အတဿတလန်တစ် ရှာပုံတှော (၄၁)
မိန်းမ တစ်ယောက်၊ ရက်ရက်စက်စက် လှသည့် မိန်းမတစ်ယောက်၊ သို့တည်းမဟုတ် သက်ရှိထင်ရှားရှိစဉ် တချိန် တခါဆီက အလှကြီး လှခဲ့ဖူးသည့် မိန်းမ တစ်ယောက်၊ သူ့ကို မျက်လုံးပြာကြီးများဖြင့် စိုက်ကြည့်နေသည်။ အနားစများဖွာထွက်နေသည့် ကိုယ်ကျပ်ဝတ်စုံနက် ကိုဝတ်ဆင်ထားပြီး လက်များဆန့်ထွက်ကာ အသက် ကုန်ဆုံးနေသော ထိုမိန်းမပျိုသည် အမွှေးများထောင်နေသော ကြောင်ကြီးတစ်ယောက်နှင့်တောင် တူနေသေး တော့သည်။ လက်တစ်ဖက်သည် တံတောင်ဆစ်မှ ပြတ်ထွက်နေ၏။ ရွှေရောင်ဆံနွယ်တို့သည် ရေထဲတွင် တလွင့်လွင့်။ နှုတ်ခမ်းနှစ်လွှာသည် စကားဆိုတော့မည့်နှယ် မပွင့်တပွင့်။
500 days in Dvaravati (20)
အရူးကတမူးသာ (၂) ၁၉၇ဝ နှောင်းပိုင်း ပရင်စတန်တကဿကသိုလ်တွင်တော့ ဂျွန်နက်ရှ်သည် အလွန်တရာနာမည်ကြီးသူ ဖြစ်နေလေပြီ။ လူတိုင်း က ပရင်စတန် သခဿင်ာဋဿဌာန၏ ကျောက်သင်ပုန်းမည်းကြီးပှေါတွင် ညကြီးသန်းခေါင် သခဿငျာညီမျှခြင်းများ ထထရေးတတ် သည့် ဂျွန်နက်ရှ်အကြောင်းကို ဒဏဿဍာရီထဲက ပုံပြင်တစ်ပုဒ်နှယ် ပြောဆိုနေကြ၏။ ၁၉၇၈ ခုနှစ်တွင် နက်ရှ် အီကွီ လီဘရမ်ရှာဖွေတွေ့ရှိမှုကို အကြောင်းပြု၍ ဗွန်နျူမန်းဆုကို ရ၏။
500 days in Dvaravati (19)
အရူးက တမူးသာ (၁) ကျောင်းပြန်ဖွင့်၍ သင်တန်းသစ်တက်ရပြန်လေပြီ။ ဒီတစ်ခေါက် အလှည့်ကျ အသုံးတှောခံ ရမည့်ဘာသာက မိုက်ခရို အီကှောနောမစ် ဖြစ်၏။ သင်တန်းတာဝန်ခံက တွဲဖက်ပါမောကဿခ ဒေါက်တာဂျွန် အမည်ရှိ မျက်မှန်ထူထူ၊ ဆံပင်တိုတို နှင့် အမြဲပြုံးနေတတ်သော ဆရာမ ဖြစ်၏။
အတဿတလန်တစ် ရှာပုံတှော (၄ဝ)
“ရေအောက်ကြမ်းပြင်အထိ ပေတစ်ရာ့ခြောက်ဆယ် နက်တယ်” အီရာကော့စ်က ရေခဲပြင်မှ ယူဘုတ်နစ်ဝင်သွားသည့် အပေါက်ကြီးကို ငေးကြည့်ရင်းပြောလိုက်သည်။ “ခင်ဗျားတကယ် ရေအောက်ကိုဆင်းချင်တာလား မစဿစတာပစ်”
အတဿတလန်တစ် ရှာပုံတော် (၃၉)
နံပါတ်လေးသည် ဂူထဲသို့ လှိမ့်ဝင် လာသည်။ နံပါတ်ငါးက သူ့နောက်မှ မတ်တပ် ရပ်လျှက်။ ဓါတ်မီး များဖြင့် ဟိုရမ်း ဒီရမ်း၊ သေနတ် များကိုလည်း ပစ်ခတ်ရန် အသင့် အနေအထားဖြင့် မောင်းတင် ထားကြသည်။
အတဿတလန်တစ် ရှာပုံတော် (၃၈)
နံပါတ်တစ်သည် လက်နှိပ်ဓါတ်မီး အလင်းရောင် အားကိုးဖြင့် ပိန်းပိတ်အောင် မှောင်သည့် လှိုဏ်ဂူ ထဲသို့ သတိကြီးစွာ ဝင်ရောက် သွားသည်။ လှိုဏ်ဂူထဲ ရောက်သည်နှင့် သေနတ်ကို အသင့် ပစ်ခတ်ရန် အနေအထားသို့ ပြောင်းလဲ လိုက်သည်။ လက်နှိပ်ဓါတ်မီး အလင်းရောင် အောက်တွင် သူ မြင်ရသည်ကား အရိုးစုတစ်ခု၊ ဟောင်းနွမ်းစုတ်ပြတ် နေသော ပရိဘောဂ အချို့ နှင့် နံရံ တစ်ဖက်တွင် ထူထပ်စွာ ဖုံးအုပ်ထားသော ပင်လယ်ရေမှော်များသာ။
အတ္တလန်တစ် ရှာပုံတော် (၃၇)
“ဘယ်လောက်ကြာမယ်တဲ့လဲ ရူဒီ” ဂျီယိုဒီနိုသည် ရူဒီဂန်း၏ မျက်နှာရိပ်မျက်နှာကဲ ကိုကြည့်ရင်းမေးလိုက်သည်။ တကယ်တော့ သူသည် အဆိုးဆုံးအခြေအနေကို မျှော်လင့်ထားပြီး ဖြစ်၏။ “အမြန်ဆုံး နှစ်နာရီတဲ့” “ဒီလူသတ်သမား တပ်ဖွဲ့ဟာ ကျုပ်တို့ဒီမှာ ရှိမှန်း ဘယ်လိုလုပ်သိသွားသလဲ ရူဒီ”
အတ္တလန်တစ် ရှာပုံတော် (၃၆)
“ဒီ ဒတ်ပစ်ဆိုတဲ့ ငနဲဟာ မွေးကတည်းက ပလ္လင်ဖင်ကပ် ပါလာတဲ့ကောင်စားမျိုး၊ ရွေးလိုက်တိုင်းအကောင်းချည်းရတဲ့ အကောင်ပဲ” ဂျီယိုဒီနို သည် ပွစိပွစိလုပ်နေ၏။ “ဒီမယ် ရူဒီ၊ ဒီအကောင်ဟာ ခုလောက်ရှိ ဝင်ရိုးစွန်းမုန်တိုင်း သင်္ဘောပေါ်က အကောင်းစားအိပ်ခန်းထဲမှာ တောင့်တောင့်ဖြောင့်ဖြောင့် အဏ္ဏဝါဗေဒ ပညာရှင် ကောင်မလေး တစ်ယောက်ယောက်နဲ့ ဖက်ကို အိပ်နေရမယ်ဗျာ၊ ခင်ဗျားနဲ့ ကျုပ် တစ်ရာကြေး လောင်းမလား”


Recent Comments