By သင့်လူ on June 7, 2009
ကော့စ်နှင့် နော့ရော့ပ်ထွန်းညှိလိုက်သော အလျူမီနီယံ မီးအိမ်သုံး ဟေလိုဂျင်မီးများကြောင့် ထိုနေရာဒေသသည် နေ့လည်ခင်းအလား ထိန်ထိန်လင်းသွား၏။ ထိုအချိန်ကျမှ သုံးယောက်သားရောက်သွားသည့် နေရာမှာ သင်္ဘော၏ မီးဖိုခန်းဖြစ် ကြောင်း သူတို့သဘောပေါက်သွားကြသည်။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်
By သင့်လူ on June 4, 2009
ဆုန်ကရမ် ရဲ့ အရုဏ်ဦး
ပျော်သည်။ ကျောင်းပိတ်ပြီ။ မက်ခရို ဘောဂဗေဒ နှင့် အသုံးချ သင်္ချာသင်တန်းများပြီးဆုံး၍ အကြိုသင်တန်း၏ နောက်ဆုံးဘာသာရပ်ဖြစ်သော မိုက်ခရို ဘောဂဗေဒ သင်တန်းမစမှီ ဆုန်ကရမ်ခေါ် ထိုင်းသင်္ကြန်ပွဲတော်နှင့် တည့်တည့် တိုးမိသဖြင့် ကျောင်းသုံးပါတ်ပိတ်ရသည်။ စိတ်လွတ်ကိုယ်လွတ် အနားယူလိုက်မဟဲ့လို့ အကြံကြီး ကြံခဲ့ သော်လည်း ကျောင်းပိတ်ပြီး ၄၈ နာရီ အတွင်း ထိနမိဒ္ဓ ကသူ့ကို လွှမ်းမိုးအနိုင်ယူသွားခဲ့သည်။ ဘန်ကောက်၏ လမ်းမ များကား ခြောက်သွေ့လှပါဘိ။ ဘဇာ ကြောင့်နည်း။ အကြောင်းရင်းကို စောကြောဆန်းစစ်မိသောအခါ- မြို့ ကြီးသား တို့ကား အားလပ်ရက်အတွက် နိုင်ငံတွင်း၊ ပြင် အပန်းဖြေခရီးများ ကိုယ်စီကိုယ်ဌ ထွက်တော်မူနေကြရာ ဘယ်ခရီးမှ မထွက်နိုင်သော သူ့လိုလူမျိုးများသာ ဆုန်ကရမ် သင်္ကြန်ရက်အတွင်းဘန်ကောက်တွင် ငေါင်းစင်းစင်း ငုတ်တုတ် [...]
Posted in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ | Tagged မှတ်မှတ်ရရ
By သင့်လူ on May 26, 2009
ပစ်သည် စိတ်ဓါတ်မကျအောင် ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်အားပေးနေရ၏။ ဒီလို ဆိုးလှသောရာသီဥတုရှိသည့် နေရာ မျိုးတွင် တစ်စုံတစ်ခုကိုရှာဖွေရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ထက် ဆိုးကြောင်း သူကောင်းကောင်း သိပါသည်။ နှစ်ပေါင်း ၁၅ဝ အတွင်းဤတစ္ဆေ သင်္ဘောကြီးကို ရေခဲမှုန်များ မည်ရွေ့ မည်မျှ ဖုံးအုပ်ဖျက်ဆီးပြီးပြီကို မသိနိုင်။ အနည်းဆုံး ဂိုက်တစ်ရာခန့် ရေခဲပြင်တွင်းနစ်မြှုပ်နေပြီဟုသာ အကြမ်းဖျင်းခန့်မှန်းရ၏။ ပစ်သည် ဝင်ရိုးစွန်းမုန်တိုင်းကို အခြေစိုက်စခန်းအဖြစ် သတ်မှတ်၍ နှစ်မိုင်ပါတ်လည်အတွင်းစတင်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်
By သင့်လူ on May 16, 2009
ဗိုလ်ချုပ်ကြီးဆန်ဒက်ကာ ထံမှ ကပ္ပတိန် ဂယ်လက်စပီးထံသို့ ခရီးစဉ် ဆိုင်းငံ့ထားရန် အကြောင်းကြားချက်ရောက်ရှိ လာချိန်တွင် ဝင်ရိုးစွန်းမုန်တိုင်းသည် သိပ္ပံပညာရှင်များကိုတင်ဆောင်၍ အန္တာတိက ပနင်ဆူလာမှ ဝက်ဒယ်လ် ပင်လယ် ကိုဖြတ်ကျော်နေချိန်ဖြစ်၏။ သို့နှင့် ကပ္ပတိန် ဂယ်လက်စပီးသည် ဝင်ရိုးစွန်းမုန်တိုင်းအား ပရင့်စ်အိုလက်ဗ် ကမ်းခြေသို့ ဦးတည်မောင်းနှင်စေသည်။ ထိုနေရာရှိ ဆယိုဝါ ဂျပန်သုတေသန စခန်းတွင်သင်္ဘောကို ရပ်နားပြီး နောက်ထပ် ညွှန်ကြားချက်ကိုစောင့်ရန် ဖြစ်၏။ ဂယ်လက်စပီးသည် အင်ဂျင်နီယာချုပ်အား သင်္ဘောကို စက်ကုန်ဖွင့် မောင်းခိုင်း၏။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်
By admin on May 14, 2009
လေးစားအပ်တဲ့ စာဖတ်သူ မိတ်ဆွေ အပေါင်းတို့ ခင်ဗျား။ ဟိရိသြတ္တပ္ပကို http://hitiautatpa.co.cc မှ http://www.hiriautatpa.com သို့ ပြောင်းလဲ လိုက်ပြီ ဖြစ်ကြောင်း အသိပေး ကြေငြာ အပ်ပါတယ်။ URL redirect လုပ်ပြီး ဖြစ်လို့ http://hiriautatpa.co.cc ကို လာမိရင်လည်း http://www.hiriautatpa.com ကိုဘဲ ရောက်လာမှာ ဖြစ်တဲ့အတွက် စာဖတ်သူများ အနေနဲ့ အထွေအထူး ပြောင်းစရာ မလိုဘူး ဆိုပေမယ့် Internet Explorer, Firefox, Chrome, Opera အစရှိတဲ့ browser အသီးသီးမှာ bookmark / favourite အနေနဲ့ မှတ်ထား ခဲ့ရင် URL ကို http://www.hiriautatpa.com ကို ပြောင်းလဲ မှတ်သားပေးဖို့ တောင်းဆို အပ်ပါတယ်။ [...]
Posted in ဘာဘာညာညာ
By သင့်လူ on May 14, 2009
ကျောက်ကုလားထိုင်ကိုယ်စီဖြင့် ထိုင်နေကြသော မံမီရုပ်အလောင်းကောင် နှစ်ဆယ်တိတိ ဖြစ်တော့သည်။ မံမီ အလောင်းနှစ်ခုက အနည်းငယ်ပိုမြင့်သော ကျောက်ကုလားထိုင်များပေါ်တွင် ရှိပြီး အခန်းအပေါက်ဝကို မျက်နှာချင်း ဆိုင်ထားသည်။ ကျန်ဆယ့်ရှစ်လောင်းကို အခန်းထဲတွင် မြင်းခွာပုံ ညီညီညာညာ စီစီရီရီ နေရာချထားသည်ကို တွေ့ကြ ရသည်။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်
By သင့်လူ on May 10, 2009
ဂျီယိုဒီနိုကတော့ မောပန်း ပုံမပေါ်ပါ။ ကျားကိုးစီး စားမကုန်အောင် တုပ်ခိုင်သည့် သူ့ခန္ဓာကိုယ်ကြီးနှင့် မလိုက်အောင်ပင် ပေါ့ပါးဖျတ်လတ်စွာ လှုပ်ရှားနေ၏။ ရူဒီဂန်းကလည်း မခေလှပါ။ ဂန်းသည် တတ်နိုင်သလောက် အန္တရာယ်ကို ရှောင်ကွင်းချင်သော သဘောရှိသော်လည်း မတတ်နိုင်သည့်အဆုံး အပြုံးမပျက်အန္တရာယ်နှင့် ရင်ဆိုင်နိုင်သူဖြစ်၏။ ပိန်ပိန် ပါးပါး သေးသေး ကွေးကွေး သူ့ခန္ဓာကိုယ်လေးက ထင်သည်ထက်ပိုမာကြော၏။ ထို့ကြောင့်လည်း ဤခရီးကို တစ်ချက်မငြီးပဲ ဂျီယိုဒီနို နောက်မှ လိုက်လာနိုင်၏။ ကိုက်နှစ်ဆယ်လောက်ခရီးပေါက်ပြီးတိုင်း တစ်ခါနား၍ သူ့မျက်မှန်ထူကြီး တွင်တွယ်ငြိလာ သောရေငွေ့များကို သုတ်ပစ်နေရတာ တစ်ခုပဲရှိသည်။
Posted in ဘာသာပြန်, အတဿတလန်တစ်ရှာပုံတှော | Tagged ဘာသာပြန်
Recent Comments