မှတ်မှတ်ရရ
500 days in Dvaravati (14)
ဒွါရာဝတီမှာရက်ငါးရာ (၁၄) တိုက်ကား Thailand International Corporation Agency အတိုကောက် TICA ကို သူက ဗြိတိသျှ အသံထွက်ဖြင့် တီကာဟု ဖတ်မိသော်လည်း ဆရာသမား ဦးခေါင်းဖြူနှင့် အဖွဲ့က အမေရိကန် အင်္ဂလိပ်သံဖြင့် တိုက်ကားတဲ့။ သူ့ကို ထောက်ပံ့မည့် ငွေကြေး စာရင်းများကို စိတ်ရှည်လက်ရှည်ရှင်းပြနေကြရှာသည်။ ကျောင်းစရိတ် ဘတ် ခြောက်သိန်းခွဲ (ဒေါ်လာ နှစ်သောင်းကျော်)၊ ချူလာလောင်ကွန် တက္ကသိုလ်ဘဏ်စာရင်းသို့ တိုက်ရိုက် လွှဲမည်ဖြစ်သဖြင့် သူနှင့်ဘာမှ မဆိုင်။ နေ စရိတ် တစ်လ ဘတ် ခုနှစ်ထောင်၊ ဒါလည်း ရန်နန်အိမ်ယာကို တိုက်ရိုက်ပေးအပ်မည်ဖြစ်သဖြင့် မျက်မွှေးထော်၍ပင် မော်ကြည့်ခွင့် မရှိ။ သူနှင့်ဆိုင်သည်က တစ်လ အသုံးစရိတ် အဖြစ်ပေးမည့် ဘတ် ခုနှစ်ထောင်မျှသာ။ ရောက်ခါစမှာ [...]
500 days in Dvaravati (13)
ဒွါရာဝတီမှာရက်ငါးရာ (၁၃) ဂျိဒယ်၊ ဂျိဒယ် စိတ်လက် မကြည်သာစွာဖြင့် အိပ်ရာ ကနိုးလာသောသူ။ နံနက်ခင်းသည် နေရောင်ခြည်များ ၀င်းလက် ထိန်တောက်လျက်။ နုံးနုံး ချိချိ မျက်နှာသစ်၊ ဆူဆူ အောင့်အောင့် ရေချိုး။ ဆောင့်ကြီး အောင့်ကြီး အ၀တ်လဲ။ ငေးငေး ငိုင်ငိုင် နံနက်စာစား။ တကယ်တော့ ငယ်စဉ် ကကျောင်းမတက်ချင်၍ မိဘကို ခြေဆောင့် ငိုယို ဆန္ဒပြသည့် ကလေးငယ်များ၏ အချိုးမျိုး လုပ်နေမိ ခြင်းပါ။ အမှန်တကယ်လည်း ကျောင်းသွားချင်စိတ် လုံးဝမရှိ။ တစ်ရက်စာသည် တစ်သက်တာ အတွက်ဖူလုံ ပြည့်စုံ နေသလို။ ကိုယ်တတ်သိ နားလည်သော ပညာကို အဆင့်မြင့်မြင့် ဆက်လက်သင်ယူနေရခြင်းမျိုး မဟုတ်။ သူ့အဖြစ်က ကြားဖြတ်ပြီး ရုပ်ရှင် လက်မှတ် တန်းစီမိသလို ဖြစ်နေ၏။ [...]
500 days in Dvaravati (12)
ဒွါရာဝတီမှာရက်ငါးရာ (၁၂) ပေဖြစ်ရင်ခံ လုမ္ဗိနီ ဥယျာဉ်ရှေ့ ဘတ်စ်ကား မှတ်တိုင်မှ ချူလာလောင်ကွန် တက္ကသိုလ်သို့ သွားရာလမ်းမှာ မသွားမှီက ရောက်နှင့်သည် လို့ ပြောရမလား။ ကားလမ်းတစ်ခုသာခြားသည်။ ကားတွေက တရမန်းကြမ်း။ ရန်သူ လိုက်လာသည့်နှယ် အပြင်းအထန်မောင်း နေကြသည်။ ဘယ်လိုများကူးရပါ့။ ဒေါက်တာဆမ်နန်းက လူကူးမျဉ်းကြားရှေ့ တွင်ရပ်၏။ ပြီးတော့ မျဉ်းကြားထိပ် တည့်တည့် တွင်ရှိသော တိုင်တစ်ခုမှ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ မီးနီပြပြီးကားတွေရပ်သွားတော့သည်။ ဒီတော့မှ ဂုဏ်ပြုခံ စင်မြင့် ပေါ် ကြွလှမ်းလာသော ရှောင်လင် ဂိုဏ်းချုပ်ကြီး အသွင်ဖြင့် မျဉ်းကြားကို တစ်လှမ်းချင်း လှုပ်တုပ်လှုပ်တုပ် ဖြတ်ကူးလေသည်။ သူလည်း ဂိုဏ်းချုပ်ကြီး အနားမှ သက်တော်စောင့်ကဲ့သို့ ဖ၀ါးခြေထပ်၊ ထပ်ချပ်မကွာ။ မျဉ်းကြား၏ ဟိုဘက်ထိပ်တွင်လည်း အလားတူ ခလုတ်မျိုးရှိ၏။ [...]
500 days in Dvaravati (11)
ဒွါရာဝတီမှာရက်ငါးရာ (၁၁) မဟာ ၀ိတရိုလိုင် ချူလား ရောင်ခြည်တစ်ထောင် အလင်းဆောင်သော သူရိယ နေမင်းသည် အရှေ့ ဂေါယာကျွန်းမှ ကြွားကြွားဝံ့ဝံ့၊ ငွားငွား စွင့်စွင့် ကြီး ထွက်ပြူ လာသည် နှင့်တပြိုင်နက် ဘန်ကောက်မြို့ တော်မဟာ ရှိတစ်ခုသော အခန်းငယ်ကလေး အတွင်းတွင် အိပ်စက်နေသော သူ့မှာ ချွေးသံတရွှဲရွှဲ ဖြင့် အိပ်ယာမှ နိုးထလာလေ၏။ နံနက်ခင်း ၏အလှကို ခံစားကြည်နူး ဖို့အချိန်မရှိ။ ရေချိုးခန်းထဲဝင်၊ မျက်နှာသစ်၊ ရေချိုး၊ အိမ်သာဝင်၊ အ၀တ်လဲသည့် နိစ္စဓူဝ အလုပ်များကို ယနေ့တွင် မာရသွန်နှုန်းဖြင့် တရစပ် ဇယ်ဆက်သလို လုပ်ရလေသည်။ ခုနှစ်နာရီ ခွဲတိတိတွင် သူ့ကို ကျောင်းပို့ဖို့ ဒေါက်တာဆမ်နန်းက အောက်ထပ်မှ စောင့်နေမည် ဆိုသကိုး။ တော်ကြာ နောက်ကျလျှင် [...]
500 days in Dvaravati (10)
ဒွါရာဝတီမှာရက်ငါးရာ (၁၀) ဆမ်နန်း နှင့် ဆုံဆည်းရာ အသံ တစ်သံ၊ စူးစူးရှရှ၊ ကျယ်ကျယ် လောင်လောင်၊ တော ဆင်ရိုင်းများ အော်ငြီး သံလိုလို၊ မီးသတ်ကား မှ ဥသြ ဆွဲ သံလိုလို၊ အဆက် မပြတ် မြည်နေသည့် အသံ။ ထိုအသံ တဖြည်းဖြည်း ကျယ်လောင် လာသည် နှင့် အမျှ ရှုပ်ထွေး နောက်ကျိ နေသော သူ့အာရုံ သည်လည်း ပီပြင် ကြည်မြ လာခဲ့၏။ မျက်စိ ကိုကြိုးစား ဖွင့်ကြည့် မိသည်။ ဘယ်ရောက် နေသည် ကို ရုတ်တရက် စဉ်းစား၍ မရ။ ခုတင် ဘေးမှ တယ်လီဖုန်း က အဆက် မပြတ် မြည်နေသည်ကိုး။
500 days in Dvaravati (9)
ဒွါရာဝတီမှာရက်ငါးရာ (၉) မိုးမလင်း တဲ့ ကိုးန၀င်း သူ့ ပစ္စည်း ပစ္စယ များကို အဆောက် အဦး တွင်းမှ မီးခိုးရောင် ယူနီဖောင်း ၀တ် မျက်နှာကြော တင်းတင်း၊ ခပ်ဖိုင့်ဖိုင့် ပုဂ္ဂိုလ် တစ်ဦး ကလာရောက် သယ်မ သွား သဖြင့် အမော ကလေးမှ မဖြေရပဲ ထိုပုဂ္ဂိုလ် နောက်လိုက်ရ ပြန်၏။ မှန်ကန်လန့်ကာ တံခါးပေါက် ကိုဖွင့်၊ ဧည့်ခန်းကျဉ်း ကလေးကို ဖြတ်၊ လှေကားထစ် တွေ ကိုဖြတ်၊ စင်္ကြန် တိုကလေး တစ်ခု ကိုကျော်၊ လှေကားထစ် တွေမှ ပြန်ဆင်း ပြီး မှ ရန်နန် အိမ်ယာ ၏ဧည့်ကြို ကောင်တာ ကိုတွေ့ရ တော့သည်။ ကောင်တာ [...]
500 days in Dvaravati (8)
ဒွါရာဝတီမှာရက်ငါးရာ (၈) ဇီးပင်စု မှ နတ်မိမယ်များ ဘီ၊ အမ်၊ ဒဗလျူ ဇိမ်ခံ ဆလွန်းကားကြီး သည် အလွန် ကောင်းမွန် လှသည့်၊ နိုင်လွန် ကတ္တရာ ခင်းမိုးပျံ လမ်းမ ကြီးတစ်လျှောက် ခပ်မြန်မြန် ပြေးနေ၏။ ရာသီ ဥတု ကအုံ့အုံ့ အိုက်အိုက်။ ကားထဲတွင်တော့ လေအေးစက် ကြောင့် အေးမြနေသည်။ လမ်းဘေး ၀ဲယာ နှစ်ဖက် စလုံး မိုးသို့ တိုးထွက် လုလု အဆောက် အဦး များဖြင့် ပြည့်ညပ် လျက်။ အများ အားဖြင့် တော့ ဆောက်လက်စ တို့လို့ တန်းလန်းများ။ ကားမောင်းပုံ များက မျက်စိ ထဲ ကိုးလိုး ကန့်လန့် မို့ အာရုံ [...]
500 days in Dvaravati (7)
ဒွါရာဝတီမှာရက်ငါးရာ (၇) ခ၀ါ ဒီးရှပ် လေယာဉ် သည် ပြေးလမ်းကျယ် ကြီးပေါ်မှာ ဒရွတ်တိုက် ပြေးနေ၏။ မှန်ပြူတင်း ၀ိုင်းလေးမှ တစ်ဆင့် ဟိုတစ်စီး၊ ဒီ တစ်စီး ရပ်နား ထားသော ရောင်စုံ လေယာဉ်များ နှင့် ဟိုနေရာ၊ ဒီနေရာ နေရာ အနှံ့ ရှိနေသော boarding platform များကို သူငေးကြည့် နေမိသည်။ အရှေ့ တိုင်း၏ လူသိ အများဆုံး လေဆိပ်ကြီး တွေထဲက တစ်ခု ဖြစ်သည့် ဒွန်မောင်း၊ (ခုချိန်မှာတော့ နိုင်ငံ တကာ လေဆိပ် သစ်ကြီး သုဝဏ္ဏ ဘူမိ ကြောင့် ဒွန်မောင်း မှာ ပြည်တွင်း လေဆိပ် တစ်ခု အဖြစ် ဘ၀ [...]

