By Juan on June 24, 2008
ကုန်းဘောင်ခေတ်မှာ ထူးခြားတဲ့ အကြောင်း ခြင်းရာ တစ်ခုကတော့ မင်းဝတ် ဘုရားဆင်းတုများ တည်ထား ကိုးကွယ် လာခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရင်တွေ လှူဒါန်း ကိုးကွယ်တဲ့ ဘုရား ဆင်းတုတော် တွေဟာ မင်းမြှောက်တန်ဆာ ငါးပါး ဆင်ယင် ထားတဲ့ မင်းဝတ် ဘုရား ဆင်းတုတော်တွေ ဖြစ်နေ တတ်တယ်။
Posted in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား | Tagged သမိုင်း
By Juan on June 23, 2008
တရုတ်နိုင်ငံ တောင်ပိုင်းက နေနန်ကျောင်နဲ့ မွန်ဂို နှိပ်စက်လို့ ပြေးလာ ကြရင်း၊ ရေကြည်ရာ မြက်နုရာမှာ အခြေချကြ ရာက ဗမာ ဖြစ်လာတယ် ဆိုတဲ့ သမိုင်း ယူဆချက်ကို ကျွန်တော်တို့ မြန်မာတွေ အင်မတန် နားခါးတယ်။ ကိုယ့်အမျိုး ကိုယ့်အဆွေကို အောက်ခြေ လွတ်အောင် မဟားတရား မြှောက်ပင့် ပေးရာမှာ ထူးချွန်လှတဲ့ အတွက် သကျသာကီဝင် မင်းမျိုးတွေ တကောင်း ရောက်ရာက မြန်မာမျိုး စခဲ့တယ် ဆိုပြီး ဘုရားနဲ့ အတင်းအဓမ္မ ဆွေမျိုးစပ်ရတာမျိုးကို သိပ် သဘော ခွေ့တာပေါ့။
Posted in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား | Tagged သမိုင်း
By Juan on June 20, 2008
“တကောင်း အဘိရာဇာ ဒို့ ဗမာ သာကီမျိုး ဟာမို့၊ မညှိုးဂုဏ်တေဇာ” ဆိုပြီးတော့ ရေးတဲ့ သူကလည်း ရေး၊ ဆိုတဲ့ သူတွေ ကလည်း အားပါးတရ ဆိုခဲ့ကြတယ်။ ဇာတိသွေး၊ ဇာတိမာန်ကို တက်ကြွ စေတယ် ဆိုတာ ကောင်းတာပေါ့။ သို့သော် တကယ်တမ်း မှာတော့ အလိုလို နေရင်း သွေးနထင် ရောက်ပြီး ဘ၀င် လေဟပ်တဲ့ အယူအဆ မျိုးတွေပဲ ဖြစ်လာခဲ့တယ်။ တကယ်တော့ ရှေးဗမာ တွေဟာ ဆင်းရဲတယ်၊ ရိုးသားတယ်၊ ရှေး အစဉ်အလာ ပါရာဒိုင်း ဘောင်အတွင်းမှ ရုန်းထွက် ခြင်းငှာ မစွမ်းသာ လောက်အောင် နာခံ သေ၀ပ် တတ်တယ်။ တင်းတိမ် ရောင့်ရဲ ကြတယ်။
Posted in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား | Tagged သမိုင်း
By uThant on June 15, 2008
အမြင်နီးသော်လည်းခရီးဝေးရခြင်း
ဆရာမနိုင်
ကုန်လွန်ခဲ့ ပြီးသော ၂၀ ရာစုကို ဆေးပညာနှင့် ပါတ်သက်သော တိုးတက်မှု သမိုးမှတ်တိုင်များ တစ်ခုပြီး တစ်ခု စိုက်ထူ နိုင်ခဲ့သည့် ရာစုနှစ်ဟု ဆိုကြ၏။ ဆေးလောကမှ စွန့်ဦး တီထွင် ပုဂ္ဂိုလ်တို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းမှုများကြောင့် ရှေးယခင်က လူသား တို့၏ သေမင်းများ ဖြစ်ကြသော၊ ကုရာနတ္ထိ ဆေးမရှိ ခဲ့သော ကမ္ဘာ့ ကပ်ရောဂါဆိုးကြီးများ နိဂုံး ချုပ်ခဲ့ ရသည်။ ကပ်ရောဂါ တို့၏ မူလအစ၊ ကပ်ရောဂါဆိုးတို့ကို မျိုးစေ့ ချပေးသော ရောဂါ ပိုးများ၊ လူ့ ခန္ဓာကိုယ်တွင် ရောဂါ ပိုးမျိုးတို့၏ အလုပ်လုပ်ကြပုံများ၊ ရောဂါ၏ လက္ခဏာ ကြီးငယ်များ၊ ဆေးဝါးများ၊ ကုထုံး အသွယ်သွယ် တို့အား လေ့လာ ရင်းဖြင့် [...]
Posted in ကျန်းမာရေး | Tagged ကျန်းမာရေး
By uThant on May 29, 2008
“ကမ္ဘာကျော် ဆရာဝန်ကြီး တွေရဲ့ ဒီ သုတေသန တွေ့ရှိချက်တွေ အရ အခု ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဆေးဟာ အခြား မျိုးတူ ဆေးတွေထက် အပြတ်အသတ် သာပြီး ဘေးထွက် ဆိုးကျိုး လုံးဝ မရှိတာ အခု ဆရာကြီး မျက်မြင် ကိုယ်တွေ့ ပါပဲခင်ဗျ”
စာရွက် စာတမ်းများကို ပြရင်း ပါးစပ်က ပေါက်ပေါက် ဖောက်သလို စကားကို တရစပ် မပြတ်တမ်း ပြောနေသော ဆေးကုမ္ပဏီမှ အရောင်း တာဝန်ခံကို သူ ငေးကြည့် နေမိသည်။ ဆေးတက္ကသိုလ်မှ ကျောင်းပြီး ခါစ ဆရာဝန်ငယ်လေး၊ နုပျိုမှု တက်ကြွ လန်းဆန်းမှု၊ လူငယ်တို့၏ မာန်၊ ဒါတွေကို သူ့မျက်နှာမှာ အတိုင်းသား မြင်နေရသည်။ ဆေးကျောင်းမှာ တုန်းက [...]
Posted in ကျန်းမာရေး | Tagged ကျန်းမာရေး
By uThant on February 1, 2008
တူဖြစ်ရင်နှံ၊ ပေဖြစ်ရင်ခံ
(၁)
လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်း နိမ့်ကျ အောင် ပြောင်လှောင် စော်ကား ခြင်းသည် လွန်စွာမှ မခံ မရပ် နိုင်ဖွယ် ကိစ္စ ဖြစ်သော်လည်း ဖော်ကျူနေတို အား ကျွန်ုပ် အကြိမ်ကြိမ် အခါခါ သည်းညည်း ခံခဲ့ ပါသည်။ သို့သော် သည်းခံခြင်း ကား အတိုင်း အတာ တစ်ခု အထိသာ။ ဆွေစဉ် မျိုးဆက် အမြတ် တနိုး ဂုဏ်ယူ ခဲ့ကြရသော ကျွန်ုပ်၏ မျိုးရိုး အမည် နာမ ကို နှိမ့်ချ ပြက်ရယ်ပြု စော်ကား လာသည့် အခါ မတော့ ဒင်း အပေါ် သည်းခံ နိုင်စွမ်း ကုန်ဆုံး ခဲ့ချေ ပြီ။ လက်တုံ့ [...]
Posted in ဘာသာပြန် | Tagged Features, ဘာသာပြန်
Page 18 of 18« First...10«1415161718
Recent Comments