500 days in Dvaravati (2)
ဒွါရာဝတီမှာရက်ငါးရာ (၂) အခြေသတင်း ကြီးသည့် ရွှေမင်းသမီး “ဆရာ့ကို ကျွန်တော် မထောက်ခံနိုင်ဘူးဗျာ၊ လက်မှတ် လည်း ထိုးမပေး နိုင်ဘူး” ဟဲ့-ပလုပ်တုတ်၊ အသာလုပ်ပါ၊ ဘယ့်နဲ့ ဖြစ်ရ တာတုန်း။ ပြည်သူ့ ကျန်းမာရေး ဆေးပညာ မဟာဘွဲ့  အတွက် ဘွဲ့ လွန် ၀င်ခွင့် စာမေးပွဲ ဖြေဆိုရန် စာရွက် စာတမ်းများ အသင့် ပြင်ဆင်ပြီး ဌာန အကြီးအကဲဖြစ်သူ ပါမောက္ခ၊ ဌာနမှုး ၏ ထောက်ခံစာ တောင်းခံရန် နှင့် လျှောက်လွှာ များမှာ လက်မှတ် ထိုးရန် ၀မ်းသာအားရအသွား ပါမောက္ခ၏ စကား ကြောင့် သူ ခေါင်းနဘမ်း ကြီးသွား၏။
500 days in Dvaravati (1)
ဒွါရာဝတီမှာရက်ငါးရာ (၁) နိဒါန်း၏အစ သူ ရင်တွေ ခုန်နေ၏။ အသက်ရှု လည်း မြန်နေ၏။ ကိုင်ထားသော ဖက်စ်စာရွက် ကလေးကို ဘယ်နှစ်ခါ မြောက်မှန်း မသိ ပြန်ဖတ် ကြည့်နေမိ၏။ စာရွက်ပါ အချက်အလက် များက တစ်ခေါက် ဖတ်လျှင် တစ်ခါ ပြောင်းလဲ သွားမည်ကို စိုးရိမ် နေသည့် အလား။ တကယ်တော့လည်း ဖက်စ်မှာ ပါသည်က စာတစ်ကြောင်း မျှသာပါ။ သူ့အမည်၊ ဖြေဆို ခဲ့သော စာမေးပွဲ ခုံအမှတ်နှင့် နှုတ်မေးစာမေးပွဲ ဖြေဆိုရန်ရက်စွဲ၊ သို့သော် ထိုစာတစ်ကြောင်း သည်ပင် သူ့ဘ၀အတွက် မျှော်လင့်ချက်၊ တစ်နည်း အားဖြင့် ဘ၀တစ်ဆစ် ချိုးစေမည့် အပြောင်းအလဲကြီး တစ်ခု၏ မူလအစပင် ဖြစ်တော့သည်။ ===================================
Beautiful Theme
ပထမ Justin Tadlock ၏ option theme ထို့နောက် Blog Oh! Blog မှ dailypress theme ယခုတဖန် Justin Tadlock ၏ Visionary Theme. ဘယ်လိုဘဲ ပြောပြော Justin Tadlock ၏ theme များက အမြဲ ပိုလှနေသည် ဟု ထင်မိတယ်။ Feedburner ကို သုံးမရခြင်း အတွက် ခေါင်းကိုက် ခဲ့ရတာ ကလည်း ဒီ theme ပြောင်းပြီးမှ စမ်းကြည့် တော့ ပြန်ရ သွားပြန်ပြီ။ မနေ့က comment တစ်ခုကို moderate လုပ်ရန် email ရသည့် အတွက် ဘယ်သူလဲဟဲ့ ဆိုပြီး ကြည့်မိတော့ [...]
That’s Our Bamar (21)
ကျောက်စာ ထဲက ပုဂံ (၃) ထိလိုင်မင် (၁၀၈၄-၁၁၁၃ အေဒီ) အနိ ရုဒ္ဓ လွန်ပြီးတဲ့ အခါ ဂြီဝဇြာ ဘရဏ တြိဘုပတိ ခေါ် ကျက်သရေ ရှိသော မိုးကြိုး အရှင် သုံးလူ့ သခင် ဘွဲ့ခံသူ မင်းဖြစ် လာတယ်။ အနော် ရထာ ရဲ့ သား၊ စောလူးမင်း လို့ လူသိများတဲ့၊ ဒီမင်း ဟာ ကျက်သရေ ရှိမရှိ မသေချာ ပေမဲ့ လူ့လောက က စောစော စီးစီးထွက်သွား ရတာတော့ သေချာတယ်။ ငရမာန်ကန်း ဦးဆောင်တဲ့ မွန်သူပုန် ထလို့ ပြည်ရွာ ချောက်ချားပြီး မင်းပါ အသက် ဆုံးရှုံး ရတယ် ဆိုတာ ဟုတ်ဟန် [...]
That’s Our Bamar (20)
ကျောက်စာ ထဲက ပုဂံ (၂) အနိရုဒ္ဓ (၁၀၄၄-၁၀၇၇ အေဒီ) ပုဂံ ကို ခရစ် သက္ကရာဇ် ၈၄၅ ကနေ ၈၅၀ အတွင်း မှာတည်တယ်။ ဒီ အယူအဆ ကိုပြင်ဆင် ရလောက်တဲ့ အထောက် အထား တစ်စုံ တစ်ရာ မတွေ့ ရသေးပါ။ မြန်မာ တို့ရဲ့  မူလဒေသ ခရိုန် နဲ့ တိုးချဲ့ ဒေသ တိုက် များအတွက် ဗဟိုချက်မ ဒေသ ဖြစ်လို့ အုပ်ချုပ်ရေး ဌာနချုပ် အဖြစ် ပြုလုပ် ခဲ့ပုံ ပါပဲ။ ခရစ်နှစ် (၁၁) ရာစု မှာတော့ အင်အား ကောင်းလာတဲ့ မြန်မာ တို့ဟာ ခရိုန် နဲ့ [...]
That’s Our Bamar (19)
ကျောက်စာ ထဲက ပုဂံ (၁) သိတော် မူကြ တဲ့ အတိုင်း ပုဂံ ခေတ် ဆိုတာ တုတ်ထမ်း ပြော ရလောက်အောင် တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ် ဆန်းခဲ့ ကြတာ နှစ်ပရိစ္စေတ ကြာခဲ့ ပါပြီ။ ဒါကြောင့် ကုလား လိုခန့်ညားအောင် အရိမဒ္ဒ နပုရ၊ မြန်မာ လို ရန်မျိုး နှိမ် မြို့ တော်၊ မွန်လို ပေါကာမ်၊ ပုကာမ်၊ ဗုကာမ်၊ ထွန့်ထွန့်လူး အောင်ပူတဲ့ အရပ် လို့ဆိုတဲ့ တတ္တဒေသ၊ သျှင်ဒီသာ ပြာမုက် ရဲ့ အလို အရ ကြေးနိုင်ငံ လို့ ဆိုတဲ့ တမ္ဗ ဒီပ၊ နာမည် တွေတလှေ [...]
Life Cycle (7)
ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၇) ဆေးဖိုးဝါးခ နှင့် လူနာ ခေတ်သစ် ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် ပုဂ္ဂလိက ကုသရေး လုပ်ငန်း များမှာ ကုန်ကျ စရိတ် အားလုံးကို နောက်ဆုံး သုံးစွဲသူ (End User) ဖြစ်တဲ့ လူနာ ကခါးစည်း ကျခံ ရမယ်။ ငွေကုန် ကြေးကျ မခံ နိုင်ရင် ကောင်းမွန် ထိရောက်တဲ့ ဆေးဝါး ကုသ မှုကို မျက်မွှေး ထော်လို့ တောင်မော် မကြည့် လေနဲ့ ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ ယနေ့ ကမ္ဘာရဲ့  ရင်နင့် ဖွယ် အမှန် တရား တစ်ခု ပါပဲ။ ငွေမရှိ [...]
That’s Our Bamar (18)
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ စတုထ္တပိုင်း ခေတ်ပညာတတ် မြန်မာ များ၏ မြန်မာ သမိုင်းကျမ်းများ ၁၉၂၀ ပြည့်နှစ် လောက်က စလို့ မျိုးချစ် စိတ်ဓါတ် ရှိတဲ့ ခေတ်ပညာတတ် မြန်မာ လူငယ် တွေပေါ်ထွန်း လာပါတယ်။ အမျိုးသားစိတ် နိုးကြားတဲ့ အခါ သမယ ကြီးဖြစ်လို့မို့ နိုင်ငံခြားသား အထူး သဖြင့် အင်္ဂလိပ် ရေးတဲ့ မြန်မာ ရာဇ၀င် ကျမ်း တွေမှာ ပါတဲ့ ကလိတိတိ၊ စော်ကား မော်ကား အရေး အသား တွေအပေါ် မခံ မရပ် နိုင်အောင် စိတ်ဆိုး ဒေါသ ထွက်ကြတယ်။

