှစ်ဆယ့်ငါးဘတ်။ ရက်စက်ပါပေ့။ မတတ်နိုင်။ အောက်ထပ်ဆင်း၍ စတိုးဆိုင်မှ ဘတ် ၃ဝဝ တန် 1-2 call refill တစ်ကဒ် အမြန်သွားဝယ်၍ ကုဒ်ရိုက်သွင်းပြီး သူအထင်မကြီးခဲ့မိသည့် ကြိုးဖုန်းကို ခေါ်ကြည့်သည်။ အမလေး….ဒီတစ်ခါတော့ ရှောရှောရှုရှု ချက်ချင်းလိုင်းဝင်၍ ဖုန်းဘေးမှာထိုင်စောင့် နေသော မဟေသီနှင့် အခက်အခဲမရှိ ဆယ်မိနစ်ခန့် စကားပြောလိုက်ရ၏၊ အဟောသုခံ–ချမ်းသာစွ တကား။ နောက် များတော့ အသေဝလာစ-ဆယ်လူလာ ။    ။    ။    ။    ။    ။    ။    ။
500 days in Dvaravati (15)
ဒွါရာဝတီမှာရက်ငါးရာ (၁၅)
ချူလာ နှင့် အန်နာ၊ မင်းတုန်းနှင့် ဆရာမှတ်
စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး သူ အပြင်မထွက်ဖြစ်။ ကိုးန၀င်း အခန်းထဲမှာ အောင်းနေ၏။ စားသောက်ဆိုင်ကို ဖုန်းဆက်ပြီး စားချင်တာ မှာစားသည်။ တီဗွီ ကြည့်သည်။ စာအုပ်ဖတ်သည်။ တစ်သက်လုံး တောင့်တ ခဲ့သော တစ်ယောက်တည်း နေချင် သလိုနေရသည့် အခွင့် အရေးကို အပြည့်အ၀ ရယူနေသည့်နှယ်။ တိုက်တိုက်ဆိုင်ဆိုင် လို့ပဲ ပြောရမလား။ တီဗွီမှ The king and I ဇာတ်လမ်းလာနေသည်။ ထိုင်းရဲ့ ဂန္တ၀င်မြောက် အလှည့်အပြောင်းတို့ ကို မှတ်တမ်းတင်ရင်း အနောက်လွှမ်းမိုးမှု ကို သိမ်မွေ့စွာ မီးမောင်းထိုးပြသည့် ချူလာ လောင်ကွန် ဘုရင် နှင့် အင်္ဂလိပ်စာ ဆရာမ မစ္စစ် အန်နာလီယို နိုဝင် တို့၏ လောကီထုပ္ပါတ် လူတို့ဇာတ် ကို စိတ်ရောကိုယ်ပါ နှစ်၍ ကြည့် နေမိသည်။ သြော်- ချူလာ နှင့် အန်နာ။
၁၈၅၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ဖွား ချူလာလောင်ကွန် မင်းသား သည် စတုတ္တရာမမင်း (မောင်းဂွတ် ဘုရင်) နှင့် မိဖုရား သက်သီရိ အင်ထရာ တို့၏ သားတော်ကြီးဖြစ်သဖြင့် မွေးကတည်းက ထီးမွေ၊ နန်းမွေခံ အိမ်ရှေ့ စံ အဖြစ် ဗျာဒိတ်ရခဲ့ပြီးသူ။ ချူလာလောင်ကွန် မင်းသားဖွားမြင်သည့် နှစ်မှာပင် သူတို့မြန်မာနိုင်ငံတွင် ပုဂံ မင်း၏ ထီးနန်းကို မင်းတုန်း၊ ကနောင်မင်းသားနှစ်ပါး လုပ်ကြံအောင်မြင်၍ မင်းတုန်းမင်း နန်းတက်ခဲ့သည်။ ကြံဖော် ကြံဖက် ညီတော်ကြီး ကနောင်ကို အိမ်ရှေ့မင်းအရာထားတော်မူခဲ့သည်။ မိဖုရားခုနှစ်ကျိပ်ကျော် မှ မွေးအားကောင်းကောင်းနှင့် ဇွတ်မွေးထားသော သားတော် လေးဆယ်ကျော်-ငါးဆယ် ငုတ်တုတ်မေ့ကြရသည်။ ထိုဖြစ်ရပ်က မိုး မလင်းတမ်း ကပြရမည့် အလွမ်းဇာတ်ကြီး ၏ ပဏာမ အချီး နိဒါန်းမျှသာ။
မောင်းဂွတ်ဘုရင်က ခရစ်ယာန်သာသနာပြု များနှင့် အလွမ်းသင့်သူ။ နန်းတော်ကြီးမှာ သင်းအုပ်ဆရာများ၊ သူတို့၏ မိသားစု များဖြင့် စည်စည်ကားကား တ၀ုန်းဝုန်း။ တရုံးရုံး။ သားတော်၊ သမီးတော်များ၏ ပညာရေးကို အစဉ်အလာ ပါရာဒိုင်းဘောင်အတွင်းမှာသာ သင်ကြားပေးနေရသည်ကိုအားမရ။ အထူးသဖြင့် ချူလာ အိမ်ရှေ့ စံ ကိုယ်တော်လေးကို ထူးချွန်ထက်မြက်စေ့ချင်သည်။ ငယ်စဉ် တောင် ကျေး ကလေး ဘ၀ မှစ၍ ထိုင်းနန်းတွင်း ရိုးရာ အစဉ်အလာ ထိုင်းမှုရေးရာများကို သင်ကြားစေယုံမျှဖြင့် အားမရ။ အသက်ကိုးနှစ် အရွယ်မှစ၍ မွေထိုင်းကိုယ်ခံ ပညာများကို သင်ကြားစေသည်။ မစ္စစ် အန်နာလီယို နိုဝင် ကိုအမြဲတမ်း နန်းတွင်းတွင်ခစားခွင့်ပြုသော မင်းသား၏ ပရိုက်ဗိတ် အင်္ဂလိပ်ကျူရှင် ဆရာမ အဖြစ်ဌားရမ်း၍ ပညာသင်ကြားစေသည်။
မောင်းဂွတ်၏ အစီအမံမျိုးကို ဘ၀ရှင် မင်းတုန်းမင်းတြားကြီးလည်း လုပ်ခဲ့ဖူးပါ၏။ ဆရာမှတ်ကြီး ဟု လူသိ များ သော သာသနာပြုဆရာ Dr. Marks အား ၁၈၅၉ ခုနှစ် ဇွန်လ (၇) ရက်နေ့တွင် ရတနာပုဏ် နေပြည်တော်တွင် သံတဲကျောင်းတည်ခွင့် ပေးသနားတော်မူခဲ့ပြီး မင်းသား ကိုးပါးကို သံတဲကျောင်းတွင် အင်္ဂလိပ်စာ နှင့် အခြား ခေတ်မှီ ပညာရပ်များကို သင်ကြားစေခဲ့သည်။
ပေါက်ပေါက် မြောက်မြောက် ထူးထူး ချွန်ချွန် ရှိကြသည် လား။ မှန်းချက် နှင့် နှမ်းထွက် ကဖြင့် မကိုက် ပါချေ။  ဆရာမှတ် ပြောခဲ့ သည်ကို သူ သတိရ နေမိသည်။
“ဘ၀ရှင် မင်းတြား ကြီးရဲ့ သားတော် ကိုးပါးကို အင်္ဂလိပ်စာသင်ပေးဖို့ ကျောင်းကိုလွှတ်လိုက်တော့ မင်းသားတစ်ပါးကို ဆင်တော် တစ်စီး၊ ရွှေထီးလေးလက် မိုးပြီး ခြွေရံ သင်းပင်း လေးဆယ်စီခစားပြီး ကျောင်းကိုလာကြတယ်လေ။ ဆင်ကိုးစီး နဲ့ နောက်လိုက် ငယ်သား သုံးရာ့ ခြောက်ဆယ်၊ ကျောင်းထဲမှာ သူတို့နဲ့ပဲ ပြည့်နေပါလေရော။ စာသင်မယ်လုပ်ပြန် တော့လည်း တော်ကြာ ကွမ်းတော် စားဖို့ နားလိုက်ကြ။ ခဏကြာ ပွဲတော် တည်လိုက် ကြနဲ့ ဆိုတော့ xxxxxxxxxxxx ”
တစ်နှစ်လုံး သင်တာတောင် အေဘီစီဒီ သင်ရိုး ကျွတ်ပါ့မလား လို့ ဆက်ပြော ချင်ဟန် တူရဲ့။ မကြာ လိုက်ပါ။ မင်းတုန်း မင်းကြီးသည် ဆရာမှတ်ကို သူထင်သလို ဗမာပြည်၏ အင်္ဂလိပ် သံတမန် လုပ်နိုင်စွမ်း မရှိကြောင်း၊ နိုင်ငံရေး အရ အကျိုး မရှိကြောင်း သိချိန်တွင် မင်းသား တို့၏ သံတဲကျောင်း ပညာရေး ရွှေပြည်တော် မျှော်တိုင်းဝေး တော့သည်။
အန်နာ လီယို နိုဝင်
ဝိတိုရိယခေတ် ခြင်းကျား ဂါဝန်ကြီး ကိုမကာ၊ ပင့်ကာဖြင့် ချောင်ဖုယားမြစ်တွင်း စုန်မျှော လာသော ကူးတို့ လှေကြီး ပေါ်မှ ရွှေနန်းတော်ကြီး ဆီသို့ မျက်တောင် မခတ်တမ်း ငေးကြည့် နေသော ဖြူဖျော့ နွမ်းလျှ နေသည့် အမျိုးသမီး။ အ၀တ်အစားတို့က သပ်ရပ်ပေမဲ့ စေ့စေ့ စပ်စပ် ကြည့်လျှင် နွမ်းပါး၊ဆင်းရဲခြင်းကို ဖုံးဖိမထားနိုင်။ အနောက်နိုင်ငံ တွင် ကျက်သရေကင်းစွာ နေထိုင် လှုပ်ရှားခဲ့ရသည့် အတိတ်ပုံရိပ်တို့က သူမအား ချောက်လှန့်ဆဲ။  ကော့ကေးရှန်း သွေးမ စစ်ခြင်း၊ ရှားပါး ဆင်းရဲ အောက်တန်း ကျခြင်း၊ အလုပ်မရှိ ပျင်းလွန်း ဖျင်းလွန်းပြီး မကြာ သေးမှီက ဆုံးပါး သွားသော ယောင်္ကျား။ လူလူ သူသူ ဖြစ်အောင် မွေးမြူ ရဦးမည့် လူမမည် ကလေးငယ်များ။
မကြာပါ။ အန်နာ၏ ညှိုးငယ် ပူပန် သောက၊ ဥဒ္ဓစ္စ များသည် မောင်းဂွတ် ဘုရင်၏ ရွှေနန်း တော်ကြီး အတွင်းဝယ် နေလာ နှင်းပျောက် ဖြစ်ကုန်၏။ မဟာဆီ၊ မဟာသွေး တို့၏ တော်ဝင် ပရိုက်ဗိတ် ကျူရှင် ဆရာမကြီး အဖြစ် တသွေး တမွေး၊ ဖြစ်လာသော အခါ အနောက် နိုင်ငံက သူဆင်းရဲ မုဆိုးမလေး သည် ဘန်ကောက် ရွှေမြို့ တော်ဝယ် နန်းထိုက် တော်ဝင် ပန်း အဖြစ် လူသစ် စိတ်သစ် ဖြစ်လာ ခဲ့သည်။ သာမန် လူတန်းစား အလွှာမှ ပေါက်ဖွား လာပြီး ဘွဲ့ထူး၊ ဂုဏ်ထူးရ အသရေရှိ လူကြီးမင်း များအဖြစ် မိမိကိုယ်ကို ပုံပြောင်း ယူခဲ့ ကြသူများ အနက် အန်နာသည် အအောင်မြင်ဆုံး။ ဘယ်လောက်တောင် အောင်မြင် သလဲ ဆိုရင် သူ့ သားသမီး များပင် သူငယ်စဉ်၊ အောက်တန်း ကျစဉ်က အဖြစ် အပျက် များကို သိခွင့် မရခဲ့ကြ။ သူတို့ အမေသည် တစ်သက်လုံး ရွှေလင်ပန်းဖြင့် အချင်းဆေး လာသော တော်ဝင် နန်းတွင်းသူကြီး ဟု ထင်မှတ် နေကြ ရှာသည် အထိ။ ရဲရင့်သော၊ သစ္စာရှိသော၊ ပညာ တတ်သော၊ အထက်တန်း ကျသော အမျိုးကောင်း သမီး တစ်ဦး အဖြစ် ရုပ်ရှင် မင်းသမီးတို့ စိတ်ပါ လက်ပါ သရုပ်ဆောင် ပေးခဲ့ ကြ သဖြင့် ကမ္ဘာက သိကြသော The king and I ဇာတ်ကားမှ ချူလာ အိမ်ရှေ့ စံ၏ ဆရာသခင် အန်နာသည် တကယ်တော့ အရှင် မွေး၍ နေ့ချင်း ကြီးခဲ့သော သနားစရာ မိန်းမသား တစ်ဦးသာ။
သို့သော် ထို သနားစရာ မိန်းမ ကပင် ချူလာလောင်ကွန် မင်းသားကို အသိဥာဏ် သစ်တွေ ထိုးသိပ် ထည့်ပေး နိုင်ခဲ့ သည်။ မောင်းဂွတ် ဘုရင် နတ်ရွာ စံတော့ အသက် (၁၇) နှစ်သား ကိုရင်ကလေး ချူလာကို သင်္ကန်း ချွတ်ပြီး ပုလ္လင် ပေါ်တင်၊ ဘိသက် ခံကာ ပဉ္စမ ရာမ ဘုရင် ဖြစ်စေ ခဲ့သည်။ ငယ်လွန်း သေးသည့် အတွက် အမတ် ချုပ်ကြီး ချော်ဖုရာ သျှရီ သူရိယ ဝေါင်ဆီက ရင်ခွင်ပိုက် ဘုရင် (Regent) အဖြစ် အုပ်ချုပ် ပေးခဲ့သည်။ ရင်ခွင်ပိုက် အုပ်ချုပ်ခံ လေးနှစ် ကာလ အတွင်း ချူလာလောင်ကွန် ဘုရင်လေးသည် စင်ကာပူ၊ ဂျာဗားကျွန်း နှင့် အိန္ဒိယ နိုင်ငံများ သို့ နိုင်ငံတကာ လေ့လာရေး ခရီးများ ထွက်ခဲ့သည်။ ထိုင်း သမိုင်းတွင် မကြုံစဖူး ထူးထွေသည့် အံ့ရာသော်ဝ် ဖြစ်ခဲ့ ကြရသည်။ ဆူခိုထိုင်း ခေတ်တွင် ဘုရင် ရမ်ခမ်ဟိန် တရုတ်ပြည်သို့ သွားရောက် ခဲ့ဖူးတာက လွဲလို့ အရှေ့ ပဒေသရာဇ် တို့၏ ထုံးစံ အတိုင်း ဘယ် ထိုင်းဘုရင် မှ တိုင်းပြည်က မခွာခဲ့။ သူတို့ ဆီမှာရော ဘာထူးသလဲ။ စစ်တိုက်၊ ဘုန်းလက်ရုံး ပြသည့် အနေဖြင့် နိုင်ငံခြား ဟု ယူဆသော အိမ်နီးနားချင်း ကိုယ့်မင်း ကိုယ့်ချင်း နိုင်ငံများသို့  သွားရောက် ဆော်ပလော် တီးချိန်မှ လွဲ၍ ဘုရင် မှန်လျှင် နန်းတော် တွင် တွယ်ကတ် ကုပ်ကက် နေမှ ဖြစ်မည် ဆိုသည့် ဥပဒေသ ကို တသွေ မတိမ်း လိုက်နာ ခဲ့သူများ ချည်းသာ။ သိကြသည့် အတိုင်း နောက်ဆုံး ဘုရင် သီပေါ၊ ကင်းဝန် မင်းကြီး အပြော ကောင်း၍ အင်္ဂလန် သွားမယ် ကြံတော့ ဟိုရောက်ရင် သောင်ပြင် လွှတ်တဲ့ ခွေးလို ဒုက္ခ တွေ့လိမ့်မယ် ဆိုတဲ့ တိုင်းတာ မင်းကြီး ဦးဖိုးရဲ့ အပြောနဲ့ တင် ချောက်ချားပြီး နောက်ဆုံးတော့ ရတနာဂီရိ သာ ရောက်သွား ရှာခဲ့သည်။
ရာဇ ပုလ္လင်ပေါ် ရောက်ပြီးမှ သပိတ် ကိုင်စွဲ ရဲတဲ့ ပထမဆုံး မင်း အဖြစ် ၁၈၇၃ ခုနှစ် သက်တော် (၂၀) တွင် ချူလာ ဘုရင် ရဟန်း ပြုခဲ့သည်။ လူဝတ် ပြန်လဲ ပြီးနောက် အာဏာ အပြည့်အ၀ ရလာ ခဲ့သော ချူလာဘုရင် သည် အနောက်တိုင်း ကိုလိုနီ အုပ်ချုပ်ပုံ များကို ကောင်းစွာ လေ့လာ နိုင်ခဲ့သည့် အတွက် အနောက်တိုင်း အုပ်ချုပ်ပုံနဲ့ မြို့ပြ ယဉ်ကျေးမှု တွေကို ထိုင်း ဓလေ့ ရိုးရာနဲ့ ပေါင်းစပ်ပြီး ရှေ့ ခရီး ဆက်ဖို့ ဆုံးဖြတ်နိုင် ခဲ့ပုံရသည်။
ယူနီဖောင်း ၀တ်သည်။ ဘိုကေ ထားသည်။ သားသမီး တွေ အားလုံးကို ဥရောပ တွင် ကျောင်းထားသည်။ ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မြင် ဆိုသည့် အလုပ်ကို အရှေ့တောင် အာရှ မှာ အစောဆုံး လုပ်သွားသူ စွန့်ဦး တီထွင် သမားဟု ဆိုသင့် လှသည်။ ၁၈၉၇ ခုနှစ် ရောက်တော့ အင်္ဂလန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ သြစတွီးယား၊ ဟန်ဂေရီ၊ စပိန်၊ ဟော်လန်၊ မိုနာကို၊ ပေါ်တူဂီ၊ ရုရှ၊ ဆွစ်ဇာလန်၊ ဂျာမနီ နှင့် အီဂျစ် နိုင်ငံ များသို့ ကိုးလတာ ခရီးရှည်ကြီး ထွက်ခဲ့ ပြန်သည်။ သားတော်တွေ တလှေကြီး ရှိသော်လည်း မည်သူမှ အာဏာ တက် မသိမ်းကြ။ ပဒေသရာဇ် ရာဇ၀င်တွင် အံ့ဖွယ်သူရဲ ဖြစ်ရပ်ဟု မှတ်တမ်း တင်ရမလို။ အင်္ဂလန်တွင် အက်ဝပ် (၇) ဘုရင်က ၀င်ဆာ ရဲတိုက်တွင် ဧည့်ခံသည်။ ရုရှတွင် နီကိုလပ် (၂) ဘုရင်က နိုင်ငံတော် ဧည့်သည် အဆင့် အတန်း သတ်မှတ်၍ အသေအချာ ပြုစု ဧည့်ခံ ခဲ့သည်။ ဥရောပ တစ်လွှား ထိုင်း ဆိုသည့် နိုင်ငံကို ပထမဆုံး ပရိုမိုးရှင်း တက် လုပ်သူ ဟု ပြောလည်း မှားမည် မထင်။ ထို ဖြစ်ရပ် များက ထိုင်း သည် ဘယ် နယ်ချဲ့ လက်အောက်မှ မကျရောက် ခဲ့သည့် ရှားရှား ပါးပါး လွတ်လပ်သည့် နိုင်ငံ အဖြစ် လက်မ ထောင် ရပ်တည် နိုင်စေ ခဲ့သည်။
၁၉၁၀ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့ သက်တော် (၅၇) နှစ်တွင် ပဉ္စမ ရာမ မင်းကြီး သည် ကျောက်ကပ် ရောဂါ ဖြင့် နတ်ရွာ စံခဲ့သော အခါ နိုင်ငံ့ ကျေးဇူး ရှင်ကြီး သေဆုံး သည့် ထိုနေ့ သည် ထိုင်းနိုင်ငံ၏ အမျိုးသား ရုံးပိတ်ရက် ဖြစ်လာ သည်။ နေရာအနှံ့ တွင် ယူနီဖောင်း ၀တ် ချူလာ ဘုရင်၏ နတ်ကွန်း လေးများ ကို တွေ့နိုင် သည်။ ယနေ့တိုင် နတ်ဘုံ နတ်နန်းမှ ချူလာလောင်ကွန် ဘုရင်မင်းမြတ် သည် သူချစ်သော ထိုင်းနိုင်ငံ နှင့် ပြည်သူ အပေါင်းအား စောင့်ရှောက် ဖေးမ ကူညီ နေသေးသည် ဟု ထိုင်း ပြည်သူ တို့ အသည်း နှလုံး ထဲတွင် စွဲမြဲစွာ ယုံကြည် နေကြ သည်။ ယုံကြည်မယ် ဆိုလည်း ယုံကြည် ထိုက်သည်ကိုး။
500 days in Dvaravati (14)
ဒွါရာဝတီမှာရက်ငါးရာ (၁၄)
တိုက်ကား
Thailand International Corporation Agency အတိုကောက် TICA ကို သူက ဗြိတိသျှ အသံထွက်ဖြင့် တီကာဟု ဖတ်မိသော်လည်း ဆရာသမား ဦးခေါင်းဖြူနှင့် အဖွဲ့က အမေရိကန် အင်္ဂလိပ်သံဖြင့် တိုက်ကားတဲ့။ သူ့ကို ထောက်ပံ့မည့် ငွေကြေး စာရင်းများကို စိတ်ရှည်လက်ရှည်ရှင်းပြနေကြရှာသည်။ ကျောင်းစရိတ် ဘတ် ခြောက်သိန်းခွဲ (ဒေါ်လာ နှစ်သောင်းကျော်)၊ ချူလာလောင်ကွန် တက္ကသိုလ်ဘဏ်စာရင်းသို့ တိုက်ရိုက် လွှဲမည်ဖြစ်သဖြင့် သူနှင့်ဘာမှ မဆိုင်။ နေ စရိတ် တစ်လ ဘတ် ခုနှစ်ထောင်၊ ဒါလည်း ရန်နန်အိမ်ယာကို တိုက်ရိုက်ပေးအပ်မည်ဖြစ်သဖြင့် မျက်မွှေးထော်၍ပင် မော်ကြည့်ခွင့် မရှိ။ သူနှင့်ဆိုင်သည်က တစ်လ အသုံးစရိတ် အဖြစ်ပေးမည့် ဘတ် ခုနှစ်ထောင်မျှသာ။ ရောက်ခါစမှာ အခြေကျ စေဖို့ ဘတ် ခုနှစ်ထောင် နှင့် ဗီဇာကြေး ဘတ် နှစ်ထောင်၊ ပေါင်း ဘတ် တစ်သောင်းခြောက်ထောင်ကို အစိုးရ ငွေစုဘဏ် (Government Saving Bank) တွင်သွင်းပေးထားပြီး သူနှင့် မကင်းကောင်က ဘဏ်သို့သွား၍ ငွေစုစာအုပ်နှင့် ငွေထုတ်ကဒ် ATM လုပ်ကြရမည်။ ကောင်းလှပါပြီ။
သူတို့ တက်စီစီးလာကြပြန်သည်။ ချူလာလောင်ကွန် တက္ကသိုလ်၏ သူမထွက်ဖူးသေးသော အခြားမျက်နှာစာ ၀င်ပေါက် ရှိသည့် လမ်းမကြီးတစ်ခုပေါ်ရောက်လာကြသည်။ ပရာထိုင်းလမ်းဟု ဆိုင်းဘုတ်ရေးထားသည်။ ဒီကနေ တည့်တည့် ကားစီးသွားရင် သုံးမှတ်တိုင်လောက်ဆို ရန်နန်းလမ်းထိပ်တန်းရောက်တာပဲ ဟုမကင်းကောင်ကပြော၏။ ဒါဆို သူလာနေကြ အမှတ် ၁၄ ကားလမ်းထက်ပိုနီးတာပေါ့။ ဆရာဆမ်နန်းက ဘာဖြစ်လို့ဒီဘက်လမ်းအကြောင်းမပြောသလဲ။
လမ်းလျှောက်ကြ၏။ ဟိုဖက်ကွေ့လိုက်၊ ဒီဖက်လျှောက်လိုက်ဖြင့် ဘဏ်သို့ရောက်လာ၏။ ဘဏ်က သေးသေး ပေါက်စ ကလေး။ နောက်တစ်ခေါက်လာလျှင် ဘယ်သူမှလိုက်ပို့မည် မဟုတ်သဖြင့် အပြင်းအထန် သွားလမ်း၊ လာလမ်းကို မှတ်သား ထားရသည်။ ဘဏ်ရောက်တော့ သူဘာမှမလုပ်လိုက်ရပါ။ မကင်းကောင်က အစအဆုံး လုပ်ကိုင်ပေးသွားသဖြင့် သူလက်မှတ် သာတွင်တွင် ထိုးနေရသည်။ နာရီဝက် သာသာမှာပင် သူ့ငွေစု စာအုပ်နှင့် လျှို့ ဝှက်နံပါတ်ပါ ATM ကဒ် ရ၏။ လမ်းဘေး စတိုးဆိုင်များ၏ ရှေ့ မှာရှိတတ်သော မည်သည့် ATM စက်တွင်မဆို ကုဒ်နံပါတ်ရိုက်သွင်းပြီး ငွေထုတ်ယူနိုင်သည်ဟုဆို၏။
ဘဏ်မှ ပြန်လာတော့ ညနေသုံးနာရီ နီးပါးရှိပြီ။ အိမ်ပြန်ချင်ရင် ဒီနေရာကနေ (၇၇) ဘတ်စ်ကားစီးသွားဟု မှတ်တိုင်အရောက် လိုက်ပို့ရင်း ကားပေါ်တခါတည်းတင်ပေးလိုက်သဖြင့် အင်မတန်ကျေးဇူးတင်မိသည်။ အတန်းသွားတက်ပါလားလို့ ပြောလျှင် သူငြင်းရခက်နေဦးမည်။ (၇၇) ကား လိမ္မော်ရောင် အဲကွန်းကားကြီးဖြစ်၏။ တစ်စီးလုံးအေးစိမ့်လျှက်၊ တစ်ယောက်ထိုင် ဆိုဖာခုံများတွင် လူတစ်ဝက်တောင်မပြည့်။ (၁၄) ကားနှင့်တော့ ကွာဘိခြင်း။ လူရှင်းလှသဖြင့် ဆိုဖာခုံပေါ်ဇိမ်ယူ ထိုင်နေတုန်း စပါယ်ယာ အမျိုးသမီးက ငွေအကြွေထည့်သည့် သံဗူးရှည်လမျောလေးကို တချောက်ချောက်လှုပ်ရင်း အနားရောက်လာ သဖြင့် ဘတ်ငါးဆယ်တန်ပေးလိုက်တော့ ဆယ်ဘတ်တန် အကြွေစေ့ လေးစေ့ ပြန်အမ်း၏။ ဂိတ်စ၊ ဂိတ်ဆုံး ဘယ်နားစီးစီး ဆယ်ဘတ်ဖြစ်မည်။ ယာဉ်ကြောပိတ်နေသဖြင့် ကားကလမ်းလျှောက်သလောက်ပင် မမြန်ချင်။ သက်တောင့်သက်သာ ရှိလှ သဖြင့် အိပ်ငိုက်လာသည်။ တစ်နာရီကျော်ကြာမှ သူအကျွမ်းတ၀င်ရှိနေပြီဖြစ်သော ရန်နန်လမ်းထိပ်သို့ရောက်လာ၏။ ခေါင်း လောင်းနှိပ်၍ ဆင်းလိုက်သည်။ လမ်းဘေးဆိုင်ကလေးများမွစာကြဲနေအောင်ဖွင့်ထားသည့် လမ်းမကြီးအတိုင်း ပျင်းပျင်းရိရိ လျှောက်လာရင်း ဆဲဗင်း-အီလဲဗင်း (7-11) စတိုးဆိုင်လေးတစ်ခု ကိုတွေ့သည်။ တကယ်တော့စတိုးဆိုင်ကို တွေ့ခြင်းမဟုတ်။ ဆိုင်ရှေ့ မှ အေတီအမ် စက်အနီကလေးကို သူ့မျက်လုံးကမြင်မိခြင်းဖြစ်၏။ သူ့ကို လာလှည့်၊ ထုတ်လှည့်ဟု ဖိတ်ခေါ်နေသလို၊ စက်နားသွားရပ်၏။ ရှေ့ နောက် ဘေးဘီ ကိုကြည့်၏။ ဘယ်သူမှ သူ့ကို ဂရုမစိုက်၊ သူတို့လမ်းသူတို့သွားနေကြ၏။ ခုနက ဘဏ်က ပေးလိုက်သော အိတ်ကိုဖြဲ၍ လျှို့ ဝှက်နံပါတ်ကို မှတ်။ အေတီအမ်ကဒ်ကို စက်ထဲသွင်းလိုက်၏။ ဘာလုပ်ပါ၊ ညာလုပ်ပါ ညွှန်ကြားချက်များ အင်္ဂလိပ်ဘာသာ ဖြင့်ပေါ်လာသည်။ အဆင့်ဆင့် လိုက်လုပ်သွားရာ နောက်ဆုံး ကုဒ်နံပါတ် ထည့်ပါဆိုသည့် စာတမ်းပေါ်လာ၏။ ကုဒ်ကို ရိုက်သွင်းလိုက်သည်။ ဟော- တွေ့ပါပြီ။ ဘဏ်စာရင်း အသစ်စက်စက်ထဲမှာ ဘတ်ငွေ တစ်သောင်းခြောက်ထောင် ၀င်နေ၏။ ဘတ် ၂၀၀၀ စမ်းသပ်ထုတ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ ငွေစက္ကူ တစ်ထောင်တန် ထုတ်မည်ဟု ရွေးချယ်ခလုပ်နှိပ်လိုက်ရာ မကြာမှီ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ရုပ်ပုံလွှာ ရိုက်နှိပ်ထားသော ညိုတိုတို ဘတ်တစ်ထောင်တန်လေး နှစ်ရွက်ရရှိတော့သည်။ အခြေမဲ့ အနေမဲ့ မဟုတ်။ ငွေနဲ့ ရွှေနဲ့ ဖြစ်လာ ပဟေ့။ တိုက်ကားရဲ့ ကျေးဇူးပေါ့။
သင့်လူ
500 days in Dvaravati (13)
ဒွါရာဝတီမှာရက်ငါးရာ (၁၃)
ဂျိဒယ်၊ ဂျိဒယ်
စိတ်လက် မကြည်သာစွာဖြင့် အိပ်ရာ ကနိုးလာသောသူ။ နံနက်ခင်းသည် နေရောင်ခြည်များ ၀င်းလက် ထိန်တောက်လျက်။ နုံးနုံး ချိချိ မျက်နှာသစ်၊ ဆူဆူ အောင့်အောင့် ရေချိုး။ ဆောင့်ကြီး အောင့်ကြီး အ၀တ်လဲ။ ငေးငေး ငိုင်ငိုင် နံနက်စာစား။ တကယ်တော့ ငယ်စဉ် ကကျောင်းမတက်ချင်၍ မိဘကို ခြေဆောင့် ငိုယို ဆန္ဒပြသည့် ကလေးငယ်များ၏ အချိုးမျိုး လုပ်နေမိ ခြင်းပါ။ အမှန်တကယ်လည်း ကျောင်းသွားချင်စိတ် လုံးဝမရှိ။ တစ်ရက်စာသည် တစ်သက်တာ အတွက်ဖူလုံ ပြည့်စုံ နေသလို။ ကိုယ်တတ်သိ နားလည်သော ပညာကို အဆင့်မြင့်မြင့် ဆက်လက်သင်ယူနေရခြင်းမျိုး မဟုတ်။ သူ့အဖြစ်က ကြားဖြတ်ပြီး ရုပ်ရှင် လက်မှတ် တန်းစီမိသလို ဖြစ်နေ၏။ ယခု လူတန်းထဲမှ ကန်ထုတ်ခံရလုနီးနီး။ စိတ်ဓါတ်ကျသည် ဆိုသောစကားက တကယ်ခံစားရမှ အတော်အခံရခက်မှန်း နားလည်ရသည်။ မနေ့က သင်ကြားလိုက်သည့် အီကော်နော်မစ် ဒီပရက်ရှင်းက သူ့ စိတ်ဒီပရက်ရှင်းလောက် ဆိုးမည်မထင်။
လမ်းထိပ်ထွက်။ ဘတ်စ်ကားပေါ်တက်၊ လုဗ္ဗိနီ မှတ်တိုင်ဆင်း။ လမ်းလျှော်။ ဂုံးကျော် စသည့် အလုပ်များကို စိတ်နှင့်ကိုယ် မကပ်ပဲ အော်တိုမက်တစ် reflex များဖြင့် လုပ်ကိုင်ရင်း မနေ့က သူ့ကို ခြောက်လှန့်ခဲ့သော စာသင်ခန်းထဲသို့ရောက်လာရ ပြန်သည်။ မနေ့က ထမင်းအတူစားခဲ့ သော၊ မျက်မှန်းတန်းမိသည့် ပန်ချာပီ ကျောင်းသားက သူ့ကို လက်ပြနှုတ်ဆက်သည်။ ပါးစပ်ကလဲ ဟိုင်းတဲ့။ ဆိုတော့လည်း ပြန် ဟယ်လို ရတာပေါ့။ ပန်ချာပီ့ အနားဝင်ထိုင်လိုက်သည်။ မနေ့က အတန်းတက်ရတာ ဘယ်လိုနေသလဲ မေးကြည့်တော့ မျက်နှာရှုံ့ ပြသည်။ အဖော်တော့ ရပြီပေါ့။ ကွန်ပြူတာ သိပ္ပံဘွဲ့ ရပြီး MIE ခေါ် Master of International Economics ဘွဲ့ အတွက်ဘောဂဗေဒ အကြိုသင်တန်းလာတက်ကြောင်းသိရ၏။ ဘယ်နိုင်ငံကလည်း မေးကြည့်တော့ ဒီနိုင်ငံကပါပဲတဲ့။ ထိုင်းပန်ချာပီ ပါလား။ သူက မြန်မာနိုင်ငံမှ MSc Health Econ ခေါ် ကျန်းမာရေး ဘောဂ ဗေဒ မဟာသိပ္ပံဘွဲ့ အတွက် အကြိုသင်တန်းလာတက်ရသူ ဖြစ်ကြောင်းပြန်မိတ်ဆက်ရ၏။
“Oh! You are from Pharma! ဒါဆိုမင်း ဖာမ ကပဲ”
သောက်ကျိုးနည်း- မြန်မာကိုများ ဖာမတဲ့။ အတော်ကျက်သရေတုန်းတဲ့ ခေါ်ပုံခေါ်နည်း ပါလား။ ဖာမ အခေါ်ခံရ၍ အတော်အောင့်သီးအောင့်သက် ဖြစ်သွားသည်။ ဗမာ ဆိုသောအမည်က အခေါ်မတတ်လျှင် မတွေးဝံ့စရာ ပါကလား။ သိပ်တော့ လည်းမထူးဆန်းပါ။ သူတို့ကလည်း ထိုင်းလူမျိုး၊ ဆိုင်ယမ် လို့ခေါ်ဖူးတယ်လို့မှ မရှိပဲ။ ယိုးဒယား တွေဆိုပြီး နှုတ်ကျိုး အောင်ခေါ်ခဲ့ကြတာကိုး။ တကယ်တော့ ယိုးဒယား ဆိုတာ တစ်မျိုးလုံး၊ တစ်ဆွေလုံးကို ချိုးနှိမ်ခေါ်လိုက်သည့် အခေါ်အဝေါ် ဖြစ်သည်။ တစ်ချိန်က ထိုင်းတို့၏ မြို့ တော် အယုဒ္ဓယ ဆိုသည်က ရန်သူမထိုးဖောက်နိုင်သောမြို့ ကြီးမဟာ ဟု အဓိပ္ပါယ်ရ သည်ကိုး။ ဒီမြို့ တော်ကြီးကျဆုံးတော့ အောင်နိုင်သူ တို့က ရန်သူထိုးဖောက်နိုင်ပြီ ဆိုတဲ့ အဓိပ္ပါယ်နှင့် အယုဒ္ဓယ မှ ယုဒ္ဓယ၊ ထိုမှသည် ယိုးဒယား ဖြစ်လာခြင်းပင်။ ထိုအမည်သည် ထိုင်းတို့၏ အသည်းနှလုံးထဲမှ အမုန်းမီးတောက်။ အမာရွတ်မြင်တိုင်း သတိရ နေသလို ထိုအမည်ကြားတိုင်း မပြေသောရန်ငြိုးတွေ သိုနေမည်မို့ ယိုးဒယားတွေလို့ မခေါ်မိအောင် သတိထားပါ ဆိုသော အမှာစကားကို သတိရမိသည်။
မနက်ပိုင်း ဒေါက်တာ ဖုန်းကမော၏ လက်ချာ စပြီ။ ကြိုးစား ပမ်းစား နားစိုက်ထောင်နေသောလည်း GDP, GNP, PPP, fiscal and monetary policy စသော စကားလုံး အသုံးအနှုန်း တွေက သူနှင့်စိမ်းလှသည်။ လူနာနှင့် မကျန်းမာသော လူ့အဖွဲ့ အစည်း မျှသော မြင်ကွင်းကျဉ်းကလေး ကို တစ်သက်လုံး အာရုံစူးစိုက်လာသူ တစ်ဦးအနေနှင့် တိုင်းပြည်တစ်ခု ၏လူမှု စီးပွားရေး အခင်းအကျင်း ဆိုသည့် panorama မြင်ကွင်းကျယ်ကြီးကို ခြုံငုံကြည့်၍ မရနိုင်သေးပဲ ဖြစ်နေ၏။ နားမလည်လို့ စာမဖတ်၊ စာမဖတ်လို့ နားမလည်။ ဆိုသည့် ကျောင်းသား သံသရာကို ကာလ၀ိဘတ် နောက်ပိုးတက်သည့်နှယ် သူခံစားနေ ရပြီ။ ဒီလိုနဲ့ပဲ နေ့လည်စာ စားချိန်ရောက်ရပြန်သည်။
စားသောက်ပြီးတော့ ငါးထပ်သို့ သူတက်သွား၏။ မကင်းကောင်က သူ့ကို ဒကာတော်ရေမြေ့ရှင် များထံ ယနေ့လိုက်ပို့၍ လုပ်စရာ ရှိတာတွေ လုပ်ရမည်ဆိုသကိုး။ ဆိုက်ဆိုက်မြိုက်မြိုက်ပင်တွေ့၏။ ပိန်ပိန်ပါးပါး၊ မျက်နှာထားချိုချို၊ သက်လတ် ထိုင်း အမျိုးသမီး။ ရယ်ရယ်မောမော ဖြင့်သူ့ကို နှုတ်ဆက်၊ သူကလည်း ပြန်နှုတ်ဆက်၊ အပြန်အလှန် အဘိယာစက စကားများ ပြောဆိုကြပြီးနောက် ညနေသင်တန်းဆင်းမှ ဆိုလျှင် ရုံးပိတ်ချိန်ရောက်ပြီမို့ ယခု သွားလျှင် အဆင်ပြေနိုင်ပါ့မလား ဟုမေး၏။ အမလေး- အဆင်ပြေလွန်းလို့ ဒီထက်အဆင်ပြေတာတောင် ဒီလောက်အဆင်ပြေနိုင်မည် မဟုတ်။ ဖုန်ဆာ၏ ရုံခါသော သင်္ချာ သင်တန်း တစ်ရက် လောက်လွတ်ရ နည်းသလား။
ဌာန ရှေ့ မှ နီပြာ ကြားတက်စီ တစ်စီးတား၍ တက်ခဲ့ကြသည်။ သူဘာမှ လုပ်စရာမလို သဖြင့် ဘေးဘီပါတ်လည် တောသား မြို့ ရောက် လျှောက်ကြည့်ချိန်ရ၏။ ဒရိုင်ဘာကား မကင်းကောင်နှင့် စကားတွေဖောင်ဖွဲ့နေ၏။ အတန်ကြာလျှောက်ကြည့်ပြီး မျက်စေ့ ညောင်းတော့စာရွက်စာတမ်းတွေ ထုတ်ကြည့်ရပြန်သည်။ သူ့ကို ဤနေရာ ဤဒေသမှာ ပညာတော်သင်စေဖို့ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဆိုသည့် အစိုးရ အဖွဲ့အစည်းက တာဝန်ယူထားခြင်းဖြစ်၏။ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရများ အပြန်အလှန် သဘောတူညီမှုအရ ထိုင်းတွင် ပညာသင်ကြားကြမည့် အာဆီယံ နိုင်ငံများမှ ပညာတော်သင်များအတွက် ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်း ဖြစ်သည်။ ကျန်းမာရေး ဖက်မှသာမက။ အခြား အခြားသော ပညာရပ်ဆိုင်ရာ စကော်လာရှစ် တစ်နှစ်လျှင် တစ်ရာခန့်ပေးသည်။
တက်စီသည် တူးမြောင်းကြီးတစ်ခု ပေါ်သို့ ဂုံးကျော်တံတားမှ တဆင့်မောင်းတက်နေ၏။ လူတွေစည်ကားသည့် နေရာကြီး တစ်ခု။ အဲဒါ ဘိုဘေး ရပ်ကွက်နဲ့ နာမည်ကြီး ဘိုဘေးဈေးပေါ့ ဟု မကင်းကောင်က ပြောပြနေသည်။ သူပြောသည့် ဘိုဘေးဈေး ၏မနီးမဝေး အဆောက်အဦးကြီးတစ်ခု၏ ရှေ့ မှာ ကားရပ်လိုက်သည်။ ရောက်ပြီ။
အဆောက်အဦးထဲသို့ မှန်တံခါးမှ တစ်ဆင့် ၀င်ကြသည်။ လေးထပ်ဆီသို့ဓါတ်လှေကားဖြင့် တက်ပြန်သည်။ ထိုင်းလူမျိုး တို့၏ အခြားသော အကြိုက်တို့ကိုကားမသိသေး။ ဓါတ်လှေကားတော့ အတော်ကြိုက်ပုံရ၏။ နေရာတိုင်းမှာ လမင်းသာ သလို ဓါတ်လှေကားများကိုယ်စီ။ သုံးထပ်။ လေးထပ်။ ငါးထပ်။ ယုတ်စွအဆုံး နှစ်ထပ်ကိုပင် လှေကားဖြင့်တက်တော်မမူကြ။ ဓါတ်မှ ဓါတ်ပဲ။ မလိုအပ်ပဲ အားအင်ကို မသုံးလို၍လား။ လှေကားတက်ခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်စေသည် ဆိုသော အဆိုကို မထောက်ခံ၍လား။ ပျင်းလို့လား။ ရှိနေလို့ သုံးဖြစ်သွားတာလား။
အခန်းကျယ်ကြီး တစ်ခု အတွင်းသို့ သူတို့ဝင်ကြသည်။ နေရာတိုင်းမှာ အဲကွန်းများကြောင့် တစ်လက်မ မကျန်အောင် အေးစိမ့် လျက်။ သူ့ကို အခန်းတစ်ခန်းထဲတွင် ထိုင်ခိုင်းထားပြီး မကင်းကောင်က ထွက်သွားပြန်၏။ အခန်းထဲမှ လှမ်းကြည့်တော့ စားပွဲ ကိုယ်စီ။ ကွန်ပြူတာ ကိုယ်စီ၊ အနွေးထည်ကိုယ်စီ ဖြင့်အလုပ်လုပ်နေကြသူ ရုံးဝန်ထမ်းများ ကိုတွေ့ရသည်။ သိုးမွှေးထိုးနေသူ။ လက်ထဲမှာ ပုတီးကိုင်ပြီး အတင်းပြော တွတ်ထိုးနေသူ။ စာအုပ်ဖတ်နေသူ။ အလုပ်ရှုပ်ချင်ယောင်ဆောင်နေသူများ မတွေ့ရ။
မကြာပါ။ အသက်ကြီးကြီး တစ်ခေါင်းလုံး ဆံပင်ဖြူများဖြင့် ဖွေးနေသော ထိုင်းလူကြီးမင်းတစ်ဦး။ မကင်းကောင် အပါအ၀င် အမျိုးသမီးကြီး လေးယောက်ခြံရံလျက် ဒိုင်လူကြီးများ ဘောလုံးကွင်းထဲဆင်းလာသလို ခန့်ညားထယ်ဝါစွာ သူ့ထံသို့ ဆိုက်ဆိုက် မြိုက်မြိုက် ကြွမြန်းလာကြသည်။ ခေါင်းဖြူ လူကြီးမင်းက သူ့ကို လက်အုပ်ချီနှုတ်ဆက်၏။ လက်အုပ်ပြန်ချီ ရတာ ပေါ့။ ဆ၀ါဒီး-ခပ်တော့မှာပဲ လို့ထင်နေတုန်း-
“ဂျိဒယ်၊ ဂျိဒယ်”
ဘယ်လို၊ ဘာပြောလိုက်တာလဲ။ ဦးခေါင်းဖြူ ပါးစပ်က ထွက်ကျလာသော စကားလုံးတို့ကို သူကြားရသော်လည်း နားလည် ခြင်းဌာ မစွမ်းသာ။ ၄င်း၏အခြံအရံ မိန်းမကြီးများကို စစ်ကူတောင်းသည့်အနေဖြင့် လှမ်းကြည့်လိုက်ပြန်တော့ သူတို့လည်း နားလည်ပုံ မပေါ်။ ကြောင်စီစီကြီး ကြည့်နေကြ၏။ ကမ္ဘာပေါ်မှာ သုံးသည့် ဘာသာစကားမှ ဟုတ်ရဲ့လား။ ဦးခေါင်းဖြူက ထပ်မံ၍ ဂျိဒယ်၊ ဂျိဒယ် ဟုပြုံးပြုံးကြီး ထပ်ပြောနေပြန်သည်။ ဒုက္ခပါလား။ ဘာပြန်ပြောရမလဲ။ ထိုနောက်တွင်မှ ကမ္ဘာပေါ်တွင် သူတို့လူမျိုး တစ်မျိုးတည်းသာ ပြောတတ်သည်ဟုထင်ရသော အဆွဲ၊ အငင်၊ အဝေ့၊ အ၀ိုက် များလှသည့် ထိုင်းဂလိခ်ျ (ထိုင်းပြောသော အင်္ဂလိပ်အသံထွက်) ဖြင့် လွန်ခဲ့သည့်နှစ်နှစ် လောက်ကတက်ခဲ့သည့် နိုင်ငံတကာ ကွန်ဖရန့်စ် တစ်ခုတွင် မိတ်ဆွေ ဖြစ်လာခဲ့သော မြန်မာက သင်ပေးသွားသည့် မြန်မာစကားဖြင့် သူ့ကို နှုတ်ဆက်ခြင်းဖြစ်ကြောင်းပြောရှာသည်။
ခုမှပင် သူသဘောပေါက်တော့သည်။ ချစ်တယ်၊ ချစ်တယ် ဟုပြောနေခြင်းပါကလား။ မြန်မာတွေနှင့် တွေ့ပါက ဒီလိုနှုတ်ဆက်ပါ ဟု ကိုရွှေမြန်မာ ဘယ်သူဘယ်ဝါ မှန်းမသိက အခါတော်ပေးသည်ကို တစ်ခေါင်းလုံးဖြူနေပြီ ဖြစ်သော ထိုင်းအဖိုးကြီးက အဟုတ်မှတ်၍ သူ့အားလှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေရှာခြင်းဖြစ်သည်။ သူယောင်္ကျားလေး ဖြစ်၍သာတော် တော့သည်။ မိန်းကလေး မြန်မာပညာတော်သင် ကျောင်းသူများကို ဤပုံ ဤနည်း နှုတ်ဆက်မိပါက ဦးခေါင်းဖြူ တစ်ယောက် ၏ ရှေ့ ရေး ရင်လေးဖွယ်ပင်။ ငါးပါး မက သံဃာစင်မက ကျောင်းကြီးတစ်ဆောင်လုံးပါ ခေါင်းပေါ်ပြိုကျမည့် ကိန်းဆိုက်ပေ မည်။ ဘာပဲပြောပြော ယခု သူ့နေရေး၊ ထိုင်ရေး၊ ၀ါးရေး၊ စားရေး၊ ပညာသင်ရေး၊ အရေးပေါင်းစုံ တို့၏ အလုံးစုံ ဒကာတော် တို့၏ ကိုယ်စားလှယ်ကြီးမို့ ခင်ဗျားကြီးကိုလည်း အများကြီး ဂျိပါဒယ်ခင်ဗျား။ ဂျိပါဒယ်။
သင့်လူ