ဘာသာပြန်
အတ္တလန်တစ် ရှာပုံတော် (၃၆)
“ဒီ ဒတ်ပစ်ဆိုတဲ့ ငနဲဟာ မွေးကတည်းက ပလ္လင်ဖင်ကပ် ပါလာတဲ့ကောင်စားမျိုး၊ ရွေးလိုက်တိုင်းအကောင်းချည်းရတဲ့ အကောင်ပဲ” ဂျီယိုဒီနို သည် ပွစိပွစိလုပ်နေ၏။ “ဒီမယ် ရူဒီ၊ ဒီအကောင်ဟာ ခုလောက်ရှိ ဝင်ရိုးစွန်းမုန်တိုင်း သင်္ဘောပေါ်က အကောင်းစားအိပ်ခန်းထဲမှာ တောင့်တောင့်ဖြောင့်ဖြောင့် အဏ္ဏဝါဗေဒ ပညာရှင် ကောင်မလေး တစ်ယောက်ယောက်နဲ့ ဖက်ကို အိပ်နေရမယ်ဗျာ၊ ခင်ဗျားနဲ့ ကျုပ် တစ်ရာကြေး လောင်းမလား”
အတ္တလန်တစ် ရှာပုံတော် (၃၅)
ထွက်ခွာစပြုနေပြီဖြစ်သော ဝင်ရိုးစွန်းမုန်တိုင်းကို စက်သေနတ်ဖြင့်နောက်မှ သည်းကြီးမည်းကြီးလိုက်လံပစ်ခတ် နေသော ယူ ၂ဝ၁၅ မှာခွေးရူးတစ်ကောင်နှယ် ဂမူးရှူးတိုးဖြစ်နေ၏။ စက်ရှိန်ရလာသည်နှင့် အမျှ ဝင်ရိုးစွန်းမုန်တိုင်း နှင့် ရေငုတ်သင်္ဘောမှာ တဖြည်းဖြည်းအလှမ်းကွာလာသည်။ စက်သေနတ်ကျည်ဆန်များမှာလည်း သင်္ဘောကိုယ်ထည်ကို ထိမှန်ရမည့်အစား ရေထဲသို့သာ အကျများလာသည်။ သို့သော်လည်း ကျည်ဆန်တစ်ခုက သင်္ဘော၏ ရေဒါနှင့် ရေဒီယို တိုင်ကို ထိမှန်သွား၍ သူတို့ရင်ကျိုးရတော့သည်။
အတ္တလန်တစ် ရှာပုံတော် (၃၄)
အသက်ပြင်းပြင်း တစ်ချက် ရှုသွင်း လိုက်ပြီးနောက် ဒတ်ပစ်သည် ရေခဲပြင် ပေါ်တွင် ဖနောင့် နှင့် တင်ပါး တသားတည်း ကျအောင် သုတ်ခြေတင် တော့သည်။ တဖြောင့်တည်း ပြေးခြင်း မဟုတ်၊ မြွေလိမ် မြွေကောက်။ လွန်ခဲ့သည့် နှစ်ပေါင်း များစွာက လေတပ် သင်တန်းကျောင်း ဘောလုံးအသင်း နောက်တန်းသမား အဖြစ် ကစားခဲ့ စဉ်က လျှင်မြန်မှု မျိုးဖြင့် သူ ပြေးနေ၏။ ဒီတစ်ကြိမ်တော့ သူ တစ်ယောက်တည်း။
အတ္တလန်တစ် ရှာပုံတော် (၃၃)
ဒတ်ပစ်သည် မားမားကြီး ရပ်၍ နှင်းထုကဗ္ဗလာ ရေပြင်လွှာ ပေါ်တွင် မည်းမည်းကြီး ပေါ်နေသော ရေငုတ်သင်္ဘောကြီး ကို စိုက်ကြည့် နေသည်။ ကုန်းပါတ် ပေါ်မှ ဧရာမ စက်သေနတ်ကြီး နားတွင် သင်္ဘောသားများ အလုပ်ရှုပ် နေသည်ကို လည်းကောင်း။ ဦးပိုင်းမှ အမိန့်ပေး မျှော်စင်လေး ပေါ်မှ အရာရှိများ ဟစ်အော် ညွှန်ကြား နေသည်ကို လည်းကောင်း ရှင်းလင်း ပြတ်သားစွာ မြင်ရ၏။ ၄င်းတို့သည် တတိယ ဂျာမာန်နိုင်ငံတော်၏ နာဇီယူနီဖောင်းများအစား အနက်ရောင် ခေတ်မီ ကိုယ်ကျပ် ဝတ်စုံများဝတ်ဆင်ထားကြ၏။
အတ္တလန်တစ် ရှာပုံတော် (၃၂)
မုန်တိုင်းကို သယ်ဆောင်လာသော တိမ်မည်းညိုတို့ကင်းစင်သွားပြီး နောက်လေးနာရီအတွင်း ဟူးဟူးရားရား တိုက် ခတ်နေသောလေသည် ငြိမ်သွား၏။ ကော့စ်က မြေပြင်ပေါ်တက်၍ အလံဝါတစ်ခုကို ဝှေ့ယမ်းပြနေသည်။ ပစ်သည် မျက်စိ တစ်ဆုံး ကျယ်ပြောလှသည့် နှင်းထုကဗ္ဗလာထက်ဝယ် ပုရွက်ဆိတ်သာသာမျှသာ မြင်ရသည့် လူဆယ်ယောက် ကိုငေးကြည့်နေ၏။ သူတို့တဖြည်းဖြည်းနီးလာသောအခါ ဂယ်လက်စပီး ကိုယ်တိုင် ဦးဆောင်လာသည်ကို တွေ့ရသည်။ သူ့နောက်မှာတော့ ဂျာနယ်လစ် အီဗီတန်က ကပ်လိုက်လာ၏။
အတ္တလန်တစ် ရှာပုံတော် (၃၁)
ကော့စ်နှင့် နော့ရော့ပ်ထွန်းညှိလိုက်သော အလျူမီနီယံ မီးအိမ်သုံး ဟေလိုဂျင်မီးများကြောင့် ထိုနေရာဒေသသည် နေ့လည်ခင်းအလား ထိန်ထိန်လင်းသွား၏။ ထိုအချိန်ကျမှ သုံးယောက်သားရောက်သွားသည့် နေရာမှာ သင်္ဘော၏ မီးဖိုခန်းဖြစ် ကြောင်း သူတို့သဘောပေါက်သွားကြသည်။
အတ္တလန်တစ် ရှာပုံတော် (၃၀)
ပစ်သည် စိတ်ဓါတ်မကျအောင် ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်အားပေးနေရ၏။ ဒီလို ဆိုးလှသောရာသီဥတုရှိသည့် နေရာ မျိုးတွင် တစ်စုံတစ်ခုကိုရှာဖွေရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ထက် ဆိုးကြောင်း သူကောင်းကောင်း သိပါသည်။ နှစ်ပေါင်း ၁၅ဝ အတွင်းဤတစ္ဆေ သင်္ဘောကြီးကို ရေခဲမှုန်များ မည်ရွေ့ မည်မျှ ဖုံးအုပ်ဖျက်ဆီးပြီးပြီကို မသိနိုင်။ အနည်းဆုံး ဂိုက်တစ်ရာခန့် ရေခဲပြင်တွင်းနစ်မြှုပ်နေပြီဟုသာ အကြမ်းဖျင်းခန့်မှန်းရ၏။ ပစ်သည် ဝင်ရိုးစွန်းမုန်တိုင်းကို အခြေစိုက်စခန်းအဖြစ် သတ်မှတ်၍ နှစ်မိုင်ပါတ်လည်အတွင်းစတင်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
အတ္တလန်တစ် ရှာပုံတော် (၂၉)
ဗိုလ်ချုပ်ကြီးဆန်ဒက်ကာ ထံမှ ကပ္ပတိန် ဂယ်လက်စပီးထံသို့ ခရီးစဉ် ဆိုင်းငံ့ထားရန် အကြောင်းကြားချက်ရောက်ရှိ လာချိန်တွင် ဝင်ရိုးစွန်းမုန်တိုင်းသည် သိပ္ပံပညာရှင်များကိုတင်ဆောင်၍ အန္တာတိက ပနင်ဆူလာမှ ဝက်ဒယ်လ် ပင်လယ် ကိုဖြတ်ကျော်နေချိန်ဖြစ်၏။ သို့နှင့် ကပ္ပတိန် ဂယ်လက်စပီးသည် ဝင်ရိုးစွန်းမုန်တိုင်းအား ပရင့်စ်အိုလက်ဗ် ကမ်းခြေသို့ ဦးတည်မောင်းနှင်စေသည်။ ထိုနေရာရှိ ဆယိုဝါ ဂျပန်သုတေသန စခန်းတွင်သင်္ဘောကို ရပ်နားပြီး နောက်ထပ် ညွှန်ကြားချက်ကိုစောင့်ရန် ဖြစ်၏။ ဂယ်လက်စပီးသည် အင်ဂျင်နီယာချုပ်အား သင်္ဘောကို စက်ကုန်ဖွင့် မောင်းခိုင်း၏။

