Features
500 days in Dvaravati (4)
ဒွါရာဝတီမှာရက်ငါးရာ (၄) နောက်ဆံငင် သော ရက်စွဲများ အတွေး အာရုံ ထဲ၌သာ ကျင်လည် ကျက်စားခဲ့သည့် မပီဝိုးတ၀ါး နိုင်ငံခြား ပညာတော်သင် ခရီးသည် တဖြည်းဖြည်း ပီသ ကြည်မြ လာလေလေ၊ သူ့စိတ်က နောက်ဆံငင်လာ လေလေ။ သူ့တွင် နှောင်ကြိုးတစ်မျှင် ရှိနေ သည်ကော။ ထိုနှောင်ကြိုး နှင့်သူ၏ တွယ်ငြိ ထုံးဖွဲ့ မှုအတိုင်းအတာ က အချိန်ကာလ သက်တမ်း အရ ဆိုလျှင် ရည်းစားသက် ကိုးနှစ်၊ အိမ်ထောင်သက် သုံးနှစ် ပေါင်း ၁၂ နှစ်မျှသော မာရသွန် ကာလရှည်ကြီး။
That’s Our Bamar (23)
သမိုင်း ထဲက မြန်မာ ပြည်သား (၂၃) ကျောက်စာ ထဲက ပုဂံ (၅) ဣမ်တ၀်သျှင် (၁၁၆၃- ၁၁၆၅ အေဒီ) ဣမ်တ၀်သျှင် ဆိုတာ အီဂျစ်မှာ ဘုရင် ကို အိမ်ကြီးရှင် လို့ အဓိပ္ပါယ် ရတဲ့ ဖာရိုး (Pharaoh) လို့ခေါ်သလို၊ ပထမ အင်းဝ ခေတ်နှောင်းက ဘုရင် ကိုရွှေနန်းကျော့ရှင် လို့ခေါ်ခဲ့သလိုမျိုး အိမ်တော် သခင် ရွှေနန်းရှင် ဆိုတဲ့ အဓိပ္ပါယ် နဲ့ခေါ်ဆို တာပါ။ ရာဇ၀င်ကျမ်း များ အလိုအရ နရသူရ ခေါ် နရသူ ခေါ် ကုလားကျ မင်းဖြစ်ပါတယ်။
500 days in Dvaravati (3)
ဒွါရာဝတီမှာရက်ငါးရာ (၃) နဂါးဖမ်း ပညာ တကယ်တမ်း နဖူးတွေ့၊ ဒူးတွေ့ စာမေးပွဲ ဖြေရန် ပြင်ဆင် ရသောအခါ သူ ဒုက္ခ ရောက်တော့၏။ ရေမရော သည့် နိုင်ငံခြား မဟာဘွဲ့ အဟုတ် တကယ် ဖြစ်ရိုးမှန် သော်လည်းသူမျှော်လင့် စောင့်စား နေသည့် ပြည်သူ့ ကျန်းမာရေး ဆေးပညာ မဟာဘွဲ့ မဟုတ်၊ ကျန်းမာရေး ဘောဂဗေဒ မဟာသိပ္ပံဘွဲ့ Master of Science in Health Economics ဆိုပဲ။ ရုပ်မြင်သံကြားမှ လာသော ဂန္တလရာဇ်နှင့် ဂျိုဆောင် အရှေ့တိုင်း ဇာတ်လမ်းတွဲ တွေမှာ မကြာခဏ ဘာသာ ပြန် ရေးထိုးလေ့ ရှိသည့် သူတို့ မြန်မာတွေ မပြောသော မြန်မာစကား [...]
500 days in Dvaravati (2)
ဒွါရာဝတီမှာရက်ငါးရာ (၂) အခြေသတင်း ကြီးသည့် ရွှေမင်းသမီး “ဆရာ့ကို ကျွန်တော် မထောက်ခံနိုင်ဘူးဗျာ၊ လက်မှတ် လည်း ထိုးမပေး နိုင်ဘူး” ဟဲ့-ပလုပ်တုတ်၊ အသာလုပ်ပါ၊ ဘယ့်နဲ့ ဖြစ်ရ တာတုန်း။ ပြည်သူ့ ကျန်းမာရေး ဆေးပညာ မဟာဘွဲ့  အတွက် ဘွဲ့ လွန် ၀င်ခွင့် စာမေးပွဲ ဖြေဆိုရန် စာရွက် စာတမ်းများ အသင့် ပြင်ဆင်ပြီး ဌာန အကြီးအကဲဖြစ်သူ ပါမောက္ခ၊ ဌာနမှုး ၏ ထောက်ခံစာ တောင်းခံရန် နှင့် လျှောက်လွှာ များမှာ လက်မှတ် ထိုးရန် ၀မ်းသာအားရအသွား ပါမောက္ခ၏ စကား ကြောင့် သူ ခေါင်းနဘမ်း ကြီးသွား၏။
500 days in Dvaravati (1)
ဒွါရာဝတီမှာရက်ငါးရာ (၁) နိဒါန်း၏အစ သူ ရင်တွေ ခုန်နေ၏။ အသက်ရှု လည်း မြန်နေ၏။ ကိုင်ထားသော ဖက်စ်စာရွက် ကလေးကို ဘယ်နှစ်ခါ မြောက်မှန်း မသိ ပြန်ဖတ် ကြည့်နေမိ၏။ စာရွက်ပါ အချက်အလက် များက တစ်ခေါက် ဖတ်လျှင် တစ်ခါ ပြောင်းလဲ သွားမည်ကို စိုးရိမ် နေသည့် အလား။ တကယ်တော့လည်း ဖက်စ်မှာ ပါသည်က စာတစ်ကြောင်း မျှသာပါ။ သူ့အမည်၊ ဖြေဆို ခဲ့သော စာမေးပွဲ ခုံအမှတ်နှင့် နှုတ်မေးစာမေးပွဲ ဖြေဆိုရန်ရက်စွဲ၊ သို့သော် ထိုစာတစ်ကြောင်း သည်ပင် သူ့ဘ၀အတွက် မျှော်လင့်ချက်၊ တစ်နည်း အားဖြင့် ဘ၀တစ်ဆစ် ချိုးစေမည့် အပြောင်းအလဲကြီး တစ်ခု၏ မူလအစပင် ဖြစ်တော့သည်။ ===================================
Revenge
တူဖြစ်ရင်နှံ၊ ပေဖြစ်ရင်ခံ (၁) လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်း နိမ့်ကျ အောင် ပြောင်လှောင် စော်ကား ခြင်းသည် လွန်စွာမှ မခံ မရပ် နိုင်ဖွယ် ကိစ္စ ဖြစ်သော်လည်း ဖော်ကျူနေတို အား ကျွန်ုပ် အကြိမ်ကြိမ် အခါခါ သည်းညည်း ခံခဲ့ ပါသည်။ သို့သော် သည်းခံခြင်း ကား အတိုင်း အတာ တစ်ခု အထိသာ။ ဆွေစဉ် မျိုးဆက် အမြတ် တနိုး ဂုဏ်ယူ ခဲ့ကြရသော ကျွန်ုပ်၏ မျိုးရိုး အမည် နာမ ကို နှိမ့်ချ ပြက်ရယ်ပြု စော်ကား လာသည့် အခါ မတော့ ဒင်း အပေါ် သည်းခံ နိုင်စွမ်း ကုန်ဆုံး ခဲ့ချေ [...]

